Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများကြား အကြမ်းဖက်တိုက် ခိုက်မှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး (၅၄)ဦးသေဆုံး

ဂျန်ဇက် (NP News) - မေ ၇

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း မျိုးနွယ်စုများကြား အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနေတဲ့အတွက် မေလ ၇ ရက်အထိ အနည်းဆုံးလူပေါင်း ၅၄ ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ 

မဏိပူရပြည်နယ်အတွင်းရှိ အကြီးမားဆုံးတိုင်းရင်းသားမျိုးနွယ်စုဖြစ်တဲ့ Meitei အပေါ် အထူးအခွင့်အရေးများပေးခဲ့မှုနဲ့ပတ်သက်ပြီး ပြည်နယ်အတွင်းရှိ လူမျိုးများကြား အကြမ်း ဖက်တိုက်ခိုက်မှုများ ယခုသီတင်းပတ်အစောပိုင်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ မဏိပူရပြည်နယ်အတွင်းရှိ အခြားမျိုးနွယ်စုတွေဟာ Meitei လူမျိုးတွေအပေါ် စီစဉ်ထားတဲ့အထူးအခွင့်အရေးပေးမှုအပေါ် ပြီးခဲ့တဲ့ရက်ပိုင်းကဆန့်ကျင်ကန့်ကွက်ခဲ့ရာက အကြမ်းဖက်မှုများဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

Meitei  မျိုးနွယ်စုတွေဟာ အထူးအခွင့်အရေးအရ အစိုးရဌာနတွေမှာအလုပ်လုပ်ကိုင်ခွင့်၊ ကောလိပ်တက်ခွင့်၊ ကျေးရွာကောင်စီကနေ လွှတ်တော်ကိုယ်စားလှယ်နေရာအထိရွေး ကောက်ခံခွင့်စတဲ့အခွင့်အရေးများကို ရရှိမှာဖြစ်ကြောင်းသိရပါတယ်။ အိန္ဒိယအစိုးရဟာ မဏိပူပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လူမျိုးများကြား အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထိန်းသိမ်းနိုင်အောင်စစ်သားထောင်ချီစေလွှတ်ထားပြီး တရားဥပဒေစိုးမိုးရေးပြန်ဖြစ်အောင် လုပ်ဆောင်နေကြောင်းသိရပါတယ်။

အစိုးရတာဝန်ရှိသူများဟာ ပြည်နယ်တွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ထိန်းနိုင်ဖို့အင်တာနက်ဖြတ်တောက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပစ်မိန့်ထုတ်ပြန်ခြင်းစတဲ့ အမိန့်တွေကို လုပ်ဆောင်ထားကြောင်းသိရပါတယ်။လုံခြုံရေးအကြံပေးတစ်ဦးဖြစ်တဲ့ Kuldeep Singh က ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့မြို့တွေမှာ လုယက်မှုတွေ၊ မီးရှို့မှုတွေဖြစ်ပွားခဲ့ပြီး အိမ်အလုံးပေါင်း (၅ဝဝ)ကျော်နဲ့ ကားတွေ မီးရှို့ခံခဲ့ရကြောင်းပြောပါတယ်။ 

ဒါ့ပြင် ဘုရားကျောင်းတွေ၊ ကားတွေ၊ အိမ်တွေ၊ ပုထိုးတွေလည်းအကြမ်းဖက်တိုက်ခိုက်မှုတွေ့ကြုံခဲ့ရပြီး အနည်းဆုံးလူပေါင်း (၁ဝဝဝဝ)ကျော်နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းသိရပါတယ်။ ၎င်းက "မဏိပူရပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုကြောင့် ပြည်နယ်အတွင်းမှာအနည်းဆုံးလူပေါင်း ၅၄ ဦးသေဆုံးထားပြီး လူပေါင်း ၁ဝဝ ဒဏ်ရာရထားတယ်" လို့ပြောပါတယ်။

မဏိပူရပြည်နယ်ရဲချုပ်က ပြည်နယ်အတွင်းအကြမ်းဖက်မှု လုပ်ရပ်မှာပါဝင်ပတ် သက်တဲ့သူတွေကို တင်းကြပ်တဲ့အရေးယူ ဖမ်းဆီးမှုတွေလုပ်ဆောင်ဖို့ အမိန့်ထုတ်ပြန်ထားကြောင်း ပြောပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - မေ ၇







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

MSME လုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ်ထုတ်ကုန်ပြခန်းပေါင်း(၁၂ဝ)ကျော် ပါဝင်သည့် UMFCCI MSME Fair 2023 ပြပွဲစတင်ကျင်းပ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved