Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရသေ့တောင်မြို့၌ AA လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နိုင်ငံတော်ပိုင်ပစ္စည်းအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့

NP News - ဧပြီ ၂၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ AA လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နိုင်ငံတော်ပိုင်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

AA လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်သည် ယနေ့ (ဧပြီလ ၂၄ ရက်)၊ နံနက် ၅ နာရီအချိန်ခန့်တွင် ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်ရှိ ဆေးရုံဝန်ထမ်းအိမ်ရာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ULA/AA အဖွဲ့အစည်းအတွင်းမှ ဆန့်ကျင်ထွက်ပြေးခဲ့သော AA အရာရှိတစ်ဦး ဦးဆောင်သည့်အဖွဲ့အား လိုက်လံဖမ်းဆီးရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့ဒေသခံများက ပြောဆိုကြသည်။

AA လက်နက်ကိုင်အဖွဲ့မှ လူအင်အား ၂ဝ ခန့်သည် ရသေ့တောင်မြို့ ဆေးရုံဝန်ထမ်းအိမ်အရာအနီး၌ ထွက်ပြေးခဲ့သောအဖွဲ့အား လာရောက်ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည့်အပြင် ဆေးရုံဝန်ထမ်းအိမ်ရာအ ဆောက်အဦးမှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အဲဒီဖြစ်စဉ်က မှန်ပါတယ်။ သူတို့တွေ ထွက်ပြေးတယ်ဆိုတာကိုလည်း သိတယ်။ သူတို့က ဖမ်းမယ်ဆိုတာကိုလည်း သိတယ်။ သို့ပေမယ့် ဒီလိုမလုပ်ဖို့ကိုတော့ တစ်ဖက်ကို အသိပေးပြီးလည်း ဖြစ်တယ်။ သို့သော်လည်း ဒါတွေကို သူတို့က လုပ်ဆောင်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတော်ပိုင်ပစ္စည်းတွေ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ရှိတယ်။ ဒါတွေနဲ့ပတ်သက်လို့ တရားဝင် ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ်” ဟု ရခိုင်ပြည်နယ်အခြေစိုက် ထိပ်ပိုင်းလုံခြုံရေးအရာရှိတစ်ဦးက NP News ကို ပြောသည်။

တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြားတွင် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် သြဂုတ်လအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းတွင် နှစ်ဖက်အကြား ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားသော်လည်း ရခိုင်ပြည်နယ်ရှိ မြို့ပေါ်များ၌ ယခုကဲ့သို့ အပြုအမှုများကို ခွင့်ပြုထားခြင်းမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

“ဒီလိုလုပ်ဆောင်တာတွေကလည်း တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်တာနဲ့ လေးစားမှုကိုတော့ ထိခိုက်စေတာပေါ့နော်” ဟု အထက်ပါလုံခြုံရေးအရာရှိက ဆိုသည်။

AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ရန်ကုန်-စစ်တွေကားလမ်းပေါ်၌ ဂိတ်ဖွင့်ကာ ယာဉ်များအား ပိုက်ဆံတောင်းခံခြင်း၊ ဒေသခံများအား နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ကာ ငွေတောင်းခံခြင်းအပါအဝင် ၎င်းတို့၏ ပြုမူလုပ်ဆောင်များသည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေသည့်လုပ်ဆောင်မှုမျိုး မဟုတ်ကြောင်းလည်း ၎င်းက သုံးသပ်ပြောဆိုထားသည်။

“သူတို့ ဒီလိုဝင်လာတာကို ကျွန်တော်တို့ လက်တုံ့ပြန်လို့ မရဘူးလားဆိုတော့ ရတာပေါ့။ ချက်ချင်း မြို့ထဲမှာ တိုက်ပွဲတွေ ဖြစ်သွားမှာပေါ့။ ဒါတွေကို ကျွန်တော်တို့ အဖွဲ့တွေအနေနဲ့ တော်တော်လေးကိုမှ ထိန်း ထိန်းသိမ်းသိမ်းလုပ်ဆောင်နေရတယ်။ လက်ရှိ တည်ငြိမ်နေတာလေးကို ပျက်စီးသွားမှာ စိုးလို့” ဟု အထက်ပါလုံခြုံရေးအရာရှိက ဆက်လက်ပြောဆိုထားသည်။

zawgyi version

ရေသ့ေတာင္ၿမိဳ႕၌ AA လက္နက္ကိုင္အဖြဲ႕ အခ်င္းခ်င္းၾကား အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ႏိုင္ငံေတာ္ပိုင္ပစၥည္းအခ်ိဳ႕ ထိခိုက္ပ်က္စီးမႈရွိခဲ့

NP News - ဧၿပီ ၂၄

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕၌ AA လက္နက္ကိုင္အဖြဲ႕ အခ်င္းခ်င္းၾကား အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ႏိုင္ငံေတာ္ပိုင္အေဆာက္အဦးအခ်ိဳ႕ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။

AA လက္နက္ကိုင္အဖြဲ႕ အခ်င္းခ်င္းၾကား ပစ္ခတ္တိုက္ခိုက္မႈျဖစ္စဥ္သည္ ယေန႔ (ဧၿပီလ ၂၄ ရက္)၊ နံနက္ ၅ နာရီအခ်ိန္ခန႔္တြင္ ရေသ့ေတာင္ၿမိဳ႕၊ ေခ်ာင္းဝရပ္ကြက္ရွိ ေဆး႐ုံဝန္ထမ္းအိမ္ရာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ULA/AA အဖြဲ႕အစည္းအတြင္းမွ ဆန႔္က်င္ထြက္ေျပးခဲ့ေသာ AA အရာရွိတစ္ဦး ဦးေဆာင္သည့္အဖြဲ႕အား လိုက္လံဖမ္းဆီးရာတြင္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရေသ့ေတာင္ၿမိဳ႕ေဒသခံမ်ားက ေျပာဆိုၾကသည္။

AA လက္နက္ကိုင္အဖြဲ႕မွ လူအင္အား ၂ဝ ခန႔္သည္ ရေသ့ေတာင္ၿမိဳ႕ ေဆး႐ုံဝန္ထမ္းအိမ္အရာအနီး၌ ထြက္ေျပးခဲ့ေသာအဖြဲ႕အား လာေရာက္ပစ္ခတ္တိုက္ခိုက္ရာ အျပန္အလွန္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ 

အဆိုပါပစ္ခတ္မႈျဖစ္စဥ္အတြင္း ထိခိုက္ဒဏ္ရာရရွိသူမ်ားရွိခဲ့သည့္အျပင္ ေဆး႐ုံဝန္ထမ္းအိမ္ရာအ ေဆာက္အဦးမွာလည္း ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“အဲဒီျဖစ္စဥ္က မွန္ပါတယ္။ သူတို႔ေတြ ထြက္ေျပးတယ္ဆိုတာကိုလည္း သိတယ္။ သူတို႔က ဖမ္းမယ္ဆိုတာကိုလည္း သိတယ္။ သို႔ေပမယ့္ ဒီလိုမလုပ္ဖို႔ကိုေတာ့ တစ္ဖက္ကို အသိေပးၿပီးလည္း ျဖစ္တယ္။ သို႔ေသာ္လည္း ဒါေတြကို သူတို႔က လုပ္ေဆာင္ခဲ့တယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့မွ ႏိုင္ငံေတာ္ပိုင္ပစၥည္းေတြ ထိခိုက္နစ္နာဆုံးရႈံးမႈေတြ ရွိတယ္။ ဒါေတြနဲ႔ပတ္သက္လို႔ တရားဝင္ ျပင္းျပင္းထန္ထန္ ကန႔္ကြက္သြားမယ္” ဟု ရခိုင္ျပည္နယ္အေျခစိုက္ ထိပ္ပိုင္းလုံၿခဳံေရးအရာရွိတစ္ဦးက NP News ကို ေျပာသည္။

တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕အၾကားတြင္ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ၾသဂုတ္လအတြင္း တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္ကုန္ပိုင္းတြင္ ႏွစ္ဖက္အၾကား ပစ္ခတ္တိုက္ခိုက္မႈမ်ား ရပ္စဲရန္ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း သိရသည္။

ထိုသို႔ တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕အၾကား ပစ္ခတ္တိုက္ခိုက္မႈမ်ား ရပ္စဲထားေသာ္လည္း ရခိုင္ျပည္နယ္ရွိ ၿမိဳ႕ေပၚမ်ား၌ ယခုကဲ့သို႔ အျပဳအမႈမ်ားကို ခြင့္ျပဳထားျခင္းမရွိေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

“ဒီလိုလုပ္ေဆာင္တာေတြကလည္း တစ္ဖက္နဲ႔တစ္ဖက္ ယုံၾကည္မႈတည္ေဆာက္တာနဲ႔ ေလးစားမႈကိုေတာ့ ထိခိုက္ေစတာေပါ့ေနာ္” ဟု အထက္ပါလုံၿခဳံေရးအရာရွိက ဆိုသည္။

AA လက္နက္ကိုင္အဖြဲ႕အေနျဖင့္ ရန္ကုန္-စစ္ေတြကားလမ္းေပၚ၌ ဂိတ္ဖြင့္ကာ ယာဥ္မ်ားအား ပိုက္ဆံေတာင္းခံျခင္း၊ ေဒသခံမ်ားအား နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ၿခိမ္းေျခာက္ကာ ေငြေတာင္းခံျခင္းအပါအဝင္ ၎တို႔၏ ျပဳမူလုပ္ေဆာင္မ်ားသည္ ရခိုင္ျပည္နယ္ ၿငိမ္းခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္ အကူျပဳေစသည့္လုပ္ေဆာင္မႈမ်ိဳး မဟုတ္ေၾကာင္းလည္း ၎က သုံးသပ္ေျပာဆိုထားသည္။

“သူတို႔ ဒီလိုဝင္လာတာကို ကြၽန္ေတာ္တို႔ လက္တုံ႔ျပန္လို႔ မရဘူးလားဆိုေတာ့ ရတာေပါ့။ ခ်က္ခ်င္း ၿမိဳ႕ထဲမွာ တိုက္ပြဲေတြ ျဖစ္သြားမွာေပါ့။ ဒါေတြကို ကြၽန္ေတာ္တို႔ အဖြဲ႕ေတြအေနနဲ႔ ေတာ္ေတာ္ေလးကိုမွ ထိန္း ထိန္းသိမ္းသိမ္းလုပ္ေဆာင္ေနရတယ္။ လက္ရွိ တည္ၿငိမ္ေနတာေလးကို ပ်က္စီးသြားမွာ စိုးလို႔” ဟု အထက္ပါလုံၿခဳံေရးအရာရွိက ဆက္လက္ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

“သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ၎င်းရဲ့အမှုများ” (ဘာသာပြန်ဆောင်းပါး)

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved