Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကြောင့် တောင်ကိုရီးယားနိုင်ငံကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ သမိုင်းဝင် ချစ်ကြည်ရေးခရီးသွားရောက်

ဂျန်ဇက် (NP News) - မေ ၇

တရုတ်ရဲ့သြဇာလွှမ်းမိုးဖို့ တိုးမြင့်လုပ်ဆောင်မှုတွေအပြင် မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေရှိနေချိန်မှာပဲ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါဟာ တောင်ကိုရီးယားနိုင်ငံကို သမိုင်းဝင်ချစ်ကြည်ရေးခရီးထွက်ခွာခဲ့ပြီး မေလ ၇ ရက်မှာ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ကီရှီဒါဟာ တောင်ကိုရီးယားနိုင်ငံကို နှစ်ပေါင်း ၁၂ နှစ်အတွင်း သွားရောက်တဲ့ ပထမဆုံး ဂျပန်ခေါင်း ဆောင်တစ်ဦးဖြစ်လာခဲ့ကြောင်းသိရပါတယ်။ ဂျပန်ဝန်ကြီးချုပ် နဲ့ တောင်ကိုရီးယားသမ္မတတို့ဟာ နှစ်နိုင်ငံကြား  နှစ်ပေါင်းများစွာကြာရှိနေတဲ့ သမိုင်းဝင် အငြင်းပွားမှုများကိုဖြေရှင်းနိုင်ဖို့ အနီးကပ်ဆောင် ရွက်လျက်ရှိနေကြောင်းသိရပါတယ်။ တောင်ကိုရီးယားသမ္မတဟာ ဂျပန်နိုင်ငံ နဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့ ကြိုးပမ်းမှုများကြောင့် ပြည်တွင်းအတိုက်အခံအုပ်စုများရဲ့ ဝေဖန်ပြစ်တင်မှုများရင်ဆိုင်နေရပါတယ်။ ဂျပန်နိုင်ငံဟာ တောင်ကိုရီးယားကို ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ၁၉၁ဝ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသားတွေကိုအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ၊ လိင်ကျေး ကျွန်အဖြစ် ခိုင်းစေမှုများရှိခဲ့ရာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာအငြင်းပွားနေခဲ့ပါတယ်။

တောင်ကိုရီးယားတရားရုံးချုပ်က ဂျပန်တို့အုပ်ချုပ်ချိန်ကာလအတွင်း လိင်ကျေးကျွန်အဖြစ်အသုံးချခံရသူတွေ၊ အဓမ္မလုပ်အားပေးခိုင်းစေခံရသူတွေအတွက် လျော်ကြေးပေးဖို့တောင်းဆိုထားပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟာ တောင်ကိုရီးယားခရီးစဉ်အတွင်း စစ်ပွဲကာလအတွင်း  ဂျပန်တို့လုပ်ရပ်များအတွက် ပြန်တောင်းပန်ဖွယ်ရှိတယ်လို့ လေ့လာသုံးသပ်မှုများရှိနေပေမယ့် မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ လုံခြုံရေးကိစ္စတွေ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အဓိကထားဖွယ်ရှိနေကြောင်း သိရပါတယ်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက "မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းနိုင်ဖို့ နဲ့ အင်ဒို-ပစိဖိတ်ဒေသလွတ်လပ်ပွင့်လင်းဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်ဖို့အခွင့်အရေးကောင်းတွေ ဖန်တီးမှာပါ" လို့ပြောပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ဒုံးကျည်အချို့ဟာ ဂျပန်နိုင်ငံကို ပျံသန်းပြီး ဂျပန်အထူးစီးပွားရေးဇုန်အတွင်းကျရောက်ခြင်းများလည်းရှိခဲ့ကြောင်းသိရပါတယ်။

zawgyi version

ေျမာက္ကိုရီးယားရဲ႕ၿခိမ္းေျခာက္မႈေတြေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံကို ဂ်ပန္ဝန္ႀကီးခ်ဳပ္ ကီရွီဒါ သမိုင္းဝင္ ခ်စ္ၾကည္ေရးခရီးသြားေရာက္

ဂ်န္ဇက္ (NP News) - ေမ ၇

တ႐ုတ္ရဲ႕ၾသဇာလႊမ္းမိုးဖို႔ တိုးျမင့္လုပ္ေဆာင္မႈေတြအျပင္ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ န်ဴကလီးယားနဲ႔ ဒုံးက်ည္ ၿခိမ္းေျခာက္မႈေတြရွိေနခ်ိန္မွာပဲ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီယို ကီရွီဒါဟာ ေတာင္ကိုရီးယားႏိုင္ငံကို သမိုင္းဝင္ခ်စ္ၾကည္ေရးခရီးထြက္ခြာခဲ့ၿပီး ေမလ ၇ ရက္မွာ ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္နဲ႔ ေတြ႕ဆုံေဆြးေႏြးမွာျဖစ္ပါတယ္။

ကီရွီဒါဟာ ေတာင္ကိုရီးယားႏိုင္ငံကို ႏွစ္ေပါင္း ၁၂ ႏွစ္အတြင္း သြားေရာက္တဲ့ ပထမဆုံး ဂ်ပန္ေခါင္း ေဆာင္တစ္ဦးျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ နဲ႔ ေတာင္ကိုရီးယားသမၼတတို႔ဟာ ႏွစ္ႏိုင္ငံၾကား  ႏွစ္ေပါင္းမ်ားစြာၾကာရွိေနတဲ့ သမိုင္းဝင္ အျငင္းပြားမႈမ်ားကိုေျဖရွင္းႏိုင္ဖို႔ အနီးကပ္ေဆာင္ ႐ြက္လ်က္ရွိေနေၾကာင္းသိရပါတယ္။ ေတာင္ကိုရီးယားသမၼတဟာ ဂ်ပန္ႏိုင္ငံ နဲ႔ ဆက္ဆံေရးပိုမိုေကာင္းမြန္ေစဖို႔ ႀကိဳးပမ္းမႈမ်ားေၾကာင့္ ျပည္တြင္းအတိုက္အခံအုပ္စုမ်ားရဲ႕ ေဝဖန္ျပစ္တင္မႈမ်ားရင္ဆိုင္ေနရပါတယ္။ ဂ်ပန္ႏိုင္ငံဟာ ေတာင္ကိုရီးယားကို က်ဴးေက်ာ္သိမ္းပိုက္ခဲ့တဲ့ ၁၉၁ဝ ခုႏွစ္မွ ၁၉၄၅ ခုႏွစ္အတြင္း ေတာင္ကိုရီးယားႏိုင္ငံသားေတြကိုအဓမၼ လုပ္အားေပးခိုင္းေစမႈေတြ၊ လိင္ေက်း ကြၽန္အျဖစ္ ခိုင္းေစမႈမ်ားရွိခဲ့ရာ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး ႏွစ္ႏိုင္ငံၾကား ႏွစ္ေပါင္းမ်ားစြာအျငင္းပြားေနခဲ့ပါတယ္။

ေတာင္ကိုရီးယားတရား႐ုံးခ်ဳပ္က ဂ်ပန္တို႔အုပ္ခ်ဳပ္ခ်ိန္ကာလအတြင္း လိင္ေက်းကြၽန္အျဖစ္အသုံးခ်ခံရသူေတြ၊ အဓမၼလုပ္အားေပးခိုင္းေစခံရသူေတြအတြက္ ေလ်ာ္ေၾကးေပးဖို႔ေတာင္းဆိုထားပါတယ္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ဟာ ေတာင္ကိုရီးယားခရီးစဥ္အတြင္း စစ္ပြဲကာလအတြင္း  ဂ်ပန္တို႔လုပ္ရပ္မ်ားအတြက္ ျပန္ေတာင္းပန္ဖြယ္ရွိတယ္လို႔ ေလ့လာသုံးသပ္မႈမ်ားရွိေနေပမယ့္ ေျမာက္ကိုရီးယားရဲ႕ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ရာမွာ လုံၿခဳံေရးကိစၥေတြ ပိုမိုပူးေပါင္းေဆာင္႐ြက္ဖို႔ အဓိကထားဖြယ္ရွိေနေၾကာင္း သိရပါတယ္။ 

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနတာဝန္ရွိသူတစ္ဦးက "ေျမာက္ကိုရီးယားရဲ႕ ၿခိမ္းေျခာက္မႈေတြကို ေျဖရွင္းႏိုင္ဖို႔ နဲ႔ အင္ဒို-ပစိဖိတ္ေဒသလြတ္လပ္ပြင့္လင္းဖို႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ တိုးျမင့္ဖို႔အခြင့္အေရးေကာင္းေတြ ဖန္တီးမွာပါ" လို႔ေျပာပါတယ္။

ေျမာက္ကိုရီးယားဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈမ်ား ဆက္တိုက္လုပ္ေဆာင္ခဲ့ရာ ဒုံးက်ည္အခ်ိဳ႕ဟာ ဂ်ပန္ႏိုင္ငံကို ပ်ံသန္းၿပီး ဂ်ပန္အထူးစီးပြားေရးဇုန္အတြင္းက်ေရာက္ျခင္းမ်ားလည္းရွိခဲ့ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ အကယ်ဒမီပေးပွဲအပြန်တွင် ရုတ်တရက်ကွယ်လွန်

RELATED POSTS
RECENT POSTS
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
07 Nov 2024
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
07 Nov 2024
အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
07 Nov 2024
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved