Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နာပိုလီအသင်းရဲ့ချန်ပီယံဖြစ်မှုအောင်ပွဲခံချိန်အတွင်း မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူ လုပ်ကြံသတ်ဖြတ်ခဲ့ရဟုဆို

ဂျန်ဇက် (NP News) - မေ ၇

မားဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားတစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အီတလီနိုင်ငံ နေပယ်မြို့မှာ ချန်ပီယံဖြစ်မှုအတွက် အောင်ပွဲခံချိန်အတွင်း လုပ်ကြံသတ်ဖြတ်ခံရကြောင်းသိရပါတယ်။

နာပိုလီအသင်းဟာ ပြည်တွင်း စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဆုကို နှစ်ပေါင်း ၃၃ နှစ်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ရယူနိုင်ခဲ့ပြီးနောက် နေပယ်မြို့သားထောင်ချီဟာ မြို့အတွင်း အောင်ပွဲခံပွဲများလုပ် ဆောင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါအောင်ပွဲခံချိန်အတွင်း မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူဟာ သေနတ်နဲ့လုပ်ကြံခံရခြင်းဖြစ်ပြီး အခြားသုံးဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရပါတယ်။ 

မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူ Vincenzo Costanzo ဟာ သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်ခတ်ခံရပြီး ဒဏ်ရာတွေရရှိခဲ့လို့ ဆေးရုံတင်ပို့ချိန်မှာသေဆုံးသွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါလုပ်ကြံမှုအတွင်း အသက် ၂၆ နှစ်အရွယ်ရှိ Vincenzo Costanzo ရဲ့ချစ်သူ နဲ့အခြားသူငယ်ချင်းနှစ်ဦးလည်း သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါတယ်။ ၎င်းဟာ ရာဇာဝတ်မှုမှတ်တမ်းများရှိခဲ့ဖူးသူဖြစ်ပြီး နေပယ်မြို့ရှိ မားဖီးယားဂိုဏ်းခေါင်းဆောင်ဖြစ်သူ Maurizio Costanzo ရဲ့သားဖြစ် ကြောင်း အီတလီမီဒီယာတွေကဖော်ပြပါတယ်။

ရာဇာဝတ်ဂိုဏ်းများကြားဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုတွေ၊ ပဋိပက္ခများနဲ့ဆက်နွယ်ပြီး လုပ်ကြံခံရခြင်းမျိုးဖြစ်ကြောင်း အီတလီမီဒီယာတွေကဖော်ပြပါတယ်။ နာပိုလီအသင်းဟာ စီးရီးအေပွဲစဉ် ၃၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၈ဝ ရရှိခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက် လာဇီယိုအသင်းကို ၁၆ မှတ်ဖြတ်ထားနိုင်တဲ့အ တွက် ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ လာဇီယိုအသင်းဟာ စီးရီးအေပွဲစဉ် ၃၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၆၄ မှတ်သာရရှိထားပြီး လက်ကျန်ပွဲစဉ် ၅ ပွဲစလုံးအနိုင်ရမယ်ဆိုရင်လည်း နာပိုလီအသင်းကို ကျော်ဖြတ်နိုင်ခြင်းမရှိတဲ့အခြေနေမျိုးရှိနေခဲ့ကြောင်းသိရပါတယ်။

နေပယ်မြို့တော်ဝန် Gaetano Manfredi က အဆိုပါပစ်ခတ်လုပ်ကြံမှုဟာ ဘောလုံးချန်ပီယံဖြစ်တဲ့အတွက် ပြုလုပ်ခဲ့တဲ့အောင်ပွဲခံအခမ်းအနားနဲ့တိုက်ရိုက်ဆက်နွယ်ခြင်းမရှိကြောင်း၊ အောင်ပွဲခံအခမ်းအနားကျင်းပမှုတွေကို အခွင့်ကောင်းယူပြီး လုပ်ကြံခြင်းမျိုးဖြစ်ကြောင်း ပြောပါတယ်။ နာပိုလီအသင်းဟာ စီးရီးအေအမှတ်ပေးချန်ပီယံဆုကို ၁၉၉ဝ ခုနှစ်ကနောက်ဆုံး အကြိမ်ရယူနိုင်ခဲ့ပြီးနှစ်ပေါင်း ၃၃ နှစ်အကြာမှာ ချန်ပီယံဆုကိုတစ်ကျော့ပြန်ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - မေ ၇






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေနစ်နေသည့် သားဖြစ်သူနှင့် တူဖြစ်သူကို ဆင်းကယ်သည့် ဖခင်ဖြစ်သူရေနစ်သေဆုံး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved