ယူကရိန်းသမ္မတဟာ အနောက်အုပ်စုရဲ့ရုပ်သေးရုပ် နဲ့ လက်ကိုင်တုတ်ဖြစ်ကြောင်း ရုရှားအစိုးရဝေဖန်
ဂျန်ဇက် (NP News) - မေ ၆
ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံများကြားဖြစ်ပွားနေတဲ့တင်းမာမှုတွေကိုတွေ့ဆုံဆွေးနွေးရမှာဖြစ်ကြောင်း၊အဲဒီတွေ့ဆုံဆွေးနွေးပွဲများကို ယူကရိန်းသမ္မတဇီလန်စကီးပါဝင်ခွင့်မပေးသင့်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂေးလာရောဗ့်ကပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုပ်သေးရုပ်ဖြစ်ပြီး လက်ကိုင်တုတ်အဖြစ် အသုံးချခံနေရသူဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးဆာဂေးလာရောဗ့်က "ရုရှားဟာ အမေရိကန်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးဖို့ ဘယ်တော့မှ ငြင်းဆန်မှာမဟုတ်ဘူး၊ အမေရိကန်ဟာ ရုရှားကိုတိုက်ခိုက်ဖို့ ယူကရိန်းလက်နက်တွေနဲ့အတူ ဂြိုလ်တုတွေကတဆင့် ဓါတ်ပုံတွေကို ကူညီပေးနေတယ်။ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ပထဝီနိုင်ငံရေးအငြင်းပွားမှုတွေဆိုတာ လူတိုင်းသိပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ပထဝီနိုင်ငံရေး အငြင်းပွားမှုတွေကို ဖြေရှင်းခြင်းမျိုးမရှိဘဲ အခြားသူတွေအပေါ် သူတို့လုပ်လိုတဲ့အတိုင်း ပိတ်ဆို့မှုများချမှတ်ခဲ့တယ်။ ဒါ့ပြင် အနောက်အုပ်စုဟာ အခြားနိုင်ငံတွေအပေါ်လိုသလို ပုံဖော်စွပ်စွဲနေတာမျိုးတွေရှိနေတယ်။ ဒီလိုမျိုးတွေလုပ်နေမယ်ဆိုရင် ယူကရိန်းပြသာနာကို ဖြေရှင်းနိုင်မှာမဟုတ်သလို ကမ္ဘာမှာဖြစ်ပွားနေတဲ့ ပြသာနာတွေကိုလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး" လို့ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ တရုတ်နိုင်ငံကအဆိုပြုခဲ့တဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်စေမယ့် ငြိမ်းချမ်းရေးအချက် ၁၂ ချက်ကိုအခြေခံပြီး ယူကရိန်းစစ်ပွဲကိုဖြေရှင်းနိုင်ဖို့ စီစဉ်သင့်ကြောင်း ပြောဆိုပါတယ်။ ၎င်းက "ယူကရိန်းစစ်ပွဲအဆုံးသတ်စေဖို့ ဆွေးနွေးရာမှာ ယူကရိန်းသမ္မတနဲ့တော့ ဆွေးနွေးမှာမဟုတ်ဘူး၊ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အနောက်အုပ်စုရဲ့ရုပ် သေးရုပ်ဖြစ်ပြီး လက်ကိုင်တုတ်ဖြစ်ပါတယ်။ ဇီလန်စကီးကို ညွှန်ကြားနေတဲ့ ဆရာကြီးတွေနဲ့သာ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမယ်။ တွေ့ဆုံဆွေးနွေးမှုတွေကို အနှေးနဲ့အမြန်လုပ်လိုတယ်" လို့ပြောပါတယ်။
zawgyi version
ဂျန်ဇက် (NP News) - မေ ၆
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ခွင့်ပြုခဲ့
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ