Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဝေလငါးအန်ဖတ်များကို တွေ့ရှိခဲ့ပြီးနောက် အလွန်ကံကောင်းသူတစ်ဦးအဖြစ် ချီးကျူးသတ်မှတ်ခံနေရတဲ့ ထိုင်းအမျိုးသား

Pika (NP News) - ဧပြီ ၂၇

ထိုင်းနိုင်ငံတွင် အလွန်ကံကောင်းသော ငါးဖမ်းသမားတစ်ဦးသည် ထိုင်းနိုင်ငံအရှေ့ပိုင်း ရနောင်းမြို့ရှိ ကမ်းခြေတွင် လမ်းလျှောက်နေစဥ် (၃)ကီလိုဂရမ်အလေးချိန်ရှိ ဝေလငါးအန်ဖတ်ကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါဝေလငါးအန်ဖတ်သည် ဘတ်(၃)သန်းဖြင့်‌ ရောင်းချနိုင်သည်အထိ တန်ဖိုးရှိကြောင်းလည်းသိရသည်။ အဆိုပါအန်ဖတ်သည် ဝေလငါးသုတ်ပိုးအပါအဝင် ဝေလငါးမျိုးစိတ်အချို့၏ အစာခြေစနစ်တွင် တန်ဖိုးကြီးသော ပစ္စည်းများဖြစ်ကြောင်းသိရသည်။ အဆိုပါအန်ဖတ်သည် ဝေလငါး၏ခန္ဓာကိုယ်အစိတ် အပိုင်းတစ်ခုချင်းစီကို ဖြတ်သွားပြီးနောက် ရလာသော အစိုင်အခဲတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

အန်ဖတ်သည် ဝေလငါးများထွေးထုတ်လိုက်ချိန်တွင် မစင်ကဲ့သို့ အနံ့မျိုးရနိုင်သော်လည်း ရေဆေး၍နေလှန်းလိုက်ပြီးချိန်တွင် ထူးခြားသော အနံတစ်ခုထွက်လာကြောင်း ထွက်ပေါ်နေသော သတင်းများအရသိရသည်။ အဆိုပါအန်ဖတ်ကို ဈေးကြီးသော ရေမွှေးများတွင် ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြပြီး ရှားပါးသည့်အတွက် ဈေးကြီးစွာဖြင့်ရောင်းချကြောင်းသိရသည်။ 

ရနောင်းမြို့ မှ အသက်(၃၆) နှစ်အရွယ်ရှိ တံငါသည် Chuwit Senanoi သည် Klaeng ခရိုင်ရှိ ကမ်းခြေတွင် ပုစွန်များနှင့် ဂဏန်းများကို ရှာဖွေနေစဥ် အဖိုးတန်သောဝေလငါး၏ အန်ဖတ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ HTMS Prasae Memorial ကမ်းခြေရှိ သဲသောင်ပြင်ပေါ်တွင် လမ်းလျှောက်နေချိန် ပြန့်ကျဲနေသော ဝေလငါးအန်ဖတ် (၅)ခုကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Chuwit Senanoi ကပြောကြားခဲ့သည်။ သို့ သော်လည်း ကျွမ်းကျင်သူများက အဆိုပါအန်ဖတ်သည် အစစ်ဟုတ်/မဟုတ် အတည်ပြုနေသည့်အတွက် အတည်ပြုချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အဆိုပါအန်ဖတ်သည် ဝေလငါးအန်ဖတ်စစ်ကြောင်း အတည်ပြုပြီးသည်နှင့်ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ အဆိုပါဝေလငါးအန်ဖတ်သည် Grade A ambergris ဟု သတ်မှတ်ခံရမည်ဆိုလျှင် တစ်ကီလိုလျှင် ဘတ်(၁)သန်းအထိ တန်ဖိုးရှိကြောင်းသိရသည်။ 

၂ဝ၂ဝ ခုနှစ်တွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ Nakhon Si Thammarat မှ အမျိုးသားတစ်ဦးသည် ကမ်းခြေပေါ်တွင် အလေးချိန် ၁ဝဝ ကီလိုဂရမ်ခန့်ရှိသော ဝေလငါးအန်ဖတ်များကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လျင်မြန်စွာချမ်းသာလာခဲ့ကြောင်းသိရသည်။ ၎င်းသည် အဆိုပါဝေလငါးအန်ဖတ်ကို ဘတ်(၁၄၃)သန်းဖြင့်ရောင်းချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

zawgyi version

ေဝလငါးအန္ဖတ္မ်ားကို ေတြ႕ရွိခဲ့ၿပီးေနာက္ အလြန္ကံေကာင္းသူတစ္ဦးအျဖစ္ ခ်ီးက်ဴးသတ္မွတ္ခံေနရတဲ့ ထိုင္းအမ်ိဳးသား

Pika (NP News) - ဧၿပီ ၂၇

ထိုင္းႏိုင္ငံတြင္ အလြန္ကံေကာင္းေသာ ငါးဖမ္းသမားတစ္ဦးသည္ ထိုင္းႏိုင္ငံအေရွ႕ပိုင္း ရေနာင္းၿမိဳ႕ရွိ ကမ္းေျခတြင္ လမ္းေလွ်ာက္ေနစဥ္ (၃)ကီလိုဂရမ္အေလးခ်ိန္ရွိ ေဝလငါးအန္ဖတ္ကိုေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

အဆိုပါေဝလငါးအန္ဖတ္သည္ ဘတ္(၃)သန္းျဖင့္‌ ေရာင္းခ်ႏိုင္သည္အထိ တန္ဖိုးရွိေၾကာင္းလည္းသိရသည္။ အဆိုပါအန္ဖတ္သည္ ေဝလငါးသုတ္ပိုးအပါအဝင္ ေဝလငါးမ်ိဳးစိတ္အခ်ိဳ႕၏ အစာေျခစနစ္တြင္ တန္ဖိုးႀကီးေသာ ပစၥည္းမ်ားျဖစ္ေၾကာင္းသိရသည္။ အဆိုပါအန္ဖတ္သည္ ေဝလငါး၏ခႏၶာကိုယ္အစိတ္ အပိုင္းတစ္ခုခ်င္းစီကို ျဖတ္သြားၿပီးေနာက္ ရလာေသာ အစိုင္အခဲတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။

အန္ဖတ္သည္ ေဝလငါးမ်ားေထြးထုတ္လိုက္ခ်ိန္တြင္ မစင္ကဲ့သို႔ အနံ႔မ်ိဳးရႏိုင္ေသာ္လည္း ေရေဆး၍ေနလွန္းလိုက္ၿပီးခ်ိန္တြင္ ထူးျခားေသာ အနံတစ္ခုထြက္လာေၾကာင္း ထြက္ေပၚေနေသာ သတင္းမ်ားအရသိရသည္။ အဆိုပါအန္ဖတ္ကို ေဈးႀကီးေသာ ေရေမႊးမ်ားတြင္ ပါဝင္ပစၥည္းအျဖစ္ အသုံးျပဳၾကၿပီး ရွားပါးသည့္အတြက္ ေဈးႀကီးစြာျဖင့္ေရာင္းခ်ေၾကာင္းသိရသည္။ 

ရေနာင္းၿမိဳ႕ မွ အသက္(၃၆) ႏွစ္အ႐ြယ္ရွိ တံငါသည္ Chuwit Senanoi သည္ Klaeng ခ႐ိုင္ရွိ ကမ္းေျခတြင္ ပုစြန္မ်ားႏွင့္ ဂဏန္းမ်ားကို ရွာေဖြေနစဥ္ အဖိုးတန္ေသာေဝလငါး၏ အန္ဖတ္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ HTMS Prasae Memorial ကမ္းေျခရွိ သဲေသာင္ျပင္ေပၚတြင္ လမ္းေလွ်ာက္ေနခ်ိန္ ျပန႔္က်ဲေနေသာ ေဝလငါးအန္ဖတ္ (၅)ခုကိုေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း Chuwit Senanoi ကေျပာၾကားခဲ့သည္။ သို႔ ေသာ္လည္း ကြၽမ္းက်င္သူမ်ားက အဆိုပါအန္ဖတ္သည္ အစစ္ဟုတ္/မဟုတ္ အတည္ျပဳေနသည့္အတြက္ အတည္ျပဳခ်က္ကို ေစာင့္ဆိုင္းေနျခင္းျဖစ္ေၾကာင္း ၎ကေျပာၾကားခဲ့သည္။

အဆိုပါအန္ဖတ္သည္ ေဝလငါးအန္ဖတ္စစ္ေၾကာင္း အတည္ျပဳၿပီးသည္ႏွင့္ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ၎ကေျပာဆိုခဲ့သည္။ အဆိုပါေဝလငါးအန္ဖတ္သည္ Grade A ambergris ဟု သတ္မွတ္ခံရမည္ဆိုလွ်င္ တစ္ကီလိုလွ်င္ ဘတ္(၁)သန္းအထိ တန္ဖိုးရွိေၾကာင္းသိရသည္။ 

၂ဝ၂ဝ ခုႏွစ္တြင္ ထိုင္းႏိုင္ငံေတာင္ပိုင္းရွိ Nakhon Si Thammarat မွ အမ်ိဳးသားတစ္ဦးသည္ ကမ္းေျခေပၚတြင္ အေလးခ်ိန္ ၁ဝဝ ကီလိုဂရမ္ခန႔္ရွိေသာ ေဝလငါးအန္ဖတ္မ်ားကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ လ်င္ျမန္စြာခ်မ္းသာလာခဲ့ေၾကာင္းသိရသည္။ ၎သည္ အဆိုပါေဝလငါးအန္ဖတ္ကို ဘတ္(၁၄၃)သန္းျဖင့္ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂ဝ၂၃ ခုနှစ်က မြန်မာနိုင်ငံမှာ အပူချိန်အမြင့်ဆုံးနှစ် ဖြစ်လာဖွယ်ရှိနေဟုဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved