ဧရာဝတီမြစ်အတွင်း မိသားစုလိုက်ရေဆင်းကူးရာမှ (၁၃)နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် (၃)ဦး ရေနစ်သေဆုံး
စော (NP News) - ဧပြီ ၂၇
ပဲခူးတိုင်း ၊ ပြည်မြို့တွင် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာမှ (၁၃)နှစ်အရွယ်ကလေးအပါအဝင် (၆)ဦးရေနစ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၂၆ ရက်)၊ ညနေ (၅)နာရီအချိန်တွင် ပဲခူးတိုင်း၊ ပြည်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ မိသားစုလိုက်ရေဆင်းချိုးရာမှ မိသားစုဝင်(၆)ဦးလုံး ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိသားစုလိုက်ရေဆင်းချိုးတယ်လို့ကြားပါတယ်။ နှစ်ယောက်ကိုတော့ မနေ့က(၇)နာရီမှာတွေ့တယ်။ ဒီမနက်(၆)နာရီမှာ တစ်ယောက်ထပ်တွေ့တယ်။ ပထမရေနစ်တော့ အမျိုးသမီး(၃)ယောက်က သတိတွေဘာတွေလစ်တာပေါ့။ ဆေးရုံရောက်မှ သတိရတာပါ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဥ်ကြောင့် အသက်(၁၃)နှစ်အရွယ်ကလေးအပါအဝင် အမျိုးသား(၃)ဦး သေဆုံးခဲ့ပြီး သတိလစ်နေသည့် အမျိုးသမီး(၃) ဦးအား ပြည်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။
zawgyi version
ဧရာဝတီျမစ္အတြင္း မိသားစုလိုက္ေရဆင္းကူးရာမွ (၁၃)ႏွစ္အ႐ြယ္ကေလးတစ္ဦး အပါအဝင္ (၃)ဦး ေရနစ္ေသဆုံး
ေစာ (NP News) - ဧၿပီ ၂၇
ပဲခူးတိုင္း ၊ ျပည္ၿမိဳ႕တြင္ ဧရာဝတီျမစ္အတြင္း ေရဆင္းကူးရာမွ (၁၃)ႏွစ္အ႐ြယ္ကေလးအပါအဝင္ (၆)ဦး ေရနစ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၂၆ ရက္)၊ ညေန (၅)နာရီအခ်ိန္တြင္ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)မွ သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ မိသားစုလိုက္ေရဆင္းခ်ိဳးရာမွ မိသားစုဝင္(၆)ဦးလုံး ေရနစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မိသားစုလိုက္ေရဆင္းခ်ိဳးတယ္လို႔ၾကားပါတယ္။ ႏွစ္ေယာက္ကိုေတာ့ မေန႔က(၇)နာရီမွာေတြ႕တယ္။ ဒီမနက္(၆)နာရီမွာ တစ္ေယာက္ထပ္ေတြ႕တယ္။ ပထမေရနစ္ေတာ့ အမ်ိဳးသမီး(၃)ေယာက္က သတိေတြဘာေတြလစ္တာေပါ့။ ေဆး႐ုံေရာက္မွ သတိရတာပါ”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ျပည္)မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္ေၾကာင့္ အသက္(၁၃)ႏွစ္အ႐ြယ္ကေလးအပါအဝင္ အမ်ိဳးသား(၃)ဦး ေသဆုံးခဲ့ၿပီး သတိလစ္ေနသည့္ အမ်ိဳးသမီး(၃) ဦးအား ျပည္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ျပည္)မွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာအောင်မြေမြို့နယ်တွင် ငွေကျပ်သိန်း(၁ဝဝဝ)ကျော်တန်ဖိုးရှိ Happy Water များဖမ်းဆီးရမိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း