ဧရာဝတီမြစ်အတွင်းရေဆင်းချိုးသော အမျိုးသားတစ်ဦး ရေနစ်သေဆုံး
Pearl (NP News) - ဧပြီ ၃ဝ
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဧရာဝတီမြစ်အတွင်းရေဆင်းချိုးသော အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၂၉ ရက်)၊ ညနေ (၅)နာရီခွဲအချိန်ခန့်တွင် ချမ်းအေးသာစံမြို့ နယ်၊ ၃၄ လမ်းအနီးရှိ ဧရာဝတီမြစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ်တွင်နေထိုင်သော အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးသည် အ မြောက်ကြီးနှစ်လက်ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးခဲ့ကြောင်း သိရသည်။
ထိုသို့ရေဆင်းချိုးရာမှ ၎င်းသည် ရေစီးဖြင့်မျောပါသွားပြီး အဆိုပါနေရာနှင့် မလှမ်းမကမ်းတွင် နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
"သူက အမရပူရမှာနေတာ။ သုံးဘီးအငှားမောင်းတဲ့လူ။ အမြောက်ကြီးနှစ်လက်ရေဆိပ်မှာ ရေဆင်းချိုးရင်း ရေစီးထဲမျောပြီး အဲဒီနေရာနဲ့ မလှမ်းမကမ်းမှာမြုပ်သွားတာ။ ရှာဖွေကယ် ဆယ်ရေးတွေလုပ်တော့ သင်္ဘော(၂)စီးရပ်ထားတဲ့ကြားမှာ Dead Body ပြန်တွေ့တယ်" ဟု ဒေသခံလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
လက်ရှိတွင် အဆိုပါရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ဧရာဝတီျမစ္အတြင္းေရဆင္းခ်ိဳးေသာ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံး
Pearl (NP News) - ဧၿပီ ၃ဝ
မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ ဧရာဝတီျမစ္အတြင္းေရဆင္းခ်ိဳးေသာ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၂၉ ရက္)၊ ညေန (၅)နာရီခြဲအခ်ိန္ခန႔္တြင္ ခ်မ္းေအးသာစံၿမိဳ႕ နယ္၊ ၃၄ လမ္းအနီးရွိ ဧရာဝတီျမစ္အတြင္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အမရပူရၿမိဳ႕နယ္တြင္ေနထိုင္ေသာ အသက္(၂၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ အ ေျမာက္ႀကီးႏွစ္လက္ဆိပ္ကမ္းမွ ဧရာဝတီျမစ္အတြင္းေရဆင္းခ်ိဳးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေရဆင္းခ်ိဳးရာမွ ၎သည္ ေရစီးျဖင့္ေမ်ာပါသြားၿပီး အဆိုပါေနရာႏွင့္ မလွမ္းမကမ္းတြင္ နစ္ျမဳပ္သြားခဲ့ေၾကာင္း သိရသည္။
"သူက အမရပူရမွာေနတာ။ သုံးဘီးအငွားေမာင္းတဲ့လူ။ အေျမာက္ႀကီးႏွစ္လက္ေရဆိပ္မွာ ေရဆင္းခ်ိဳးရင္း ေရစီးထဲေမ်ာၿပီး အဲဒီေနရာနဲ႔ မလွမ္းမကမ္းမွာျမဳပ္သြားတာ။ ရွာေဖြကယ္ ဆယ္ေရးေတြလုပ္ေတာ့ သေဘၤာ(၂)စီးရပ္ထားတဲ့ၾကားမွာ Dead Body ျပန္ေတြ႕တယ္" ဟု ေဒသခံလူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
လက္ရွိတြင္ အဆိုပါ႐ုပ္အေလာင္းအား မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံကို ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြိမ်(၅ဝ)မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်သန်း(၅ဝဝဝ)နီးပါး ရရှိထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း