Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာလူကုန်ကူးဂိုဏ်းများလက်ထဲ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ပြန်ကယ်တင်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတပြော

ဂျန်ဇက် (NP News) - မေ ၆

အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာလူကုန်ကူးဂိုဏ်းတွေလက်ထဲမှာပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသား (၂ဝ)ဦးကို ပြန်လည်ကယ်တင်ဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သမ္မတ ဝီဒိုဒိုက "အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံရှိလူကုန်ကူးဂိုဏ်းများလက်ထဲမှာ ပိတ်မိနေတဲ့အင်ဒိုနီးရှားနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့ မြန်မာအဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်။ အင်ဒိုနီးရှားနိုင်ငံသားတွေ လိမ်လည်ခေါ်ယူခံခဲ့ရတာဖြစ်တယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာဖမ်းဆီးခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ပြန်လည်ကယ်တင်သွားမှာပါ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အင်ဒိုနီးရှား နိုင်ငံ သားတွေကို မိခင်နိုင်ငံထံ ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်"လို့ပြောပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံမှာဖမ်းဆီးခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ပြန်ကယ်တင်နိုင်ဖို့ မြန်မာနိုင်ငံရှိ အင်ဒိုနီးရှားသံရုံးအပြင် ထိုင်းနိုင်ငံရှိအင်ဒိုနီးရှားသံရုံးများနဲ့ချိတ်ဆက်ဆောင်ရွက်နေပြီး အင်ဒိုနီးရှားနိုင်ငံသားများကို ကာကွယ်ပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံသား ၂ဝ ဦးဟာ အွန်လိုင်းကတဆင့် အလုပ်ကိုင်အခွင့်လမ်းကောင်းများရမယ်လို့ လိမ်လည်ခေါ်ဆောင်ခံရပြီး မြန်မာနိုင်ငံကရင် ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အတွက်  အင်ဒိုနီးရှားအစိုးရထံအကူညီတောင်းထားကြောင်းသိရပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက "မြန်မာလူကုန်ကူး ဂိုဏ်းများရဲ့ဖမ်းဆီးခြင်းခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို သံတမန်ရေးအရ အကူအညီတောင်းခံမှုအပြင် လုပ်ဆောင်စရာရှိတာတွေလုပ်ဆောင်ထားပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလုပ်ဆောင်နေပါတယ်" လို့ပြောပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - မေ ၆





Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သမိုင်းတစ်လျှောက်အကြီးမားဆုံး စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်မယ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved