Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“ဒုက္ခသုတ်ခနဲ့ ဖရိုဖရဲဖြစ်မှုတွေကိုသာ သယ်ဆောင်လာတဲ့ အမေရိကန်စစ်ရေးစွက်ဖက်မှုများ” (ဘာသာပြန်ဆောင်းပါး)

ရဲထွန်း (သီပေါ) (NP News) - မေ ၇

အမေရိကန်နိုင်ငံဟာ သမိုင်းတလျှောက် ၁၇၇၆ ခုနှစ်ကနေ ၂ဝ၂၃ ခုနှစ်အထိ နိုင်ငံခြားတိုင်းပြည်တွေအပေါ် လက်နက်နဲ့ ဝင်ရောက်စွက်ဖက်မှုပေါင်း ၄ဝဝ ကျော်ပြုလုပ်ခဲ့ပါတယ်။ ဒီအထဲက ၅ဝ ရာခိုင်နှုန်းလောက်ဟာ ၁၉၅ဝ ခုနှစ်နောက်ပိုင်းဖြစ်ပွားခဲ့တာဖြစ်ပြီး၊  ၂၅ ရာခိုင်နှုန်း ကျော်ကတော့ စစ်အေးတိုက်ပွဲကာလ နောက်ပိုင်းမှာဖြစ်ပွားခဲ့တာပါ။

ဒီလိုကျူးကျော်စွက်ဖက်မှုတွေရဲ့ ရည်မှန်းချက်တွေက၊ စီးပွားရေးပြဿနာ၊ နယ်နိမိတ်ပြဿနာ၊ လူမှုရေးအရ အကာအကွယ်ပေးရေး၊ အုပ်ချုပ်သူအပြောင်းအလဲဖြစ်ရေး၊ အမေရိကန်နိုင်ငံသားတွေနဲ့ သံတမန်တွေကို အကာအကွယ်ပေးရေး၊ သက်ဆိုင်ရာနိုင်ငံရဲ့ပေါ်လစီအပြောင်းအလဲဖြစ်စေရေး၊ ဩဇာအာဏာလွှမ်းမိုးရေးနဲ့ အမေရိကန်ရဲ့ရုပ်သေးအစိုးရ တည်မြဲစေရေး စတာတွေ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံရေးနယ်ပယ်မှာ နိုင်ငံခြားရေးပေါ်လစီနဲ့ပတ်သက်ရင် အမြင်အယူအဆ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ဝင်ရောက်စွက်ဖက်ရေးဖြစ်ပြီး အဲဒီခေါင်းစဉ်အောက်မှာ စစ်ရေးအရ၊ သံတမန်ရေးအရနဲ့ စီးပွားရေးအရ ဝင်ရောက်စွက်ဖက်ရေးတွေပါဝင်ပါတယ်။ နောက်တစ်မျိုးက တသီးတခြားနေထိုင်ရေးဖြစ်ပြီး အထက်ကဖော်ပြခဲ့တဲ့ စွက်ဖက်မှုတွေကို အားမပေးပါဘူး။ ဒါပေမဲ့ လက်တွေ့မှာ ဝင်ရောက်စွက်ဖက်မှုပြုလုပ်လိုတဲ့ အမြင်က အသာစီးရနေပြီး သမိုင်းတလျှောက်မှာလည်း ဝင်ရောက်စွက်ဖက်မှုပြုလုပ်တာတွေက ပိုမိုများပြားခဲ့ပါတယ်။ 

အမေရိကန်က နိုင်ငံခြားတိုင်းပြည်တွေရဲ့ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တာကို ၁၉ ရာစုလောက်က စတင်လုပ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာနဲ့ စပိန်ဩဇာလွှမ်းမိုးထားတဲ့ လက်တင်အမေရိက တလွှားမှာရှိတဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ရယူလိုမှုကြောင့်ဖြစ်ပါတယ်။ အဲဒီကာလမှာ အမေရိကန်က မွန်ရိုးဝါဒအရ ကမ္ဘာ့ အနောက်ခြမ်းမှာ ဥရောပ ကိုလိုနီစနစ်ကို ခုခံကာကွယ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်ရှိပါတယ်။ 

၂ဝ ရာစုနှစ်မှာတော့ အမေရိကန်ရဲ့ဝင်ရောက်စွက်ဖက်မှုကို ကမ္ဘာစစ်ကြီးနှစ်ခုအတွင်းမှာ၊ သူ့ရဲ့မဟာမိတ်တွေနဲ့လက်တွဲပြီး နယ်ချဲ့ဂျပန်၊ နယ်ချဲ့နာဇီဂျာမနီတွေနဲ့ သူတို့ရဲ့မဟာမိတ်တွေကို တိုက်ခိုက်ခဲ့ရာမှာတွေ့မြင်ရပါတယ်။ 

ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အချိန်မှာတော့ ကွန်မြူနစ်ဝါဒ မပြန့်ပွားရေးနဲ့ ထိန်းချုပ်ရေးဆိုတဲ့ နိုင်ငံခြားရေး ပေါ်လစီအောက်မှာ ဆိုဗီယက်ယူနီယံနဲ့ စစ်အေးတိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီကာလမှာ အမေရိကန်နိုင်ငံကို သမ္မတ ‌ထရူးမင်း၊ အိုက်စင်ဟောင်ဝါး၊ ကနေဒီ၊ ကာတာနဲ့ ရီဂင် တို့အုပ်ချုပ်ခဲ့ပြီး၊ သူလျှိုလုပ်ခြင်း၊ အုပ်စိုးသူ ပြောင်းလဲစေခြင်း၊ နောက်ကွယ်က ချုပ်ကိုင်မီးထိုးပေးခြင်းနဲ့ တခြားပုန်းလျှိုးကွယ်လျှိုး ဝင်ရောက်စွက်ဖက်မှုပေါင်းများစွာကို ဆိုဗီယက်ယူနီယံနဲ့ တရုတ်ပြည်ဆန့်ကျင်ရေးတို့ အတွက် လုပ်ဆောင်ခဲ့ပါတယ်။ 

၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးတဲ့နောက်မှာတော့၊ အမေရိကန်ဟာ ကမ္ဘာမှာ တစ်ဦးတည်းသော စူပါပါဝါ ဖြစ်လာပြီး အာဖရိက၊ အရှေ့ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ ဆက်လက်ဝင်ရောက်စွက်ဖက် မှုတွေပြုခဲ့ပါတယ်။ ၂ဝဝ၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုနောက်ပိုင်းမှာ အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ဟာ အကြမ်းဖက်အစွန်းရောက်အုပ်စုတွေဖြစ်တဲ့ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ် တို့လို အဖွဲ့အစည်းတွေကို ကမ္ဘာနဲ့ တဝှမ်း တန်ပြန်အကြမ်းဖက်စစ်ပွဲ ဆင်နွှဲခဲ့ပါတယ်။ 

ဂျော့ဘွတ်ရှ်ရဲ့ စစ်ပွဲကို ကြိုတင်ကာကွယ်ရေးဝါဒအမြင်အရ ၂ဝဝ၃ ခုနှစ်မှာ အီရတ်ကိုကျူးကျော် တိုက်ခိုက်ခဲ့သလို၊ ၂ဝ၁၂ ခုနှစ် အိုဘားမားလက်ထက်မှာလည်း “ အာရှသို့ ဆုံမှတ်” မဟာဗျူဟာ အရ အမေရိကန်ရဲ့ ပထဝီနိုင်ငံရေး ရည်မှန်းချက်တွေကို ပြန်လည်ချိန်ညှိတာလုပ်ခဲ့ပါတယ်။ အဲဒါက အရှေ့အလယ်ပိုင်းက တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးကနေ အာရှတိုက်အရှေ့ပိုင်းမှာ အမေရိကန်ပါဝင်ပတ်သက်မှု တိုးမြှင့်ရေးဘဲဖြစ်ပါ တယ်။ ဒါကတရုတ်နိုင်ငံ ဩဇာတက်လာတာကို ထိန်းချုပ်ရေးပေါ်လစီရဲ့ အစိတ်အပိုင်းတရပ်လည်းဖြစ်ပါတယ်။

“ ၁၉၆၅ ခုနှစ်ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်” 

မည်သည့်နိုင်ငံမှ တခြားနိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုမပြုသင့်ပါဘူး။ ဒါဟာ ကမ္ဘာ့ကုလသမဂ္ဂက ၁၉၆၅ ခုနှစ် အထွေထွေညီလာခံမှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ပါ။ 

အဲဒီဆုံးဖြတ်ချက်မှာ “နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိုသော်လည်းကောင်း၊ ပြည်ပရေးကိုသော်လည်းကောင်း၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ၊ မည်သည့် အကြောင်းကြောင့်နှင့်မျှ၊  မည်သည့်နိုင်ငံကမှ ဝင်ရောက် စွက်ဖက်ခွင့်မရှိ။ သို့ဖြစ်၍ လက်နက်ကိုင် ကျူးကျော်စွက်ဖက်ခြင်းနှင့် နိုင်ငံတနိုင်ငံ၏ သူ့ကိုယ်ပိုင် အရေး သို့မဟုတ် နိုင်ငံတနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့ကို ဆန့်ကျင်ရန် ခြိမ်းခြောက်ကြိုးပမ်းမှု စသည့် တခြားသော ဝင်ရောက်စွက်ဖက်မှုပုံစံအားလုံးကို ပစ်တင်ရှုံ့ချသည်။ မည်သည့်နိုင်ငံကမျှ တခြားနိုင်ငံ အစိုးရကို သွေးထွက်သံယိုနည်းဖြင့်ဖြုတ်ချ‌ခြင်း၊ သို့မဟုတ် တခြားနိုင်ငံ၏ ပြည်တွင်းပဋိပက္ခတွင် ဝင်ရောက် စွက်ဖက်ခြင်းကို ရည်ရွယ်သည့် မည်သည့် စည်းရုံးခြင်း၊ ထောက်ပံ့ခြင်း၊ လှုံ့ဆော်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ မြှောက်ပင့်ပေး ခြင်း၊ အဖျက်အမှောင့်လုပ်ကိုင်ခြင်း သို့မဟုတ် လက်နက်ကိုင် လှုပ်ရှားခြင်းကိုမျှ မပြုလုပ်ရ”လို့ အတိအလင်း ဆိုထားပါတယ်။ 

ဒါပေမဲ့ အမေရိကန်နိုင်ငံခြားရေးပေါ်လစီဟာ မျှော်လင့်မထားတဲ့ လုပ်ရပ်တွေနဲ့၊ ကမ္ဘာတဝှမ်းလုံးက  သက်ဆိုင်ရာနိုင်ငံပြည်သူလူထုတွေကို စိုးရိမ်ပူပန်စိတ်တွေ ဒုက္ခတွေပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေလျက်ရှိပါတယ်။

အမေရိကန်ဝင်ရောက်စွက်ဖက်တဲ့အကျိုးဆက်တွေကတော့ လူ့အသက်တွေဆုံးရှုံးတာ၊ စီးပွား‌ရေး ပြိုလဲတာ နဲ့ လူမှုရေး မတည်မငြိမ်ဖြစ်တာတွေအပြင်၊ နိုင်ငံတွေ အစိတ်စိတ်အမွှာမွှာကွဲထွက်ပြီး တစ်ကမ္ဘာလုံး မတည်မငြိမ် ဖြစ်စေတာဘဲ အဖတ်တင်ပါတယ်။ 


“ဝင်ရောက်စွက်ဖက်တယ်ဆိုတာ အမေရိကန်နဲ့ခွဲမရတဲ့ အကျင့်ဘဲ” လို့ အမေရိကန်နိုင်ငံရေးသိပ္ပံ ပညာရှင် ရောဘတ် ဂျားဗစ် (Robert Jervis) က “အမေရိန်ရဲ့ ဝင်ရောက်စွက်ဖက်မှုအသစ်များ” ဆိုတဲ့ စာအုပ်မိတ်ဆက် ချက်မှာရေးပါတယ်။

ဂျားဗစ်က ဒီစာကို လွန်ခဲ့တဲ့ ၂၃ နှစ်ကရေးခဲ့တာဖြစ်ပေမဲ့ ဒီနေ့အထိလည်း မှန်ကန်နေဆဲပါဘဲ။ သူတပါးနိုင်ငံ တွေရဲ့ ပြည်တွင်းရေးတွေကို ဝင်ရောက်စွက်ဖက်ပြီး အဲဒီနိုင်ငံအစိုးရကို သစ္စာခံအဖြစ်သိမ်းသွင်းလေ့ရှိပါတယ်။ သူတို့ရဲ့ အဆုံးစွန်ရည်မှန်းချက်က အမေရိကန် ဗိုလ်ကျစိုးမိုးရေးဝါဒ တည်မြဲစေရေးပါ။

       ဒီလို ဝင်ရောက်စွက်ဖက်တဲ့ နိုင်ငံခြားရေးမူဝါဒကြောင့် တကမ္ဘာလုံးက ပြည်သူတွေအကြားမှာ စိုးရိမ် ပူပန်မှုတွေနဲ့ ဒုက္ခပင်လယ်ဝေပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်ပျက်စီးစေပါတယ်။

  သမိုင်းကို ပြန်လှန်ကြည့်သော်

၁၈ဝ၅ ခုနှစ် ဧပြီနဲ့ မေလထဲမှာ အမေရိကန် စစ်တပ်အရာရှိဟောင်းနဲ့  သံတမန်ဟောင်းတဉီးဖြစ်တဲ့ ဝီလီယံ အိတွန် (William Eaton ) ဟာ နန်းချခံရတဲ့ ဟာမက် ကရာမန်းလီ (Hamet Karamanli ) နဲ့ မဟာမိတ်ဖွဲ့ပြီး၊ စစ်တပ်တတပ်ကို ဦးဆောင်ကာ ဒါနာကို တိုက်ခိုက်ဖို့ အလက်ဇန္ဒရီးယားနဲ့ အိဂျစ်တို့ကိုဖြတ်ပြီး ထရီပိုလီ တန်းနီးယားက ပါရှားကို (ယ‌နေ့ လစ်ဗျား) ကို ချီတက်ခဲ့ပါတယ်။ သူတို့ဟာ ထရီပိုလီတန်းနီးယားမြို့တော်ကို အမေရိကန် စစ်သင်္ဘော ၃ စီးအကူအညီနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ပါရှားဟာ အရှုံးပေးလိုက်ရပါတယ်။ ဒါဟာ သမိုင်းမှာ အမေရိကန်အလံကို နိုင်ငံခြားမြေပေါ်မှာ အောင်နိုင်ခြင်းအထိမ်းအမှတ်နဲ့လွှင့်ထူခဲ့တဲ့ ပထမဆုံးအကြိမ် ပါဘဲ။  

ဒီအဖြစ်အပျက်က အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံခြားအစိုးရအတွင်း အာဏာသိမ်းရေးကြိုးပမ်းမှုမှာ စစ်ရေး အရ ဝင်ရောက် စွက်ဖက်မှုရဲ့ အစောဆုံးဖြစ်ရပ်ဘဲဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ တကမ္ဘာလုံး သြဇာလွှမ်းမိုး ‌ရေး တစိုက်မတ်မတ်လုပ်ဆောင်ချက်ရဲ့ အစပြုချက်လည်းဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းကစပြိး အမေရိကန်ဟာ နိုင်ငံရပ်ခြား ကျူးကျော်စစ်တွေ ဆင်နွှဲခဲ့ပါတယ်။ အဲဒီလို ဆင်နွှဲတိုက်ခိုက်တဲ့အခါ ပြင်းပြင်းထန်တန်တိုက်ခိုက်ပြီး အဲဒီ အစိုးရပြုတ်ကျသွားတဲ့အထိ တိုက်ခိုက်တာပါ။ 

ဒုတိယကမ္ဘာစစ်အပြီးကနေ ၂ဝဝ၁ ခုနှစ် စာရင်းတွေအရ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့နေရာပေါင်း ၁၅၃ နေရာမှာ လက်နက်ကိုင်ပဋိပက္ခပေါင်း ၂ဝ၁ ခုကို မီးထိုးပေးခဲ့တာတွေ့ရပါတယ်။ အဲဒီအရေအတွက်က တကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေအားလုံးရဲ့ ၈ဝ ရာခိုင်နှုန်း ရှိပါတယ်။ ၂ဝဝ၁ ခုနှစ်ကစပြီး အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တေွအနေနဲ့ နိုင်ငံခြားတိုင်းပြည် တစ်ခုခုအပေါ်မှာ ပျမ်းမျှခြင်းအားဖြင့် တစ်နေ့ကို ဗုံးအလုံး ၄၆ လုံးနှုန်း ကြဲချခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဝင်ရောက်စွက်ဖက်တဲ့အခါ “ဒီမိုကရေစီအရေး” တို့ “လွတ်လပ်ရေး နဲ့ လူ့အခွင့်အရေး” တို့ဆိုတာတွေ ကိုခေါင်းစဉ်တပ်ပြီး တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာပဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ အရှေ့ လယ်ပိုင်း၊ လက်တင်အမေရိကနဲ့ အရှေ့ဉရောပ နိုင်ငံတွေမှာ လူအများအပြားသေဆုံးပြီး လူနေအဆောက်အဉီး တွေအများအပြား အဖျက်ဆီးခံရပါတယ်။

ဥပမာအားဖြင့် ယူဂိုဆလပ်ဗီးယားမှာ အမေရိကန်ဉီးဆောင်တဲ့ နေတိုး တပ်ဖွဲ့တွေက ၇၈ ရက်ကြာ လေကြောင်းကနေဝင်ရောက်တိုက်ခိုက်ခဲ့လို့၊ လူဦးရေ ၈ဝဝဝ သေကြေဒဏ်ရာရပြီး လူတစ်သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန်က ဝင်တိုက်ခိုက်တဲ့အတွက်  ၂ဝဝ၁ ခုနှစ်ကနေ ၂ဝ၂ဝ ဧပြီလလယ်အထိ အာဖဂန်လူမျိုး ၅ဝဝဝဝ လောက်သေကြေဒဏ်ရာရပြီး၊ လူဦးရေ ၁၁ သန်း နေရပ်စွန့်ခွာထွက်ပြေး ဒုက္ခသည် ဘဝကိုရောက်ရှိကြရပါတယ်။ ဒါ့ပြင် အီရတ်မှာလည်း လူဦးရေ ၂ဝဝဝဝဝ ကျော်လောက် သေကြေဒဏ်ရာရကြသလို လစ်ဗျားနိုင်ငံကိုလည်း ဝရုန်းသုန်းကား ထိန်းမနိုင်သိမ်းမရ အခြေအနေကို ကျရောက်စေပါတယ်။

ယခင်အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက “ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့သမိုင်းမှာ စစ်အလို လားဆုံးနိုင်ငံပဲ” လို့ ၂ဝ၁၉ ခုနှစ်မှာတုန်းကပြောခဲ့ဘူးပါတယ်။ အမေရိကန်ရဲ့ ၂၄၂ နှစ်ကြာ သက်တမ်းမှာ ၁၆ နှစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ရတယ်လို့လည်း သူကဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ တိုက်ခိုက်လုယက်တဲ့ သမိုင်းမှာ “သူ့ရဲ့တောင်းဆိုချက်ကို အလွယ်တကူမလိုက် လျောတဲ့ အစိုးရတွေကို ဖြုတ်ချဖို့အတွက် အာဏာသိမ်းအဖွဲ့တွေနဲ့ သပ်သျှိစွက်ဖက်မှု၊ စစ်ရေးအရဝင်ရောက် စွက်ဖက်မှုအများအပြားလုပ်ဆောင်ခဲ့တယ်” လို့ ကျူးဘား ဒဿနိကအင်စတီကျုက ဂီးလ်ဘာတို ဘောလ်ဒက် ဂူတီးယားရက် (Gilberto Valdes Gutierrez)  က ရှင်းဟွာ သတင်းဌာနကို ပြောပါတယ်။

အမေရိကန် သမိုင်းပညာရှင် ပေါလ် အယ်လ် အက်ဝုဒ် (Paul L. Atwood Paul L. Atwood) က အမေရိကန် ပြည်ထောင်စုရဲ့ ဒီလို ရန်လိုတဲ့ သဘာဝကို “ စစ်ပွဲဆိုတာ အမေရိကန်ရဲ့ မှန်တန်းနေထိုင်မှုပုံစံ ပဲ” လို့မှတ်ချက်ပြုပါတယ်။

      တိတ်တိတ်ပုန်း ကြိုးကိုင်ချယ်လှယ်ခြင်း

လက်နက်ကိုင်ဝင်ရောက်စွက်ဖက်တာဟာ အမေရိကန်ရဲ့ တစ်ခုတည်းသော နည်းနာတော့ မဟုတ်ပါဘူး။ စီးပွားရေးအရ ပိတ်ဆို့ကန့်သတ်တာ၊ ယဉ်ကျေးမှုအရ ထိုးဖေါက်ဝင်ရောက်တာ၊ ဆူဆူပူပူဖြစ်အောင် လှုံ့ဆော်တာ၊ ရွေးကောက်ပွဲမှာ ကြိုးကိုင်ချယ်လှယ်တာနဲ့ တခြားလှည့်ကွက်တွေကို လည်း အသုံးပြုတတ်ပါတယ်။

ဒီလို ခြေပုန်းခုတ်လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး (John Bolton ) ဂျွန်ဘိုလ်တန်က ၂ဝ၂၂ ခုနှစ် ဂျူလိုင်လလယ်မှာပြုလုပ်ခဲ့တဲ့ စီအန်အန်နဲ့ အင်တာဗျူးမှာ ဝန်ခံခဲ့ပါတယ်။ “ ဟိုဟို ဒီဒီ နေရာအများအပြားက အာဏာသိမ်းဖို့မှုတွေကို အကူအညီပေးခဲ့ပြီး အလုပ်သိပ်များပါတယ်” လို့ သူကပြော ခဲ့ပါတယ်။

ဘော့စ်တွန် ကောလိပ်က နိုင်ငံရေးသိပ္ပံ ပညာရှင် လင်းဒ်ဆေး အိုရုကေး(John Bolton) က သူမရဲ့ စာအုပ် “ တိတ်တိတ်ပုန်း အစိုးရအပြောင်းအလဲ... အမေရိကန်ရဲ့ လျှို့ဝှက် စစ်အေးတိုက်ပွဲ” ဆိုတဲ့စာအုပ်မှာ ၁၉၄၇ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စုအနေနဲ့ တခြားနိုင်ငံတွေမှာ လျှို့ဝှက် သပ်လျှိုပူးပေါင်း စစ်ဆင်ရေး ၆၄ ခုကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ အမေရိကန်အစိုးရဟာ လက်တင်အမေရိကမှာ နိုင်ငံရေးမတည် မငြိမ်ဖြစ် အောင် လှုံဆော်ခဲ့သလို၊ “အာရပ် နွေဦး” မှာလဲ အရေးကြီးတဲ့အခန်းကပါဝင်ခဲ့ပါတယ်။ ဥရောပနဲ့ အာရှရဲ့ “ အရောင်တော်လှန်ရေး” တွေမှာလည်း မြှောက်ပေးဆွပေးခဲ့တဲ့ အခန်းက ပါဝင်ခဲ့ပါတယ်။ လက်တင်အမေရိက မှာတော့ဒေသတွင်းနိုင်ငံအများအပြားရဲ့ ပြည်တွင်းရေးတွေမှာ “မွန်ရိုးမူဝါဒ” ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆက်လက်ဝင်ရောက်စွက်ဖက်ခဲ့ပါတယ်။

အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်း ဆယ်ဆတိုးများလာခဲ့ပါတယ်။ ကျူးဘား၊ ဗင်နီဇွဲလား၊ လစ်ဗျား၊ အီရန်၊ အီရတ်၊ ဆီးရီးယားနဲ့ တခြား နာမည်ပျက်စာရင်းသွင်းထားတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးကို အကြောင်းမဲ့သက်သက် အ‌နှောက်အယှက် ပေးပြီး ပြည်သူလူထုရဲ့ နေထိုင်မှုဘဝတွေကို ဖျက်ဆီး ခဲ့ပါတယ်။ 

၂ဝ၂ဝ ခုနှစ် စက်တင်ဘာလက၊ ယူအက်စ်အေတူဒေးနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ နိုင်ငံရေးသိပ္ပံပညာရှင် Dov H. Levin က “အမေရိကန်ပြည်ထောင်စုဟာ ၁၉၆၄ ခုနှစ်ကနေ ၂ဝဝဝ ခုနှစ်အတွင်းမှာ ယူဂိုဆလပ်ဗီးယား နဲ့ အီတလီအပါအဝင် နိုင်ငံတကာက ရွေးကောက်ပွဲ ၈၁ ခုကို ဝင်ရောက်စွက်ဖက်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

၂ဝ၂ဝ ခုနှစ် ဇွန်လထုတ် နိုင်ငံခြားရေးရာ စာစောင်ထဲက ဆောင်းပါးတစ်ပုဒ်မှာ ပထမဆုံးလူသိရှင်ကြား ဖြစ်လာခဲ့တဲ့ အမေရိကန် စီအိုင်အေရဲ့ တိတ်တိတ်ခြေပုန်းခုတ်  ကြိုးကိုင်ချယ် လှယ်မှုတစ်ခုကို ဖေါ်ပြထားပါတယ်။  အဲဒါက အီတလီရဲ့ ၁၉၄၈ ခုနှစ်ရွေးကောက်ပွဲမှာ လူထုဆူပူအုံကြွအောင် လှုံ့ဆော်တဲ့ ဝါဒဖြန့်ချိမှုပြုလုပ်ပြီး ၊ သူတို့လိုလားတဲ့ ကိုယ်စားလှယ်တွေကိုငွေကြေးထောက်ပံ့ပေးပြီး၊  အောက်ခြေမှာလက်ဉီးမှုရရှိအောင် ဇတ်တိုက် ထားတာပါ။ ဒီလိုနည်းနဲ့ အီတလီနိုင်ငံရွေးကောက်ပွဲမှာ အလယ်ဗဟိုဝါဒီတွေက လက်ဝဲဝါဒီပြိုင်ဘက်တွေအပေါ် အသာစီးရအောင် လုပ်ဆောင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အစိုးရမဟုတ်တဲ့ (NGO) အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ပေးတာရဲ့ တကယ့် ရည်ရွယ်ချက်က အဲဒီနိုင်ငံတွေကို မတည်မငြိမ်ဖြစ်စေဘို့ ပါဘဲလို့ ဂျီနီဗာ သံတမန်ရေးရာ တက္ကသိုလ်က နိုင်ငံတကာ ဉပဒေပါမောက္ခ အဲလ်ဖရက် ဒီ ဇေယျစ် (Alfred de Zayas) ကဆိုပါတယ်။ သူက အမေရိကန် တယောက်အနေနဲ့ သူ့တိုင်းပြည်ရဲ့ မကောင်းမှုအတွက် “ သွယ်ဝိုက်ပြီးတော့ တာဝန်ရှိတယ်” လို့ ခံစားရကြောင်း ဆိုပါတယ်။ 

အထက်စီးက စိတ်ကြီးဝင်နေတဲ့ အမေရိကန်

“အနောက်တိုင်းရဲ့ စိတ်ကြီးဝင်နေတဲ့ ခေတ်သစ်ပုံစံ” ဆိုပြီး အမေရိကန်ရဲ့ အထက်စီးဆန်မှုနဲ့ ပတ်သက်ပြီး အိုင်အိုးဝါး အောက်လွှတ်တော်အမတ်ဟောင်း ဂရက် ကူးဆက်က (Greg Cusack ) ရှင်းဟွာသတင်းဌာနနဲ့ အင်တာ ဗျူးမှာ ခုလိုပြောဘူးပါတယ်။

အမေရိကန်ပြည်ထောင်စုဟာစတင် တည်ထောင်ကတည်းက လုယက်တိုက်ခိုက် သိမ်းပိုက်တာ တရားတယ်ဆိုတဲ့ ဓါးပြယဉ်ကျေးမှုနဲ့ နိုင်ငံကိုပုံဖေါ်ခဲ့တာပါ။ အဲဒီနောက် စစ်အေးတိုက်ပွဲကာလပြီး ဆုံးခဲ့တဲ့ နောက်ပိုင်းမှာ၊ အောင်ပွဲခံဝါဒ ခေါင်းထောင်ထလာပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ တခုတည်းသော စူပါပါဝါ ဖြစ်လာပြီး၊ ဒီအချိန်ဟာ ကမ္ဘာကိုဗိုလ်ကျစိုးမိုးဖို့ အကောင်းဆုံးအချိန်အခါတစ်ခုအဖြစ် ရှုမြင်လာပါတယ်။

ဒါပေမဲ့ “တခုတည်းသော ဝင်ရိုး” ဖြစ်တဲ့ ကာလက တိုတောင်းပါတယ်။ ကမ္ဘာဟာ “ ဝင်ရိုးပေါင်းစုံ” ကမ္ဘာဆီ ကို ရွေ့လျားနေတဲ့အတွက် အမေရိကန်ရဲ့ ကမ္ဘာကို ဗိုလ်ကျစိုးမိုးရေး ပါဝါဟာ အားနည်းလာပါတယ်။ လုံးဝ ရှုံးနိမ့် သွားမှာ စိုးတဲ့အတွက် သူ့ရဲ့ဆုတ်ကိုင်မှုကို ပိုပြီးအားစိုက်လာပါတယ်။

“ဝါရှင်တန် အင်ပိုင်ယာ” ဟာ လောဘရမက်နဲ့ အာဏာတပ်မက်မှုတို့အပေါ် တည်ဆောက်ထား တာဖြစ်ပါတယ် လို့ စာရေးဆရာနဲ့ နိုင်ငံရေးဝေဖန်သုံးသပ်သူ (John Wight) ဂျွန်ဝိုက်က ဇူလိုင်လ ထုတ်စာစောင်တခုမှာ ရေးပါတယ်။

အမေရိကန်ရဲ့ “အင်ပိုင်ယာ ဘဝင်မြင့်စိတ်” ဟာ တခြားသော အင်ပိုင်ယာတွေလိုပါဘဲ “ ငြိမ်းချမ်းရေးနဲ့ သာယာဝပြော‌ရေးအပေါ် အခြေပြုထားတာမဟုတ်ဘဲ စစ်ပွဲနဲ့ သွေးစုတ်ချယ်လှယ်မှု” အပေါ်မှာ အခြေပြုထားတာဖြစ်တယ်လို့ ရိုက်ကရေးပါတယ်။ ဒါ့ပြင် အမေရိကန်ပြည်ထောင်စုဟာ သြဇာလွှမ်းမိုး‌‌နှိုင်‌ရေးအတွက် သူတပါးနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ပေါ်လစီကို အမြဲတန်းကျင့်သုံးလေ့ရှိတယ်လို့ဆိုပါတယ်။

အမှန်စင်စစ်အားဖြင့် အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာ ဉပဒေတွေကို ဖျက်ဆီးပြီး တခြားနိုင်ငံတွေ ကို ဖိအားပေးသူ့ဖက်ဘက်ပါအောင်စည်းရုံး၊ ငြင်းဆန်ရင် ပြန်လက်စားချေတတ်ပါတယ်။ အဲဒီလုပ်ရပ်တွေရဲ့ အကျိုးဆက်က လူ့အသက်တွေဆုံးရှုံး၊ စီးပွားရေးတွေပြိုလဲပြီး လူမှုရေးဆူပူအုံကြွမှုတွေဖြစ်ပြီး ‌ဒေသတွင်းနဲ့ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပါတော့တယ်။

သူ့ရဲ့ ဝင်ရောက်စွက်ဖက်ရေး ပေါ်လစီကို မှန်ကန်တရားမျှတကြောင်းပြဖို့အတွက် အမေရိကန်ပြည်ထောင်စု ဟာ သူ့ရဲ့ မကောင်းမှုအကုသိုလ်တွေကို “ တရားသောစစ်ပွဲ” ဆိုတာနဲ့ “ ဒီမိုကရေစီထွန်းကားရေး” “ဒီမိုကရေစီကို ကာကွယ်ရေး” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဟန်ဆောင်ဖုံးကွယ်လေ့ရှိပါတယ်။

ပစ်ဘတ် တက္ကသိုလ်က နိုင်ငံတကာ လူ့အခွင့်အ‌ရေးဆိုင်ရာ ကျွမ်းကျင်သူ (Daniel Kovalik ) ဒင်နီယယ် ကိုဗယ်လစ်က ရှင်းဟွာသတင်းဌာနကို “ အမေရိကန်ပြည်ထောင်စုဟာ သူတို့မလိုလားတဲ့ ပစ်မှတ်ကို အဆက် မပြတ် ထုနှက်ဖို့ လူ့အခွင့်အရေးဆိုတဲ့ တင်းပုတ်ကို အသုံးချလေ့ရှိတယ်လို့ ပြောပါတယ်။

အဲဒါနဲ့ လူ့အခွင့်အရေးက ဘာမှမဆိုင်ဘူးဗျ။  ဒါက အမေရိကန်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားကိစ္စဘဲ။ 

“ဒီမိုကရေစီအကြောင်း လေကြီးမိုးကြီးပြောနေတာက၊ သူများတိုင်းပြည်ကို ဖိအားပေးတဲ့အခါ အမေရိကန် တွေသုံးလေ့ရှိတဲ့ လက်နက်ကရိယာဗျ။ သူတို့ ကျူးကျော်တိုက်ခိုက်တဲ့ ဒေသအားလုံးက ရုပ်ပိုင်းအရရော စိတ်ဓါတ်ပိုင်းအရပါ လုံးဝဉဿုံ အဖျက်ဆီးခံရပါတယ်” လို့ တူရကီ ဝါရင့် သတင်းသမား (Tunc Akkoc.) တန့် အက်ကော့ ကပြောပါတယ်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အမေရိကန်ရဲ့ ကျူးကျော်စွက်ဖက်မှု အတွေ့အကြုံအမျိုးမျိုးဟာ ပြည်သူ တွေ အတွက်  ဘာကောင်းကျိုးမှမရှိပါဘူး” လို့ အီဂျစ်လူမျိုး နိုင်ငံရေးသုတေသီ (Akram Hossam) အက္ကရမ် ဟိုစမ် က ရှင်းဟွာ သတင်းဌာ နကို ပြောကြားပါတယ်။

နိဂုံးချုပ်ရရင် အီဂျစ်၊ ကျူးဘား၊ ဗင်နီဇွဲလား၊ လစ်ဗျား၊ အီရန်၊ အီရတ်၊ ဆီးရီးယား စတဲ့နိုင်ငံတွေက ဝရုန်းသုန်းကားဖြစ်နေမှုတွေဟာ ‌အဲဒီနိုင်ငံပြည်သူတွေအတွက် ရေရှည် မလုံခြုံမှုနဲ့ စိုးရိမ်သောကတွေ ပွေစေပါ တယ်။ ဒါတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဗိုလ်ကျလွှမ်းမိုးလိုမှုကြောင့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆိုတဲ့ မျက်နှာဖုံးစွပ်အောက်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများသာ ဖြစ်ပါကြောင်း။  

                                                                                                                  

zawgyi version
“ဒုကၡသုတ္ခနဲ႔ ဖ႐ိုဖရဲျဖစ္မႈေတြကိုသာ သယ္ေဆာင္လာတဲ့ အေမရိကန္စစ္ေရးစြက္ဖက္မႈမ်ား” (ဘာသာျပန္ေဆာင္းပါး)
ရဲထြန္း (သီေပါ) (NP News) - ေမ ၇

အေမရိကန္ႏိုင္ငံဟာ သမိုင္းတေလွ်ာက္ ၁၇၇၆ ခုႏွစ္ကေန ၂ဝ၂၃ ခုႏွစ္အထိ ႏိုင္ငံျခားတိုင္းျပည္ေတြအေပၚ လက္နက္နဲ႔ ဝင္ေရာက္စြက္ဖက္မႈေပါင္း ၄ဝဝ ေက်ာ္ျပဳလုပ္ခဲ့ပါတယ္။ ဒီအထဲက ၅ဝ ရာခိုင္ႏႈန္းေလာက္ဟာ ၁၉၅ဝ ခုႏွစ္ေနာက္ပိုင္းျဖစ္ပြားခဲ့တာျဖစ္ၿပီး၊  ၂၅ ရာခိုင္ႏႈန္း ေက်ာ္ကေတာ့ စစ္ေအးတိုက္ပြဲကာလ ေနာက္ပိုင္းမွာျဖစ္ပြားခဲ့တာပါ။

ဒီလိုက်ဴးေက်ာ္စြက္ဖက္မႈေတြရဲ႕ ရည္မွန္းခ်က္ေတြက၊ စီးပြားေရးျပႆနာ၊ နယ္နိမိတ္ျပႆနာ၊ လူမႈေရးအရ အကာအကြယ္ေပးေရး၊ အုပ္ခ်ဳပ္သူအေျပာင္းအလဲျဖစ္ေရး၊ အေမရိကန္ႏိုင္ငံသားေတြနဲ႔ သံတမန္ေတြကို အကာအကြယ္ေပးေရး၊ သက္ဆိုင္ရာႏိုင္ငံရဲ႕ေပၚလစီအေျပာင္းအလဲျဖစ္ေစေရး၊ ဩဇာအာဏာလႊမ္းမိုးေရးနဲ႔ အေမရိကန္ရဲ႕႐ုပ္ေသးအစိုးရ တည္ၿမဲေစေရး စတာေတြ ျဖစ္ပါတယ္။
အေမရိကန္ ႏိုင္ငံေရးနယ္ပယ္မွာ ႏိုင္ငံျခားေရးေပၚလစီနဲ႔ပတ္သက္ရင္ အျမင္အယူအဆ ႏွစ္မ်ိဳးရွိပါတယ္။ တစ္မ်ိဳးက ဝင္ေရာက္စြက္ဖက္ေရးျဖစ္ၿပီး အဲဒီေခါင္းစဥ္ေအာက္မွာ စစ္ေရးအရ၊ သံတမန္ေရးအရနဲ႔ စီးပြားေရးအရ ဝင္ေရာက္စြက္ဖက္ေရးေတြပါဝင္ပါတယ္။ ေနာက္တစ္မ်ိဳးက တသီးတျခားေနထိုင္ေရးျဖစ္ၿပီး အထက္ကေဖာ္ျပခဲ့တဲ့ စြက္ဖက္မႈေတြကို အားမေပးပါဘူး။ ဒါေပမဲ့ လက္ေတြ႕မွာ ဝင္ေရာက္စြက္ဖက္မႈျပဳလုပ္လိုတဲ့ အျမင္က အသာစီးရေနၿပီး သမိုင္းတေလွ်ာက္မွာလည္း ဝင္ေရာက္စြက္ဖက္မႈျပဳလုပ္တာေတြက ပိုမိုမ်ားျပားခဲ့ပါတယ္။ 

အေမရိကန္က ႏိုင္ငံျခားတိုင္းျပည္ေတြရဲ႕ ျပည္တြင္းေရးကိုဝင္ေရာက္စြက္ဖက္တာကို ၁၉ ရာစုေလာက္က စတင္လုပ္ခဲ့ၿပီး ပစိဖိတ္သမုဒၵရာနဲ႔ စပိန္ဩဇာလႊမ္းမိုးထားတဲ့ လက္တင္အေမရိက တလႊားမွာရွိတဲ့ စီးပြားေရး အခြင့္အလမ္းေတြကို ရယူလိုမႈေၾကာင့္ျဖစ္ပါတယ္။ အဲဒီကာလမွာ အေမရိကန္က မြန္႐ိုးဝါဒအရ ကမာၻ႔ အေနာက္ျခမ္းမွာ ဥေရာပ ကိုလိုနီစနစ္ကို ခုခံကာကြယ္ဖို႔ ဆိုတဲ့ရည္႐ြယ္ခ်က္ရွိပါတယ္။ 
၂ဝ ရာစုႏွစ္မွာေတာ့ အေမရိကန္ရဲ႕ဝင္ေရာက္စြက္ဖက္မႈကို ကမာၻစစ္ႀကီးႏွစ္ခုအတြင္းမွာ၊ သူ႔ရဲ႕မဟာမိတ္ေတြနဲ႔လက္တြဲၿပီး နယ္ခ်ဲ႕ဂ်ပန္၊ နယ္ခ်ဲ႕နာဇီဂ်ာမနီေတြနဲ႔ သူတို႔ရဲ႕မဟာမိတ္ေတြကို တိုက္ခိုက္ခဲ့ရာမွာေတြ႕ျမင္ရပါတယ္။ 

ဒုတိယကမာၻစစ္ႀကီးၿပီးတဲ့အခ်ိန္မွာေတာ့ ကြန္ျမဴနစ္ဝါဒ မျပန႔္ပြားေရးနဲ႔ ထိန္းခ်ဳပ္ေရးဆိုတဲ့ ႏိုင္ငံျခားေရး ေပၚလစီေအာက္မွာ ဆိုဗီယက္ယူနီယံနဲ႔ စစ္ေအးတိုက္ပြဲျဖစ္ခဲ့ပါတယ္။ အဲဒီကာလမွာ အေမရိကန္ႏိုင္ငံကို သမၼတ ‌ထ႐ူးမင္း၊ အိုက္စင္ေဟာင္ဝါး၊ ကေနဒီ၊ ကာတာနဲ႔ ရီဂင္ တို႔အုပ္ခ်ဳပ္ခဲ့ၿပီး၊ သူလွ်ိဳလုပ္ျခင္း၊ အုပ္စိုးသူ ေျပာင္းလဲေစျခင္း၊ ေနာက္ကြယ္က ခ်ဳပ္ကိုင္မီးထိုးေပးျခင္းနဲ႔ တျခားပုန္းလွ်ိဳးကြယ္လွ်ိဳး ဝင္ေရာက္စြက္ဖက္မႈေပါင္းမ်ားစြာကို ဆိုဗီယက္ယူနီယံနဲ႔ တ႐ုတ္ျပည္ဆန႔္က်င္ေရးတို႔ အတြက္ လုပ္ေဆာင္ခဲ့ပါတယ္။ 

၁၉၉၁ ခုႏွစ္ ဆိုဗီယက္ယူနီယံၿပိဳကြဲသြားၿပီးတဲ့ေနာက္မွာေတာ့၊ အေမရိကန္ဟာ ကမာၻမွာ တစ္ဦးတည္းေသာ စူပါပါဝါ ျဖစ္လာၿပီး အာဖရိက၊ အေရွ႕ဥေရာပနဲ႔ အေရွ႕အလယ္ပိုင္း ေဒသေတြမွာ ဆက္လက္ဝင္ေရာက္စြက္ဖက္ မႈေတြျပဳခဲ့ပါတယ္။ ၂ဝဝ၁ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္ ကမာၻ႔ကုန္သြယ္ေရးစင္တာ တိုက္ခိုက္ခံရမႈေနာက္ပိုင္းမွာ အေမရိကန္နဲ႔ ေနတိုးအဖြဲ႕တို႔ဟာ အၾကမ္းဖက္အစြန္းေရာက္အုပ္စုေတြျဖစ္တဲ့ အယ္လ္ကိုင္ဒါနဲ႔ အိုင္အက္စ္ တို႔လို အဖြဲ႕အစည္းေတြကို ကမာၻနဲ႔ တဝွမ္း တန္ျပန္အၾကမ္းဖက္စစ္ပြဲ ဆင္ႏႊဲခဲ့ပါတယ္။ 

ေဂ်ာ့ဘြတ္ရွ္ရဲ႕ စစ္ပြဲကို ႀကိဳတင္ကာကြယ္ေရးဝါဒအျမင္အရ ၂ဝဝ၃ ခုႏွစ္မွာ အီရတ္ကိုက်ဴးေက်ာ္ တိုက္ခိုက္ခဲ့သလို၊ ၂ဝ၁၂ ခုႏွစ္ အိုဘားမားလက္ထက္မွာလည္း “ အာရွသို႔ ဆုံမွတ္” မဟာဗ်ဴဟာ အရ အေမရိကန္ရဲ႕ ပထဝီႏိုင္ငံေရး ရည္မွန္းခ်က္ေတြကို ျပန္လည္ခ်ိန္ညႇိတာလုပ္ခဲ့ပါတယ္။ အဲဒါက အေရွ႕အလယ္ပိုင္းက တန္ျပန္အၾကမ္းဖက္မႈတိုက္ဖ်က္ေရးကေန အာရွတိုက္အေရွ႕ပိုင္းမွာ အေမရိကန္ပါဝင္ပတ္သက္မႈ တိုးျမႇင့္ေရးဘဲျဖစ္ပါ တယ္။ ဒါကတ႐ုတ္ႏိုင္ငံ ဩဇာတက္လာတာကို ထိန္းခ်ဳပ္ေရးေပၚလစီရဲ႕ အစိတ္အပိုင္းတရပ္လည္းျဖစ္ပါတယ္။

“ ၁၉၆၅ ခုႏွစ္ကမာၻ႔ကုလသမဂၢရဲ႕ ဆုံးျဖတ္ခ်က္” 
မည္သည့္ႏိုင္ငံမွ တျခားႏိုင္ငံတႏိုင္ငံရဲ႕ ျပည္တြင္းေရးမွာ ဝင္ေရာက္စြက္ဖက္မႈမျပဳသင့္ပါဘူး။ ဒါဟာ ကမာၻ႔ကုလသမဂၢက ၁၉၆၅ ခုႏွစ္ အေထြေထြညီလာခံမွာ ခ်မွတ္ထားတဲ့ ဆုံးျဖတ္ခ်က္ပါ။ 

အဲဒီဆုံးျဖတ္ခ်က္မွာ “ႏိုင္ငံတစ္ႏိုင္ငံ၏ ျပည္တြင္းေရးကိုေသာ္လည္းေကာင္း၊ ျပည္ပေရးကိုေသာ္လည္းေကာင္း၊ တိုက္႐ိုက္ျဖစ္ေစ သြယ္ဝိုက္၍ျဖစ္ေစ၊ မည္သည့္ အေၾကာင္းေၾကာင့္ႏွင့္မွ်၊  မည္သည့္ႏိုင္ငံကမွ ဝင္ေရာက္ စြက္ဖက္ခြင့္မရွိ။ သို႔ျဖစ္၍ လက္နက္ကိုင္ က်ဴးေက်ာ္စြက္ဖက္ျခင္းႏွင့္ ႏိုင္ငံတႏိုင္ငံ၏ သူ႔ကိုယ္ပိုင္ အေရး သို႔မဟုတ္ ႏိုင္ငံတႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရး၊ ယဥ္ေက်းမႈတို႔ကို ဆန႔္က်င္ရန္ ၿခိမ္းေျခာက္ႀကိဳးပမ္းမႈ စသည့္ တျခားေသာ ဝင္ေရာက္စြက္ဖက္မႈပုံစံအားလုံးကို ပစ္တင္ရႈံ႕ခ်သည္။ မည္သည့္ႏိုင္ငံကမွ် တျခားႏိုင္ငံ အစိုးရကို ေသြးထြက္သံယိုနည္းျဖင့္ျဖဳတ္ခ်‌ျခင္း၊ သို႔မဟုတ္ တျခားႏိုင္ငံ၏ ျပည္တြင္းပဋိပကၡတြင္ ဝင္ေရာက္ စြက္ဖက္ျခင္းကို ရည္႐ြယ္သည့္ မည္သည့္ စည္း႐ုံးျခင္း၊ ေထာက္ပံ့ျခင္း၊ လႈံ႕ေဆာ္ျခင္း၊ ေငြေၾကးေထာက္ပံ့ျခင္း၊ ေျမႇာက္ပင့္ေပး ျခင္း၊ အဖ်က္အေမွာင့္လုပ္ကိုင္ျခင္း သို႔မဟုတ္ လက္နက္ကိုင္ လႈပ္ရွားျခင္းကိုမွ် မျပဳလုပ္ရ”လို႔ အတိအလင္း ဆိုထားပါတယ္။ 

ဒါေပမဲ့ အေမရိကန္ႏိုင္ငံျခားေရးေပၚလစီဟာ ေမွ်ာ္လင့္မထားတဲ့ လုပ္ရပ္ေတြနဲ႔၊ ကမာၻတဝွမ္းလုံးက  သက္ဆိုင္ရာႏိုင္ငံျပည္သူလူထုေတြကို စိုးရိမ္ပူပန္စိတ္ေတြ ဒုကၡေတြေပးၿပီး ကမာၻ႔ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ထိခိုက္ေစလ်က္ရွိပါတယ္။

အေမရိကန္ဝင္ေရာက္စြက္ဖက္တဲ့အက်ိဳးဆက္ေတြကေတာ့ လူ႔အသက္ေတြဆုံးရႈံးတာ၊ စီးပြား‌ေရး ၿပိဳလဲတာ နဲ႔ လူမႈေရး မတည္မၿငိမ္ျဖစ္တာေတြအျပင္၊ ႏိုင္ငံေတြ အစိတ္စိတ္အမႊာမႊာကြဲထြက္ၿပီး တစ္ကမာၻလုံး မတည္မၿငိမ္ ျဖစ္ေစတာဘဲ အဖတ္တင္ပါတယ္။ 

“ဝင္ေရာက္စြက္ဖက္တယ္ဆိုတာ အေမရိကန္နဲ႔ခြဲမရတဲ့ အက်င့္ဘဲ” လို႔ အေမရိကန္ႏိုင္ငံေရးသိပၸံ ပညာရွင္ ေရာဘတ္ ဂ်ားဗစ္ (Robert Jervis) က “အေမရိန္ရဲ႕ ဝင္ေရာက္စြက္ဖက္မႈအသစ္မ်ား” ဆိုတဲ့ စာအုပ္မိတ္ဆက္ ခ်က္မွာေရးပါတယ္။

ဂ်ားဗစ္က ဒီစာကို လြန္ခဲ့တဲ့ ၂၃ ႏွစ္ကေရးခဲ့တာျဖစ္ေပမဲ့ ဒီေန႔အထိလည္း မွန္ကန္ေနဆဲပါဘဲ။ သူတပါးႏိုင္ငံ ေတြရဲ႕ ျပည္တြင္းေရးေတြကို ဝင္ေရာက္စြက္ဖက္ၿပီး အဲဒီႏိုင္ငံအစိုးရကို သစၥာခံအျဖစ္သိမ္းသြင္းေလ့ရွိပါတယ္။ သူတို႔ရဲ႕ အဆုံးစြန္ရည္မွန္းခ်က္က အေမရိကန္ ဗိုလ္က်စိုးမိုးေရးဝါဒ တည္ၿမဲေစေရးပါ။
       ဒီလို ဝင္ေရာက္စြက္ဖက္တဲ့ ႏိုင္ငံျခားေရးမူဝါဒေၾကာင့္ တကမာၻလုံးက ျပည္သူေတြအၾကားမွာ စိုးရိမ္ ပူပန္မႈေတြနဲ႔ ဒုကၡပင္လယ္ေဝၿပီး ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ထိခိုက္ပ်က္စီးေစပါတယ္။
  သမိုင္းကို ျပန္လွန္ၾကည့္ေသာ္

၁၈ဝ၅ ခုႏွစ္ ဧၿပီနဲ႔ ေမလထဲမွာ အေမရိကန္ စစ္တပ္အရာရွိေဟာင္းနဲ႔  သံတမန္ေဟာင္းတဉီးျဖစ္တဲ့ ဝီလီယံ အိတြန္ (William Eaton ) ဟာ နန္းခ်ခံရတဲ့ ဟာမက္ ကရာမန္းလီ (Hamet Karamanli ) နဲ႔ မဟာမိတ္ဖြဲ႕ၿပီး၊ စစ္တပ္တတပ္ကို ဦးေဆာင္ကာ ဒါနာကို တိုက္ခိုက္ဖို႔ အလက္ဇႏၵရီးယားနဲ႔ အိဂ်စ္တို႔ကိုျဖတ္ၿပီး ထရီပိုလီ တန္းနီးယားက ပါရွားကို (ယ‌ေန႔ လစ္ဗ်ား) ကို ခ်ီတက္ခဲ့ပါတယ္။ သူတို႔ဟာ ထရီပိုလီတန္းနီးယားၿမိဳ႕ေတာ္ကို အေမရိကန္ စစ္သေဘၤာ ၃ စီးအကူအညီနဲ႔ တိုက္ခိုက္ခဲ့တဲ့အတြက္ ပါရွားဟာ အရႈံးေပးလိုက္ရပါတယ္။ ဒါဟာ သမိုင္းမွာ အေမရိကန္အလံကို ႏိုင္ငံျခားေျမေပၚမွာ ေအာင္ႏိုင္ျခင္းအထိမ္းအမွတ္နဲ႔လႊင့္ထူခဲ့တဲ့ ပထမဆုံးအႀကိမ္ ပါဘဲ။  

ဒီအျဖစ္အပ်က္က အေမရိကန္ႏိုင္ငံအေနနဲ႔ ႏိုင္ငံျခားအစိုးရအတြင္း အာဏာသိမ္းေရးႀကိဳးပမ္းမႈမွာ စစ္ေရး အရ ဝင္ေရာက္ စြက္ဖက္မႈရဲ႕ အေစာဆုံးျဖစ္ရပ္ဘဲျဖစ္ပါတယ္။ ဒါဟာ အေမရိကန္ရဲ႕ တကမာၻလုံး ၾသဇာလႊမ္းမိုး ‌ေရး တစိုက္မတ္မတ္လုပ္ေဆာင္ခ်က္ရဲ႕ အစျပဳခ်က္လည္းျဖစ္ပါတယ္။
အဲဒီအခ်ိန္ကတည္းကစၿပိး အေမရိကန္ဟာ ႏိုင္ငံရပ္ျခား က်ဴးေက်ာ္စစ္ေတြ ဆင္ႏႊဲခဲ့ပါတယ္။ အဲဒီလို ဆင္ႏႊဲတိုက္ခိုက္တဲ့အခါ ျပင္းျပင္းထန္တန္တိုက္ခိုက္ၿပီး အဲဒီ အစိုးရျပဳတ္က်သြားတဲ့အထိ တိုက္ခိုက္တာပါ။ 

ဒုတိယကမာၻစစ္အၿပီးကေန ၂ဝဝ၁ ခုႏွစ္ စာရင္းေတြအရ အေမရိကန္ျပည္ေထာင္စုဟာ ကမာၻ႔ေနရာေပါင္း ၁၅၃ ေနရာမွာ လက္နက္ကိုင္ပဋိပကၡေပါင္း ၂ဝ၁ ခုကို မီးထိုးေပးခဲ့တာေတြ႕ရပါတယ္။ အဲဒီအေရအတြက္က တကမာၻလုံးမွာ ျဖစ္ပြားခဲ့တဲ့ လက္နက္ကိုင္ ပဋိပကၡေတြအားလုံးရဲ႕ ၈ဝ ရာခိုင္ႏႈန္း ရွိပါတယ္။ ၂ဝဝ၁ ခုႏွစ္ကစၿပီး အေမရိကန္နဲ႔ သူ႔ရဲ႕မဟာမိတ္ေတြအေနနဲ႔ ႏိုင္ငံျခားတိုင္းျပည္ တစ္ခုခုအေပၚမွာ ပ်မ္းမွ်ျခင္းအားျဖင့္ တစ္ေန႔ကို ဗုံးအလုံး ၄၆ လုံးႏႈန္း ႀကဲခ်ခဲ့တယ္လို႔ သိရပါတယ္။
ဒီလို ဝင္ေရာက္စြက္ဖက္တဲ့အခါ “ဒီမိုကေရစီအေရး” တို႔ “လြတ္လပ္ေရး နဲ႔ လူ႔အခြင့္အေရး” တို႔ဆိုတာေတြ ကိုေခါင္းစဥ္တပ္ၿပီး တျခားႏိုင္ငံရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္တာပဲျဖစ္ပါတယ္။ အဲဒီလိုနဲ႔ အေရွ႕ လယ္ပိုင္း၊ လက္တင္အေမရိကနဲ႔ အေရွ႕ဉေရာပ ႏိုင္ငံေတြမွာ လူအမ်ားအျပားေသဆုံးၿပီး လူေနအေဆာက္အဉီး ေတြအမ်ားအျပား အဖ်က္ဆီးခံရပါတယ္။

ဥပမာအားျဖင့္ ယူဂိုဆလပ္ဗီးယားမွာ အေမရိကန္ဉီးေဆာင္တဲ့ ေနတိုး တပ္ဖြဲ႕ေတြက ၇၈ ရက္ၾကာ ေလေၾကာင္းကေနဝင္ေရာက္တိုက္ခိုက္ခဲ့လို႔၊ လူဦးေရ ၈ဝဝဝ ေသေၾကဒဏ္ရာရၿပီး လူတစ္သန္းေလာက္ အိုးမဲ့အိမ္မဲ့ ျဖစ္သြားပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံကို အေမရိကန္က ဝင္တိုက္ခိုက္တဲ့အတြက္  ၂ဝဝ၁ ခုႏွစ္ကေန ၂ဝ၂ဝ ဧၿပီလလယ္အထိ အာဖဂန္လူမ်ိဳး ၅ဝဝဝဝ ေလာက္ေသေၾကဒဏ္ရာရၿပီး၊ လူဦးေရ ၁၁ သန္း ေနရပ္စြန႔္ခြာထြက္ေျပး ဒုကၡသည္ ဘဝကိုေရာက္ရွိၾကရပါတယ္။ ဒါ့ျပင္ အီရတ္မွာလည္း လူဦးေရ ၂ဝဝဝဝဝ ေက်ာ္ေလာက္ ေသေၾကဒဏ္ရာရၾကသလို လစ္ဗ်ားႏိုင္ငံကိုလည္း ဝ႐ုန္းသုန္းကား ထိန္းမႏိုင္သိမ္းမရ အေျခအေနကို က်ေရာက္ေစပါတယ္။

ယခင္အေမရိကန္ သမၼတေဟာင္း ဂ်င္မီကာတာက “ အေမရိကန္ျပည္ေထာင္စုဟာ ကမာၻ႔သမိုင္းမွာ စစ္အလို လားဆုံးႏိုင္ငံပဲ” လို႔ ၂ဝ၁၉ ခုႏွစ္မွာတုန္းကေျပာခဲ့ဘူးပါတယ္။ အေမရိကန္ရဲ႕ ၂၄၂ ႏွစ္ၾကာ သက္တမ္းမွာ ၁၆ ႏွစ္ဘဲ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနခဲ့ရတယ္လို႔လည္း သူကဆိုပါတယ္။
အေမရိကန္ျပည္ေထာင္စုရဲ႕ တိုက္ခိုက္လုယက္တဲ့ သမိုင္းမွာ “သူ႔ရဲ႕ေတာင္းဆိုခ်က္ကို အလြယ္တကူမလိုက္ ေလ်ာတဲ့ အစိုးရေတြကို ျဖဳတ္ခ်ဖို႔အတြက္ အာဏာ

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နာပိုလီအသင်းရဲ့ချန်ပီယံဖြစ်မှုအောင်ပွဲခံချိန်အတွင်း မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူ လုပ်ကြံသတ်ဖြတ်ခဲ့ရဟုဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved