Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လူ့အခွင့်ရေးအဖွဲ့တွေက တောင်းဆိုမှုတွေရှိနေချိန်မှာ အီရန်က အီရန်-ဆွီဒင်ဖွား တစ်ဦးကို သေဒဏ် အပြစ်ပေး

ဂျန်ဇက် (NP News) - မေ ၆

အီရန်အာဏာပိုင်တွေဟာ ဆွီဒင်-အီရန်နွယ်ဖွားတစ်ဦးကို အာရပ်ခွဲထွက်ရေးအဖွဲ့ခေါင်းဆာင်အဖြစ် စွပ်စွဲကာ သေဒဏ်ပေးကွပ်မျက်လိုက်ကြောင်းသိရပါတယ်။

နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့များက သေဒဏ်ပေးမှုများကို ရပ်တန့်ဖို့ တောင်းဆိုမှုတွေမြင့်တက်နေချိန်မှာပဲ အီရန်က သေဒဏ်အပြစ်ပေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်းသိရပါတယ်။ အီရန်အာဏာပိုင်တွေဟာ ၂ဝ၁၈ ခုနှစ်က လူပေါင်း ၂၅ ဦးသေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုအပါအဝင် စစ်ရေးပြအခမ်းအနားကိုတိုက်ခိုက်ခဲ့တဲ့ အာရပ်ခွဲထွက်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ Habib Farajollah Chaab ကို မေလ ၆ ရက်မှာ သေဒဏ်ပေးကွပ်မျက်ခဲ့ခြင်းဖြစ်ပါတယ်။

အီရန်အာဏာပိုင်တွေဟာ အဆိုပါ အာရပ်ခွဲထွက်ရေးအဖွဲ့ခေါင်းဆောင်ကို ၂ဝ၂၂ ခုနှစ်မှာစတင် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် မေလ ၆ ရက်မှာသေဒဏ်ပေးကွပ်မျက်လိုက်ခြင်းဖြစ်ပါတယ်။ ၎င်းဟာ အီရန်နိုင်ငံ အနောက်တောင်ပိုင်း Khuzestan ဒေသမှာခွဲထွက်ရေးလှုပ်ရှားမှုများလုပ်ကိုင်နေတဲ့ Arab Struggle Movement for the Liberation of Ahwaz အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ 

အဆိုပါအဖွဲ့ဟာ ဗုံးခွဲတိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများကို ကြံစည်လုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ကြောင်း သိရပါတယ်။ ဆွီဒင်အစိုးရကတော့ Chaab ကိုသေဒဏ်ပေးမှုများနဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရကြောင်း ဆိုပါတယ်။ အီရန်တရားရုံးချုပ်ဟာ ၂ဝ၂၃ ခုနှစ် နှစ် နှစ်စပိုင်းကတည်းက နှစ်နိုင်ငံသားခံယူထားသူ သုံးဦးကိုသေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ အီရန်တရားရုံးချုပ်ဟာ ဇန်နဝါရီလတုန်းက အီရန်-ဗြိတိန်နွယ်ဖွား Alireza Akbari ဆိုသူကို စပိုင်မှုနဲ့ သေဒဏ်ပေးခဲ့သလို ဧပြီလတုန်းကလည်း ဂျာမနီ-အီရန်ဖွားJamshid Sharmahd ဆိုသူကို ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခဲ့ကြောင်းသိရပါတယ်။ အီရန်နိုင်ငံဟာ ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် သေဒဏ်ပေးမှုအများဆုံးပြုလုပ်နေတဲ့  နိုင်ငံတွေထဲမှာ ပါဝင်လျက်ရှိနေကြောင်းသိရပါတယ်။

zawgyi version

လူ႔အခြင့္ေရးအဖြဲ႕ေတြက ေတာင္းဆိုမႈေတြရွိေနခ်ိန္မွာ အီရန္က အီရန္-ဆြီဒင္ဖြား တစ္ဦးကို ေသဒဏ္ အျပစ္ေပး

ဂ်န္ဇက္ (NP News) - ေမ ၆

အီရန္အာဏာပိုင္ေတြဟာ ဆြီဒင္-အီရန္ႏြယ္ဖြားတစ္ဦးကို အာရပ္ခြဲထြက္ေရးအဖြဲ႕ေခါင္းဆာင္အျဖစ္ စြပ္စြဲကာ ေသဒဏ္ေပးကြပ္မ်က္လိုက္ေၾကာင္းသိရပါတယ္။

ႏိုင္ငံတကာလူ႔အခြင့္ေရးအဖြဲ႕မ်ားက ေသဒဏ္ေပးမႈမ်ားကို ရပ္တန႔္ဖို႔ ေတာင္းဆိုမႈေတြျမင့္တက္ေနခ်ိန္မွာပဲ အီရန္က ေသဒဏ္အျပစ္ေပးမႈမ်ားဆက္လက္လုပ္ေဆာင္လ်က္ရွိေနေၾကာင္းသိရပါတယ္။ အီရန္အာဏာပိုင္ေတြဟာ ၂ဝ၁၈ ခုႏွစ္က လူေပါင္း ၂၅ ဦးေသဆုံးေစခဲ့တဲ့ တိုက္ခိုက္မႈအပါအဝင္ စစ္ေရးျပအခမ္းအနားကိုတိုက္ခိုက္ခဲ့တဲ့ အာရပ္ခြဲထြက္ေရးအဖြဲ႕ေခါင္းေဆာင္ျဖစ္သူ Habib Farajollah Chaab ကို ေမလ ၆ ရက္မွာ ေသဒဏ္ေပးကြပ္မ်က္ခဲ့ျခင္းျဖစ္ပါတယ္။

အီရန္အာဏာပိုင္ေတြဟာ အဆိုပါ အာရပ္ခြဲထြက္ေရးအဖြဲ႕ေခါင္းေဆာင္ကို ၂ဝ၂၂ ခုႏွစ္မွာစတင္ စုံစမ္းစစ္ေဆးခဲ့ၿပီးေနာက္ ေမလ ၆ ရက္မွာေသဒဏ္ေပးကြပ္မ်က္လိုက္ျခင္းျဖစ္ပါတယ္။ ၎ဟာ အီရန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Khuzestan ေဒသမွာခြဲထြက္ေရးလႈပ္ရွားမႈမ်ားလုပ္ကိုင္ေနတဲ့ Arab Struggle Movement for the Liberation of Ahwaz အဖြဲ႕ရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။ 


အဆိုပါအဖြဲ႕ဟာ ဗုံးခြဲတိုက္ခိုက္မႈမ်ား၊ အၾကမ္းဖက္မႈမ်ားကို ႀကံစည္လုပ္ေဆာင္ေနတဲ့အဖြဲ႕အစည္းျဖစ္ေၾကာင္း သိရပါတယ္။ ဆြီဒင္အစိုးရကေတာ့ Chaab ကိုေသဒဏ္ေပးမႈမ်ားနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈျဖစ္ရေၾကာင္း ဆိုပါတယ္။ အီရန္တရား႐ုံးခ်ဳပ္ဟာ ၂ဝ၂၃ ခုႏွစ္ ႏွစ္ ႏွစ္စပိုင္းကတည္းက ႏွစ္ႏိုင္ငံသားခံယူထားသူ သုံးဦးကိုေသဒဏ္အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။ အီရန္တရား႐ုံးခ်ဳပ္ဟာ ဇန္နဝါရီလတုန္းက အီရန္-ၿဗိတိန္ႏြယ္ဖြား Alireza Akbari ဆိုသူကို စပိုင္မႈနဲ႔ ေသဒဏ္ေပးခဲ့သလို ဧၿပီလတုန္းကလည္း ဂ်ာမနီ-အီရန္ဖြားJamshid Sharmahd ဆိုသူကို ဗုံးခြဲတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ေသဒဏ္အျပစ္ေပးခဲ့ေၾကာင္းသိရပါတယ္။ အီရန္ႏိုင္ငံဟာ ကမာၻေပၚရွိ ႏိုင္ငံမ်ားအနက္ ေသဒဏ္ေပးမႈအမ်ားဆုံးျပဳလုပ္ေနတဲ့  ႏိုင္ငံေတြထဲမွာ ပါဝင္လ်က္ရွိေနေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မီးလောင်မှုများကြောင့် နှစ်စဥ် ငွေကျပ်(၁၅)ဘီလျံနီးပါး ဆုံးရှုံးနေရကြောင်း ဒုတပ်ချုပ်ဆို

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved