Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်း၏ လက်တွေ့မကျသော ‌တောင်းဆိုမှုများက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပိတ်ပင်သလိုဖြစ်နေဟု ရုရှားဝေဖန်

Pika (NP News) - ဧပြီ ၂၇

ယူကရိန်း၏လက်တွေ့ မကျသော တောင်းဆိုချက်များသည် ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်စေမည့် ငြိမ်းချမ်းရေးဆွေးနွေးမှုလမ်းကြောင်းကို ပိတ်ရပ်နေခြင်းမျိုးဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာရီယာဇာခါရိုဗာက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတဇီလန်စကီးနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ကြား ဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်ပြီး ၎င်းကယင်းကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုသည် ရုရှားတို့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့သည့် (၂ဝ၂၂)ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ယူကရိန်းသမ္မတဇီလန်စကီးနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ ပထမဆုံးအကြိမ် စကားပြောဆိုဖူးခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ရုရှားနှင့် ယူကရိန်းကြားဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့သော တရုတ်၏ကြိုးပမ်းအားထုတ်မှုများကို မာရီယာဇာခါရိုဗာက ချီးကျူးခဲ့ကြောင်းလည်းသိရသည်။

ငြိမ်းချမ်းရေးလမ်းစဥ်အတွက် ရုရှားနှင့်တရုတ်တို့၏ ရည်မှန်းချက်များသည် လိုက်လျောညီထွေမှုရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ ရုရှားနှင့်ယူကရိန်းကြား ဆွေးနွေးမှုများလုပ်ဆောင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ် နွေဦးရာသီတွင် စေ့စပ်ညှိနှိုင်းမှုများ ပျက်ပြားသွားခြင်းအတွက် ယူကရိန်းကို မာရီယာဇာခါရိုဗာကပြစ်တင်ဝေဖန်ခဲ့သည်။ ယူကရိန်းက ရုရှားသည် မကြာသေးမီက ရုရှားသိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများကို ပြန်ပေးပြီး လက်နက်ချမည်ဆိုလျှင် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်မည်ဖြစ် ကြောင်းပြောဆိုထားသည်။

သို့သော်လည်း ယူကရိန်း၏အဆိုပါတောင်းဆိုချက်များကို ရုရှားဖက်က လက်မခံနိုင်ကြောင်းပြောဆိုခဲ့ပြီး ပယ်ချခဲ့ကြောင်းလည်းသိရသည်။ ပြီးခဲ့သည့်နှစ်အောက်တိုဘာလတွင် ယူကရိန်းသမ္မတဇီလန်စကီးသည် ရုရှားသမ္မတပူတင်နှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် မဖြစ်နိုင်ကြောင်း ကြေညာထားသည့် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ယူကရိန်းငြိမ်းချမ်းရေးအတွက် အချက်(၁၂)ချက်ပါသော သဘောတူညီချက်ကို ထုတ်ဖော်ပြသခဲ့သည့် တရုတ်နိုင်ငံက ရုရှားနှင့်ယူကရိန်းပဋိပက္ခသည် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ပြီးမှသာလျှင် အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း အခိုင် အမာပြောဆိုခဲ့သည်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများ သည် ရုရှားကို ပြစ်တင်ဝေဖန်ခဲ့ကြသော်လည်း တရုတ်နိုင်ငံက ရုရှား၏လုပ်ရပ်ကို ပြစ်တင်ရှုတ်ချရန် ငြင်းဆိုခဲ့ကြောင်းလည်းသိရသည်။

zawgyi version

ယူကရိန္း၏ လက္ေတြ႕မက်ေသာ ‌ေတာင္းဆိုမႈမ်ားက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ပိတ္ပင္သလိုျဖစ္ေနဟု ႐ုရွားေဝဖန္ 

Pika (NP News) - ဧၿပီ ၂၇

ယူကရိန္း၏လက္ေတြ႕ မက်ေသာ ေတာင္းဆိုခ်က္မ်ားသည္ ႐ုရွားႏွင့္ယူကရိန္းၾကားျဖစ္ပြားေနေသာ ပဋိပကၡကို အဆုံးသတ္ေစမည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈလမ္းေၾကာင္းကို ပိတ္ရပ္ေနျခင္းမ်ိဳးျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဌာနေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီး မာရီယာဇာခါ႐ိုဗာက ေျပာၾကားခဲ့သည္။

ယူကရိန္းသမၼတဇီလန္စကီးႏွင့္ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔ၾကား ဖုန္းေခၚဆိုမႈႏွင့္ပတ္သက္ၿပီး ၎ကယင္းကဲ့သို႔ မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္သည္။ အဆိုပါ ဖုန္းေခၚဆိုမႈသည္ ႐ုရွားတို႔ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့သည့္ (၂ဝ၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္း ယူကရိန္းသမၼတဇီလန္စကီးႏွင့္ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔ ပထမဆုံးအႀကိမ္ စကားေျပာဆိုဖူးျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ႐ုရွားႏွင့္ ယူကရိန္းၾကားျဖစ္ပြားေနေသာ ပဋိပကၡကို အဆုံးသတ္ရန္အတြက္ ေစ့စပ္ညႇိႏႈိင္းမႈမ်ားကို ျပန္လည္စတင္ရန္ ႀကိဳးပမ္းခဲ့ေသာ တ႐ုတ္၏ႀကိဳးပမ္းအားထုတ္မႈမ်ားကို မာရီယာဇာခါ႐ိုဗာက ခ်ီးက်ဴးခဲ့ေၾကာင္းလည္းသိရသည္။

ၿငိမ္းခ်မ္းေရးလမ္းစဥ္အတြက္ ႐ုရွားႏွင့္တ႐ုတ္တို႔၏ ရည္မွန္းခ်က္မ်ားသည္ လိုက္ေလ်ာညီေထြမႈရွိေၾကာင္း ၎ကေျပာၾကားခဲ့သည္။ ႐ုရွားႏွင့္ယူကရိန္းၾကား ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့ေသာ္လည္း ၿပီးခဲ့သည့္ႏွစ္ ေႏြဦးရာသီတြင္ ေစ့စပ္ညႇိႏႈိင္းမႈမ်ား ပ်က္ျပားသြားျခင္းအတြက္ ယူကရိန္းကို မာရီယာဇာခါ႐ိုဗာကျပစ္တင္ေဝဖန္ခဲ့သည္။ ယူကရိန္းက ႐ုရွားသည္ မၾကာေသးမီက ႐ုရွားသိမ္းပိုက္ထားေသာ ယူကရိန္းနယ္ေျမမ်ားကို ျပန္ေပးၿပီး လက္နက္ခ်မည္ဆိုလွ်င္ ေစ့စပ္ညႇိႏႈိင္းမႈမ်ား ျပန္လည္စတင္ႏိုင္မည္ျဖစ္ ေၾကာင္းေျပာဆိုထားသည္။

သို႔ေသာ္လည္း ယူကရိန္း၏အဆိုပါေတာင္းဆိုခ်က္မ်ားကို ႐ုရွားဖက္က လက္မခံႏိုင္ေၾကာင္းေျပာဆိုခဲ့ၿပီး ပယ္ခ်ခဲ့ေၾကာင္းလည္းသိရသည္။ ၿပီးခဲ့သည့္ႏွစ္ေအာက္တိုဘာလတြင္ ယူကရိန္းသမၼတဇီလန္စကီးသည္ ႐ုရွားသမၼတပူတင္ႏွင့္ ေစ့စပ္ညႇိႏႈိင္းမႈမ်ားျပဳလုပ္ရန္ မျဖစ္ႏိုင္ေၾကာင္း ေၾကညာထားသည့္ အမိန႔္တစ္ခုကို လက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလတြင္ ယူကရိန္းၿငိမ္းခ်မ္းေရးအတြက္ အခ်က္(၁၂)ခ်က္ပါေသာ သေဘာတူညီခ်က္ကို ထုတ္ေဖာ္ျပသခဲ့သည့္ တ႐ုတ္ႏိုင္ငံက ႐ုရွားႏွင့္ယူကရိန္းပဋိပကၡသည္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား လုပ္ေဆာင္ၿပီးမွသာလွ်င္ အဆုံးသတ္ႏိုင္မည္ျဖစ္ေၾကာင္း အခိုင္ အမာေျပာဆိုခဲ့သည္။ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ျခင္းႏွင့္ပတ္သက္ၿပီး အေနာက္အုပ္စုႏိုင္ငံမ်ား သည္ ႐ုရွားကို ျပစ္တင္ေဝဖန္ခဲ့ၾကေသာ္လည္း တ႐ုတ္ႏိုင္ငံက ႐ုရွား၏လုပ္ရပ္ကို ျပစ္တင္ရႈတ္ခ်ရန္ ျငင္းဆိုခဲ့ေၾကာင္းလည္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝေလငါးအန်ဖတ်များကို တွေ့ရှိခဲ့ပြီးနောက် အလွန်ကံကောင်းသူတစ်ဦးအဖြစ် ချီးကျူးသတ်မှတ်ခံနေရတဲ့ ထိုင်းအမျိုးသား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved