Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံသည် အနောက်နိုင်ငံများနှင့်မတူဘဲ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မျိုးကြီး (NP News) - မေ ၅

တရုတ်နိုင်ငံသည် အနောက်နိုင်ငံများနှင့်မတူဘဲ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာချင်ကန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ NP News မှ ဗိုလ်ချုပ်ဇော်မင်းထွန်းအား မေးမြန်းရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးမစ္စတာချင်ကန်းသည် မြန်မာနိုင်ငံသို့ မေလ ၂ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ၊ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


မစ္စတာချင်ကန်း၏ မြန်မာနိုင်ငံခရီးသည် အောင်မြင်မှုရှိသော ခရီးစဉ်တစ်ရပ်ဖြစ်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖြစ်ပေါ်လာမည်ဟု နစကပြောခွင့်ရက ဆိုသည်။


“နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုရှိလာမယ်။ စီးပွားရေးအရရော၊ လူမှုရေးအရရော၊ နိုင်ငံရေးအရရော ပူးပေါင်းဆောင်ရွက်မှုပိုမိုရှိလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ မြန်မာနိုင်ငံရဲ့ ပြည် တွင်းရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့က ကျန်တဲ့အနောက်နိုင်ငံတွေနဲ့မတူတဲ့ သဘောထားရပ် တည်မှုမျိုးရှိတယ်။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တရုတ်အနေနဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်လျက်ရှိတယ်။ သူကတော့ ကျွန်တော်တို့ ဆွေးနွေးမှုအရရော၊ ငွေကြေးဆိုင်ရာကိစ္စအရရော အမြဲတမ်းလုပ်ဆောင်ပေးလျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မစ္စတာချင်ကန်း၏ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးညွှန်ချုပ်နှင့်အဖွဲ့သည် ဧပြီလ လလယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကာ နစကအဖွဲ့ဝင်များအပါအဝင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အကြံပြုတာလို့ တည်ငြိမ်အေးချမ်းရေးနဲ့ပတ်သက်လို့ နည်းလမ်းရှာတာတို့၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တရားဝင်လာတဲ့ အစိုးရကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်အနေနဲ့ လာတွေ့တာ ဖြစ်နိုင်တယ်။ နောက်ပိုင်း ဒီထက်ကြီးတဲ့ ခေါင်းဆောင်တွေလည်း လာနိုင်တယ်” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ပြောဆိုထားသည်။

ထို့ပြင် နစကမှ ကျင်းပမည့် ရွေးကောက်ပွဲအပေါ် တရုတ်နိုင်ငံမှ ထောက်ခံလာနိုင်ကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းလာနိုင်ကြောင်းနှင့် မြန်မာ့နိုင်ငံရေးထွက်ပေါက်အတွက် အလားအလာကောင်းနိုင်ကြောင်း ဒေါက်တာအေးမောင်က ဆက်လက်သုံးသပ်ထားသည်။

zawgyi version

တ႐ုတ္ႏိုင္ငံသည္ အေနာက္ႏိုင္ငံမ်ားႏွင့္မတူဘဲ ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလိုလားဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ

မ်ိဳးႀကီး (NP News) - ေမ ၅

တ႐ုတ္ႏိုင္ငံသည္ အေနာက္ႏိုင္ငံမ်ားႏွင့္မတူဘဲ ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို လိုလားသည့္ ႏိုင္ငံတစ္ခုျဖစ္ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးမစၥတာခ်င္ကန္း၏ ျမန္မာႏိုင္ငံခရီးစဥ္ႏွင့္ပတ္သက္၍ NP News မွ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းအား ေမးျမန္းရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံျခားေရးဝန္ႀကီးမစၥတာခ်င္ကန္းသည္ ျမန္မာႏိုင္ငံသို႔ ေမလ ၂ ရက္တြင္ ေရာက္ရွိလာခဲ့ျခင္းျဖစ္ၿပီး နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ႏိုင္ငံျခားေရးဝန္ႀကီးဦးသန္းေဆြ၊ အၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊတို႔ႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

မစၥတာခ်င္ကန္း၏ ျမန္မာႏိုင္ငံခရီးသည္ ေအာင္ျမင္မႈရွိေသာ ခရီးစဥ္တစ္ရပ္ျဖစ္ၿပီး ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံအၾကား စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုျဖစ္ေပၚလာမည္ဟု နစကေျပာခြင့္ရက ဆိုသည္။

“ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုရွိလာမယ္။ စီးပြားေရးအရေရာ၊ လူမႈေရးအရေရာ၊ ႏိုင္ငံေရးအရေရာ ပူးေပါင္းေဆာင္႐ြက္မႈပိုမိုရွိလာမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ ျမန္မာႏိုင္ငံရဲ႕ ျပည္ တြင္းေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံအေနနဲ႔က က်န္တဲ့အေနာက္ႏိုင္ငံေတြနဲ႔မတူတဲ့ သေဘာထားရပ္ တည္မႈမ်ိဳးရွိတယ္။ ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးကို လိုလားပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံအေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားကို ထဲထဲဝင္ဝင္ ပါဝင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

“ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီးေတာ့ တ႐ုတ္အေနနဲ႔ကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ထဲထဲဝင္ဝင္ပါဝင္ေဆာင္႐ြက္လ်က္ရွိတယ္။ သူကေတာ့ ကြၽန္ေတာ္တို႔ ေဆြးေႏြးမႈအရေရာ၊ ေငြေၾကးဆိုင္ရာကိစၥအရေရာ အၿမဲတမ္းလုပ္ေဆာင္ေပးလ်က္ရွိပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

မစၥတာခ်င္ကန္း၏ ျမန္မာႏိုင္ငံ ခရီးစဥ္မတိုင္မီ တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ႏိုင္ငံတကာဆက္ဆံေရးၫႊန္ခ်ဳပ္ႏွင့္အဖြဲ႕သည္ ဧၿပီလ လလယ္ပိုင္းတြင္ ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့ကာ နစကအဖြဲ႕ဝင္မ်ားအပါအဝင္ အၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ၊ သမၼတေဟာင္း ဦးသိန္းစိန္တို႔ႏွင့္လည္း ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လို႔ အႀကံျပဳတာလို႔ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ပတ္သက္လို႔ နည္းလမ္းရွာတာတို႔၊ ပူးေပါင္းေဆာင္႐ြက္ေရးတို႔ကို တရားဝင္လာတဲ့ အစိုးရကိုယ္စားျပဳတဲ့ ပုဂၢိဳလ္အေနနဲ႔ လာေတြ႕တာ ျဖစ္ႏိုင္တယ္။ ေနာက္ပိုင္း ဒီထက္ႀကီးတဲ့ ေခါင္းေဆာင္ေတြလည္း လာႏိုင္တယ္” ဟု ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္က သုံးသပ္ေျပာဆိုထားသည္။

ထို႔ျပင္ နစကမွ က်င္းပမည့္ ေ႐ြးေကာက္ပြဲအေပၚ တ႐ုတ္ႏိုင္ငံမွ ေထာက္ခံလာႏိုင္ေၾကာင္း၊ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံနယ္စပ္ တည္ၿငိမ္ေအးခ်မ္းလာႏိုင္ေၾကာင္းႏွင့္ ျမန္မာ့ႏိုင္ငံေရးထြက္ေပါက္အတြက္ အလားအလာေကာင္းႏိုင္ေၾကာင္း ေဒါက္တာေအးေမာင္က ဆက္လက္သုံးသပ္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြင်ဦးလွင်မြို့တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့ရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved