အခြားနိုင်ငံတွေရဲ့စစ်ရေးဆောင်ရွက်မှုများအတွက် ဖိလစ်ပိုင် ပိုင်နက်တွေကို အသုံးပြုခွင့်ပေးမှာမဟုတ်ကြောင်း သမ္မတဖာဒီနန်မာကိုစ့် ဂျူနီယာ ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NP News) - မေ ၁
ဖိလစ်ပိုင်အစိုးရဟာ အခြားနိုင်ငံတွေရဲ့ စစ်ရေးဆောင်ရွက်မှုများအတွက် ဖိလစ်ပိုင်နိုင်ငံပိုင် နက်တွေကို အသုံးပြုခွင့်ပေးသွားမှာမဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်သမ္မတဟာ လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံဆွေး နွေးဖို့ အမေရိကန်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်မတိုင်မီ အခုလိုမျိုးပြောခဲ့တာဖြစ် ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ အာရှဒေသအတွင်းမှာ တရုတ်ရဲ့သြဇာလွှမ်း မိုးဖို့ ကြိုးပမ်းနေတာတွေကိုရင်ဆိုင်ဖို့ ကြိုးပမ်းလျက်ရှိနေရာ ဖိလစ်ပိုင်ဟာ မကြာသေးမီက အမေရိကန်တပ်ဖွဲ့တွေကို အမေရိကန်နိုင်ငံအတွင်း စစ်အခြေစိုက်စခန်းအသစ်တွေတည် ဆောက်ဖို့ခွင့်ပေးခဲ့ပါတယ်။
ဒါပေမယ့်ဖိလစ်ပိုင်သမ္မတက "ကျွန်တော်တို့ဟာ အခြားနိုင်ငံတစ်နိုင်ငံက ရန်စကျူးကျော်မယ့်လုပ်ရပ်တွေကို အားပေးမှာမဟုတ်ဘူး။ ဖိလစ်ပိုင်နိုင်ငံရဲ့ပိုင်နက်တွေကိုလည်း စစ်ရေးဆောင်ရွက်မှုများအတွက် အသုံးပြုခွင့်ပေးမှာမဟုတ်ဘူး" လို့ပြောပါတယ်။
အမေရိကန်အစိုးရက တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အတွင်း ရန်စမှုများ၊ ဘေးကင်းလုံခြုံမှုမရှိအောင်လုပ်ဆောင်ခြင်းများကို ရပ်တန့်စေလိုကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက "ဖိလစ်ပိုင်တပ် ဖွဲ့တွေကို တိုက်ခိုက်လာမယ်ဆိုရင်တော့ အမေရိကန်ဘက်က တုံ့ပြန်ရမှာဖြစ်တယ်"လို့ပြောပါတယ်။ အမေရိကန် နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ၁၉၅၁ ခုနှစ်က ကာကွယ်ရေးအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်လက်မှတ်ရေးထိုးထားကြောင်းသိရပါတယ်။
မကြာသေးမီက တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ နဲ့ တရုတ်စစ်သင်္ဘောများကြား ထိပ်တိုက်တွေ့ဆုံမှုအခြေအနေမျိုးတွေရှိခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံဟာတောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ ပိုင်နက်နယ်မြေ အငြင်းပွားနေပြီး အမေရိကန်တပ်ဖွဲ့တွေကို ဖိလစ်ပိုင် ပိုင်နက် နယ်မြေများအတွက် ပိုမိုဖြန့်ကျက်ချထားမယ့်ကိစ္စကိုလည်း ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရပါတယ်။
zawgyi version
အျခားႏိုင္ငံေတြရဲ႕စစ္ေရးေဆာင္႐ြက္မႈမ်ားအတြက္ ဖိလစ္ပိုင္ ပိုင္နက္ေတြကို အသုံးျပဳခြင့္ေပးမွာမဟုတ္ေၾကာင္း သမၼတဖာဒီနန္မာကိုစ့္ ဂ်ဴနီယာ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ေမ ၁
ဖိလစ္ပိုင္အစိုးရဟာ အျခားႏိုင္ငံေတြရဲ႕ စစ္ေရးေဆာင္႐ြက္မႈမ်ားအတြက္ ဖိလစ္ပိုင္ႏိုင္ငံပိုင္ နက္ေတြကို အသုံးျပဳခြင့္ေပးသြားမွာမဟုတ္ေၾကာင္း ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ ဂ်ဴနီယာက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဖိလစ္ပိုင္သမၼတဟာ လာမယ့္ရက္ပိုင္းအတြင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ေတြ႕ဆုံေဆြး ေႏြးဖို႔ အေမရိကန္ႏိုင္ငံကို သြားေရာက္မယ့္ခရီးစဥ္မတိုင္မီ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ ေၾကာင္း သိရပါတယ္။ အေမရိကန္အစိုးရဟာ အာရွေဒသအတြင္းမွာ တ႐ုတ္ရဲ႕ၾသဇာလႊမ္း မိုးဖို႔ ႀကိဳးပမ္းေနတာေတြကိုရင္ဆိုင္ဖို႔ ႀကိဳးပမ္းလ်က္ရွိေနရာ ဖိလစ္ပိုင္ဟာ မၾကာေသးမီက အေမရိကန္တပ္ဖြဲ႕ေတြကို အေမရိကန္ႏိုင္ငံအတြင္း စစ္အေျခစိုက္စခန္းအသစ္ေတြတည္ ေဆာက္ဖို႔ခြင့္ေပးခဲ့ပါတယ္။
ဒါေပမယ့္ဖိလစ္ပိုင္သမၼတက "ကြၽန္ေတာ္တို႔ဟာ အျခားႏိုင္ငံတစ္ႏိုင္ငံက ရန္စက်ဴးေက်ာ္မယ့္လုပ္ရပ္ေတြကို အားေပးမွာမဟုတ္ဘူး။ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ပိုင္နက္ေတြကိုလည္း စစ္ေရးေဆာင္႐ြက္မႈမ်ားအတြက္ အသုံးျပဳခြင့္ေပးမွာမဟုတ္ဘူး" လို႔ေျပာပါတယ္။
အေမရိကန္အစိုးရက တ႐ုတ္ႏိုင္ငံအေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္အတြင္း ရန္စမႈမ်ား၊ ေဘးကင္းလုံၿခဳံမႈမရွိေအာင္လုပ္ေဆာင္ျခင္းမ်ားကို ရပ္တန႔္ေစလိုေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတိေပးခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မက္သ႐ူးမီလာက "ဖိလစ္ပိုင္တပ္ ဖြဲ႕ေတြကို တိုက္ခိုက္လာမယ္ဆိုရင္ေတာ့ အေမရိကန္ဘက္က တုံ႔ျပန္ရမွာျဖစ္တယ္"လို႔ေျပာပါတယ္။ အေမရိကန္ နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ဟာ ၁၉၅၁ ခုႏွစ္က ကာကြယ္ေရးအျပန္အလွန္ပူးေပါင္းေဆာင္႐ြက္ေရးစာခ်ဳပ္လက္မွတ္ေရးထိုးထားေၾကာင္းသိရပါတယ္။
မၾကာေသးမီက ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕ နဲ႔ တ႐ုတ္စစ္သေဘၤာမ်ားၾကား ထိပ္တိုက္ေတြ႕ဆုံမႈအေျခအေနမ်ိဳးေတြရွိခဲ့ေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္မွာ ဖိလစ္ပိုင္နဲ႔ ပိုင္နက္နယ္ေျမ အျငင္းပြားေနၿပီး အေမရိကန္တပ္ဖြဲ႕ေတြကို ဖိလစ္ပိုင္ ပိုင္နက္ နယ္ေျမမ်ားအတြက္ ပိုမိုျဖန႔္က်က္ခ်ထားမယ့္ကိစၥကိုလည္း ေဝဖန္ျပစ္တင္ခဲ့ေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Wagner အကြီးအကဲက ယူကရိန်းရဲ့ တန်ပြန်တိုက်ခိုက်မှုဟာ ရုရှားအတွက် ကြေကွဲစရာဖြစ်လာနိုင်ကြောင်း သတိပေး
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ