ပြင်ဦးလွင်မြို့တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့ရှိ
Pearl (NP News) - မေ ၅
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့ (မေလ ၄ ရက်)၊ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ နောင်ပိန်ကျေးရွာ နှင့် ကျောက်မဲလေး ကျေးရွာကြားတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုင်ရှင်မဲ့အလောင်း သေဆုံးနေသည်မှာ (၁)ပတ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း အထက်ပါလူမှုကူညီရေးအသင်းမှဆိုသည်။
သေဆုံးသူသည် အမျိုးသားတစ်ဦးဖြစ်ပြီး အသက်အရွယ်ခန့်မှန်း၍ မရကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါရုပ်အလောင်းအား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ျပင္ဦးလြင္ၿမိဳ႕တြင္ ပိုင္ရွင္မဲ့ အမ်ိဳးသားအေလာင္းေတြ႕ရွိ
Pearl (NP News) - ေမ ၅
မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ပိုင္ရွင္မဲ့ အမ်ိဳးသားအေလာင္းေတြ႕ရွိခဲ့ေၾကာင္း သႏၲိသုခ အခမဲ့လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယမန္ေန႔ (ေမလ ၄ ရက္)၊ ညေနပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ေနာင္ပိန္ေက်း႐ြာ ႏွင့္ ေက်ာက္မဲေလး ေက်း႐ြာၾကားတြင္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပိုင္ရွင္မဲ့အေလာင္း ေသဆုံးေနသည္မွာ (၁)ပတ္ခန႔္ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း အထက္ပါလူမႈကူညီေရးအသင္းမွဆိုသည္။
ေသဆုံးသူသည္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး အသက္အ႐ြယ္ခန႔္မွန္း၍ မရေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ႐ုပ္အေလာင္းအား ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းသို့ ရုရှားခရီးသွားများ လွယ်ကူစွာဝင်ရောက်နိုင်ရန် လေကြောင်းနှင့် ငွေကြေးသုံးစွဲမှု ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း