Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်ကို တွန်းလှန်နိုင်ဖို့အတွက် ထိုင်ဝမ်က စစ်မှုမထမ်းမနေရ အစီအစဉ်ကို ၄ လ မှ ၁ နှစ် သက်တမ်းတိုးမယ်

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၇

ထိုင်ဝမ်ဟာ စစ်မှုမထမ်းမနေရအစီအစဉ်ကို လက်ရှိ ၄ လမှ ၁ နှစ်ထိ သက်တမ်းတိုးမှာဖြစ် ကြောင်း ဒီဇင်ဘာလ ၂၇ ရက်၊ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်ရဲ့ ရုံးဟာ အင်္ဂါနေ့ နံနက်က ကျွန်းရဲ့အရပ်ဘက်ကာကွယ်ရေးကို အားဖြည့်ဆွေးနွေးဖို့ အမျိုးသားလုံခြုံရေးအစည်းအဝေး ခေါ်ယူခဲ့ပြီး စစ်မှုမထမ်းမနေရအစီအစဉ်ကို ဒီဇင်ဘာလ ၂၇ ရက်၊ အင်္ဂါနေ့မှာ ကြေညာမှာဖြစ်ကြောင်း အတည်ပြုကာ စနစ်သစ်ဟာ ၂ဝ၂၄ ခုနှစ်မှာ စတင် အသက်ဝင်မှာဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၆ ရက်၊ တနင်္လာနေ့နှောင်းပိုင်းက အရပ်ဘက်ကာကွယ်ရေးအစီအမံများဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီနဲ့ အဓိကအတိုက်အခံ ကူမင်တန်တို့ လက်အောက်ရှိ ယခင်အစိုးရများဟာ စစ်မှုမထမ်းမနေရ အမျိုးသားများအတွက် တာဝန်ထမ်းဆောင်မှုကို နှစ်နှစ်မှ လေးလအထိ လျှော့ချခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ စစ်မှုထမ်းတပ်မှ ပရော်ဖက်ရှင်နယ် တပ်ဖွဲ့တစ်ခုသို့ တဖြည်းဖြည်း ပြောင်းလဲလာခြင်းဟာ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုဖြစ်လာနိုင်ပြီး၊ ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်ရန်ကို ကာကွယ်ရန်ဖြစ်တယ်လို့ ယူဆရပါတယ်။ ပေကျင်းရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ငြင်းဆိုထားတဲ့ ထိုင်ဝမ်ဟာ ဒီဇင်ဘာလ ၂၆ ရက်၊ တနင်္လာနေ့က တရုတ်လေတပ်မှ လေယာဉ်များ ကျွန်းရဲ့လေကြောင်းရန် ကာကွယ် ရေးသတ်မှတ်ဇုန်သို့ ကျုးကျော်ဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရုတ်လေယာဉ် ၄၃ စင်းဟာ တရားဝင်မဟုတ်တဲ့ကြားခံများကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ တိုင်ပေသို့ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် သြဂုတ်လလမှစ တရုတ်ဟာ ထိုင်ဝမ်အနီးမှာ စစ်ကစားမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ပေကျင်းရဲ့အုပ်ချုပ်မှုကို လက်ခံဖို့ မကြာသေးမီနှစ်များအတွင်းက ထိုင်ဝမ်ကို ၎င်းရဲ့သံတမန်ရေး၊ စစ်ရေးနဲ့ စီးပွားရေးဖိအားများကို အရှိန်မြှင့်ခဲ့ပါတယ်။ ထိုင်ဝမ်အစိုးရကတော့ ထိုင်ဝမ်လူမျိုးများသာ ၎င်းတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်ပြီး တိုက်ခိုက်ခံရပါက မိမိကိုယ်ကို ကာကွယ်သွားမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။

Zawgyi Version;








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ အိမ်ခန်းပေါင်း(၁၉ဝဝ)ကျော်ကို လာမည့်နှစ် မတ်လတွင် အပြီးတည်ဆောက်သွားမည်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved