YBS ၁၂ ယာဉ်ပေါ်၌ လက်လုပ်မိုင်းတွေ့ရှိ
NP News - ဧပြီ ၂၂
YBS ၁၂ ယာဉ်ပေါ်၌ လက်လုပ်မိုင်းတွေ့ရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သော သတင်းအရင်းအမြစ်က NP News ကိုပြောသည်။
အဆိုပါလက်လုပ်မိုင်းအား ယနေ့ (ဧပြီလ ၂၂ ရက်)၊ နေ့လည် (၁)နာရီ အချိန်ခန့်တွင် YBS ၁၂ ယာဉ်ပေါ်၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
YBS ၁၂ ယာဥ်သည် ဆူးလေ မှ ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိဂိတ်သို့ ပြန်လည်ရောက်ရှိချိန် ယာဉ်မောင်းသူမှ ကားအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ အဆိုပါယာဉ်၏ နောက်ဆုံးထိုင်ခုံအောက်၌ မသင်္ကာဖွယ်ကြွပ်ကြွပ်အိတ်တစ်လုံးတွေ့သဖြင့် ယာဉ်မောင်းမှ လမ်းဘေးသို့ပစ်ချပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ၎င်းမှဆိုသည်။
လုံခြုံရေးအဖွဲ့မှစစ်ဆေးရာ အိတ်အတွင်း၌ အာလူးကြော်ဘူးအားတွေ့ရှိခဲ့ပြီး အဆိုပါဘူးအတွင်း၌ သံပိုက်ဖြင့်လုပ်ထားသော လက်လုပ်ဗုံးအား ဓါတ်ခဲ၊ ဆားကစ်ပြား၊ အဖွင့်အပိတ်ခလုတ်တို့ဖြင့် ချိတ်ဆက်ထားသည်ကိုတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့က သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
zawgyi version
YBS ၁၂ ယာဥ္ေပၚ၌ လက္လုပ္မိုင္းေတြ႕ရွိ
NP News - ဧၿပီ ၂၂
YBS ၁၂ ယာဥ္ေပၚ၌ လက္လုပ္မိုင္းေတြ႕ရွိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကိုေျပာသည္။
အဆိုပါလက္လုပ္မိုင္းအား ယေန႔ (ဧၿပီလ ၂၂ ရက္)၊ ေန႔လည္ (၁)နာရီ အခ်ိန္ခန႔္တြင္ YBS ၁၂ ယာဥ္ေပၚ၌ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
YBS ၁၂ ယာဥ္သည္ ဆူးေလ မွ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ရွိဂိတ္သို႔ ျပန္လည္ေရာက္ရွိခ်ိန္ ယာဥ္ေမာင္းသူမွ ကားအား စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေဆးရာ အဆိုပါယာဥ္၏ ေနာက္ဆုံးထိုင္ခုံေအာက္၌ မသကၤာဖြယ္ႂကြပ္ႂကြပ္အိတ္တစ္လုံးေတြ႕သျဖင့္ ယာဥ္ေမာင္းမွ လမ္းေဘးသို႔ပစ္ခ်ၿပီး သက္ဆိုင္ရာသို႔ အေၾကာင္းၾကားခဲ့ေၾကာင္း ၎မွဆိုသည္။
လုံၿခဳံေရးအဖြဲ႕မွစစ္ေဆးရာ အိတ္အတြင္း၌ အာလူးေၾကာ္ဘူးအားေတြ႕ရွိခဲ့ၿပီး အဆိုပါဘူးအတြင္း၌ သံပိုက္ျဖင့္လုပ္ထားေသာ လက္လုပ္ဗုံးအား ဓါတ္ခဲ၊ ဆားကစ္ျပား၊ အဖြင့္အပိတ္ခလုတ္တို႔ျဖင့္ ခ်ိတ္ဆက္ထားသည္ကိုေတြ႕ရွိသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕က သက္မဲ့ျပဳလုပ္ရွင္းလင္းခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမှားများထပ်မံမလုပ်ရန် အသင်းကစားသမားများကို သတိပေးလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း