Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကနေဒါနိုင်ငံ အနောက်ပိုင်းတစ်ဝှမ်း မီးဘေးနဲ့ရေကြီးမှုတွေကြောင့် ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းနေ

ရောင်နီ (NP News) - မေ ၆

      ကနေဒါနိုင်ငံ အနောက်ပိုင်းမှာ သီတင်းတစ်ပတ်ကြာ စံချိန်တင် ပူပြင်းသော ရာသီဥတုကြောင့် အယ်လ်ဘာတာနေရာများမှာ တောမီးများအရှိန်ပြင်းပြင်းနဲ့ တောက်လောင်နေကာ ဆီးနှင်းများ အရည်ပျော်လာခြင်းကြောင့် ဘရစ်တစ်ကိုလံဘီယာအတွင်းပိုင်းတွင် ရေလျှံမှုများ ဖြစ်ပေါ်နေတာကြောင့် ထောင်နဲ့ချီသော နေထိုင်သူများ ဘေးလွတ်ရာရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။ 

      သောကြာနေ့ (မေလ ၅ ရက်)က အယ်လ်ဘာတာမှာ တောမီးလောင်ကျွမ်းမှု ၇၈ ကြိမ်ရှိခဲ့ပြီး လူပေါင်း (၁၃ဝဝဝ)ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ပါတယ်။  Little Red River Cree Nation နယ်မြေမှာ ၁၄၅၈ ဟက်တာရှိတဲ့ Fox Lake မီးလောင်မှုကြောင့် အိမ် ခြေ ၂ဝ နဲ့ ရဲစခန်းတို့ မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ ပြည်နယ်မြို့တော် အာမွန်တန် အနောက်ဘက် ကီလိုမီတာ ၁၄ဝ အကွာ၊ ဒရိုင်တန် တောင်ကြားရှိ နေထိုင်သူ ၇ဝဝဝ လုံးကိုလည်း ကြာသပတေးနေ့ ညနှောင်းပိုင်းက ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အမိန့်ထုတ်ခဲ့ပါတယ်။ ဒေသတွင်း ရေနံစုဆောင်းတဲ့ ပိုက်လိုင်းများနဲ့ လည်ပတ်နေတဲ့ Pembina Pipeline က အရေးပေါ်တုံ့ပြန်မှုနဲ့ ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်ခဲ့ပြီး "လက်ရှိ သို့မဟုတ် ခန့်မှန်းထားတဲ့ လည်ပတ်မှုဆိုင်ရာ သက်ရောက်မှုများကို အကဲဖြတ်နေတယ်" လို့ ပြောကြားခဲ့ပါတယ်။ 

အယ်လ်ဘာတာမှာ ယခုနှစ်အတွင်း တောမီး (၃၄၈)ကြိမ်ဖြစ်ပွားခဲ့ပြီး ဟက်တာ ၂၅ဝဝဝ ကျော် လောင်ကျွမ်းခဲ့ကြောင်း Alberta Wildfire ရဲ့ အချက်အလက်ယူနစ်မန်နေဂျာ ခရစ်စတီတက်ကာက ပြောကြားခဲ့ပါတယ်။ "ဒါဟာ မကြာသေးမီက ကျွန်တော်တို့ တွေ့ဖူးသမျှ ကာလတွေထက် တောမီးလှုပ်ရှားမှု သိသိသာသာ ပိုများပါတယ်" လို့ တက်ကာက သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး သောကြာနေ့မှာ တောမီးများ ပိုမိုပြင်းထန်လာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

တောမီးအခြေအနေကြောင့် ဘရစ်တစ်ကိုလံဘီယာ၊ ကက်ချီခရိခ် နဲ့ ဂရန်းဖော့ခ် အပါအဝင် ပြည်နယ်အတွင်းပိုင်းရှိ နေရာအများအပြားမှ အဝေးပြေးလမ်းများကို ပိတ်ထားပါတယ်။

        ပြီးခဲ့တဲ့ ရက်သတ္တပတ်အထိ ကနေဒါအနောက်ပိုင်းမှာ အေးခဲသော နွေဦးရာသီကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသော်လည်း မေလအစောပိုင်းမှာ ပျမ်းမျှထက် ၁ဝ မှ ၁၅ ဒီဂရီစင်တီဂရိတ်ထက် အပူချိန်များလျင်မြန်စွာ စတင်ခြင်းကြောင့် မီးလောင်ကျွမ်းမှုနဲ့ ရေလျှံမှုနှစ်မျိုးလုံး ဖြစ်ပွားခဲ့ပါတယ်။ မိုးသည်းထန်စွာရွာသွန်းခြင်း ဖြစ်လာနိုင်တာကြောင့် ဗြိတိန်ကိုလံဘီယာအစိုးရဟာ သောကြာနေ့က နောက်ထပ်ရေကြီးမှုများအတွက် ကြိုတင်ပြင်ဆင်ထားရန် ရပ်ရွာလူထုအား တိုက်တွန်းထားပါတယ်။

zawgyi version


ရောင်နီ (NP News) - မေ ၆






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာလူကုန်ကူးဂိုဏ်းများလက်ထဲ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ပြန်ကယ်တင်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved