Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လျှပ်စစ်ဓာတ်အား ဖူလုံရန် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန် ကင်းလွတ်ခွင့်ပြု

မျိုးကြီး (NP News) - ဧပြီ ၂၂

ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား ဖူလုံရန် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန် ကင်းလွတ်ခွင့်ပြုကြောင်း နစက၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာလိုက်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်သည် အကောက်ခွန်နှုန်းဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ အထက်ပါကဲ့သို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်၏အကျိုးငှာ ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အကောက်ခွန် ကင်းလွတ်ခွင့်ပြုလိုက်သော ဆိုလာနှင့်ဆက်စပ်ပစ္စည်းများမှာ နေရောင်ခြည်စွမ်းအင်များ ထုတ်လုပ်ပေးနိုင်သည့်အချပ်များ၊ နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ် ကိရိယာများ၊ နေရောင်ခြည်စွမ်းအင်သုံး အင်ဗာတာ(စထရင်း၊ ပေါင်းစပ်၊ ဘတ္ထရီ၊ နှစ်မျိုးသုံး/ပင်မ)၊ နေရောင်ခြည်စွမ်းအင်သုံး ထိန်းချုပ်ကိရိယာနှင့် ဘတ္ထရီပုံးများစသည်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါကင်းလွတ်ခွင့်သည် ယခု ၂ဝ၂၃ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ အကျိုးသက်ရောက်စေရမည်ဟုလည်း ၎င်းအမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိသည့် ပြဿနာနှင့် ရင်ဆိုင်နေရလျက်ရှိပြီး နိုင်ငံတော်တာဝန်ရယူထားသော အစိုးရအနေဖြင့်လည်း ၎င်းပြဿနာအပေါ် ဖြေရှင်းနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။

ပြည်သူများ၊ လုပ်ငန်းရှင်များမှ တစ်နိုင်တစ်ပိုင်တပ်ဆင်ထားသည့် အသေးစားဆိုလာစနစ်မှ ပိုလျှံသော လျှပ်စစ်ဓာတ်အားများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)အနေဖြင့် ဝယ်ယူလိုသည့် အခြေအနေသို့ ရောက်ရှိလျက်ရှိနေသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လျှပ်စစ်မီး လုံလောက်မှုမရှိသော ပြဿနာသည် ခေတ်အဆက်ဆက်အစိုးရများမှ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ရေတို/ရေရှည်အစီအစဉ်များ ချမှတ်ကာ မလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

အလားတူ မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စက်ရုံစီမံကိန်းအများစုသည် တိုင်းရင်းသားလက်နက်ကိုင်များ တည်ရှိရာ ဒေသများတွင်ရှိပြီး စီမံကိန်းများနှင့်ပတ်သက်၍ အလျင်အမြန်အကောင်အထည်ဖော်ရန် ခက်ခဲနေမှုသည်လည်း လျှပ်စစ်မီးမလုံလောက်ရခြင်း၏ အကြောင်းအရာများထဲတွင် တစ်ခုအပါအဝင် ဖြစ်နေသည်။

နိုင်ငံ၏ လျှပ်စစ်ဓာတ်အားကဏ္ဍနှင့်ပတ်သက်၍ ကျွမ်းကျင်သော ဝန်ထမ်းအင်အား လုံလောက်မှု မရှိခြင်း၊ ကျောက်မီးသွေး သုံးဓာတ်အားပေးစက်ရုံများနှင့်ပတ်သက်၍ ကန့်ကွက်မှု များပြားနေခြင်းတို့ကြောင့် လျှပ်စစ်မီး မလုံလောက်သော အခြေအနေသို့ ရောက်ခဲ့ရသည်ဟုလည်း မှတ်ချက်ပြု ပြောဆိုမှုများ ရှိနေသည်။

သို့သော် လက်ရှိတွင် မြန်မာနိုင်ငံ၌ ရင်ဆိုင်နေရသည့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုပြဿနာအား နိုင်ငံတော်တာဝန်ရယူထားသော အစိုးရသည် ဖြေရှင်းပေးရန် အဓိကတာဝန်ရှိသော အဖွဲ့အစည်းဖြစ်သည်။

zawgyi version

လွ်ပ္စစ္ဓာတ္အား ဖူလုံရန္ ဆိုလာႏွင့္ဆက္စပ္ပစၥည္းမ်ား ျပည္ပမွ တင္သြင္းမႈအေပၚ အေကာက္ခြန္ ကင္းလြတ္ခြင့္ျပဳ

မ်ိဳးႀကီး (NP News) - ဧၿပီ ၂၂


ျပည္တြင္း၌ လွ်ပ္စစ္ဓာတ္အား ဖူလုံရန္ ဆိုလာႏွင့္ဆက္စပ္ပစၥည္းမ်ား ျပည္ပမွ တင္သြင္းမႈအေပၚ အေကာက္ခြန္ ကင္းလြတ္ခြင့္ျပဳေၾကာင္း နစက၏ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ေၾကညာလိုက္သည္။


စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဦးဝင္းရွိန္သည္ အေကာက္ခြန္ႏႈန္းဥပေဒ ပုဒ္မ ၇၊ ပုဒ္မခြဲ(က)အရ အပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္ကို က်င့္သုံးကာ အထက္ပါကဲ့သို႔ အမိန႔္ေၾကာ္ျငာစာ ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္၏အက်ိဳးငွာ ျပည္တြင္းလွ်ပ္စစ္ဓာတ္အား လုံေလာက္စြာရရွိေရးအတြက္ ဆိုလာႏွင့္ဆက္စပ္ပစၥည္းမ်ား ျပည္ပမွ တင္သြင္းမႈအေပၚ အေကာက္ခြန္ေကာက္ခံျခင္းမွ ကင္းလြတ္ခြင့္ျပဳလိုက္ေၾကာင္း အမိန႔္ေၾကာ္ျငာစာ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ အေကာက္ခြန္ ကင္းလြတ္ခြင့္ျပဳလိုက္ေသာ ဆိုလာႏွင့္ဆက္စပ္ပစၥည္းမ်ားမွာ ေနေရာင္ျခည္စြမ္းအင္မ်ား ထုတ္လုပ္ေပးႏိုင္သည့္အခ်ပ္မ်ား၊ ေနေရာင္ျခည္စြမ္းအင္သုံး ေပါင္းစပ္ထိန္းခ်ဳပ္ ကိရိယာမ်ား၊ ေနေရာင္ျခည္စြမ္းအင္သုံး အင္ဗာတာ(စထရင္း၊ ေပါင္းစပ္၊ ဘတၳရီ၊ ႏွစ္မ်ိဳးသုံး/ပင္မ)၊ ေနေရာင္ျခည္စြမ္းအင္သုံး ထိန္းခ်ဳပ္ကိရိယာႏွင့္ ဘတၳရီပုံးမ်ားစသည္တို႔ ပါဝင္ေၾကာင္း သိရသည္။

အဆိုပါကင္းလြတ္ခြင့္သည္ ယခု ၂ဝ၂၃ ခုႏွစ္ ဧၿပီလ ၁ ရက္မွစ၍ အက်ိဳးသက္ေရာက္ေစရမည္ဟုလည္း ၎အမိန႔္ေၾကာ္ျငာစာတြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း လွ်ပ္စစ္ဓာတ္အား လုံေလာက္မႈမရွိသည့္ ျပႆနာႏွင့္ ရင္ဆိုင္ေနရလ်က္ရွိၿပီး ႏိုင္ငံေတာ္တာဝန္ရယူထားေသာ အစိုးရအေနျဖင့္လည္း ၎ျပႆနာအေပၚ ေျဖရွင္းႏိုင္ျခင္း မရွိေသးသည္ကို ေတြ႕ရွိရသည္။

ျပည္သူမ်ား၊ လုပ္ငန္းရွင္မ်ားမွ တစ္ႏိုင္တစ္ပိုင္တပ္ဆင္ထားသည့္ အေသးစားဆိုလာစနစ္မွ ပိုလွ်ံေသာ လွ်ပ္စစ္ဓာတ္အားမ်ားကို ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC)အေနျဖင့္ ဝယ္ယူလိုသည့္ အေျခအေနသို႔ ေရာက္ရွိလ်က္ရွိေနသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္မီး လုံေလာက္မႈမရွိေသာ ျပႆနာသည္ ေခတ္အဆက္ဆက္အစိုးရမ်ားမွ လွ်ပ္စစ္ဓာတ္အားႏွင့္ပတ္သက္၍ ေရတို/ေရရွည္အစီအစဥ္မ်ား ခ်မွတ္ကာ မလုပ္ေဆာင္ႏိုင္ခဲ့ျခင္းေၾကာင့္သာျဖစ္ေၾကာင္း ေဝဖန္သုံးသပ္မႈမ်ား ရွိေနသည္။

အလားတူ ျမန္မာႏိုင္ငံရွိ ေရအားလွ်ပ္စစ္စက္႐ုံစီမံကိန္းအမ်ားစုသည္ တိုင္းရင္းသားလက္နက္ကိုင္မ်ား တည္ရွိရာ ေဒသမ်ားတြင္ရွိၿပီး စီမံကိန္းမ်ားႏွင့္ပတ္သက္၍ အလ်င္အျမန္အေကာင္အထည္ေဖာ္ရန္ ခက္ခဲေနမႈသည္လည္း လွ်ပ္စစ္မီးမလုံေလာက္ရျခင္း၏ အေၾကာင္းအရာမ်ားထဲတြင္ တစ္ခုအပါအဝင္ ျဖစ္ေနသည္။

ႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားက႑ႏွင့္ပတ္သက္၍ ကြၽမ္းက်င္ေသာ ဝန္ထမ္းအင္အား လုံေလာက္မႈ မရွိျခင္း၊ ေက်ာက္မီးေသြး သုံးဓာတ္အားေပးစက္႐ုံမ်ားႏွင့္ပတ္သက္၍ ကန႔္ကြက္မႈ မ်ားျပားေနျခင္းတို႔ေၾကာင့္ လွ်ပ္စစ္မီး မလုံေလာက္ေသာ အေျခအေနသို႔ ေရာက္ခဲ့ရသည္ဟုလည္း မွတ္ခ်က္ျပဳ ေျပာဆိုမႈမ်ား ရွိေနသည္။

သို႔ေသာ္ လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ရင္ဆိုင္ေနရသည့္ လွ်ပ္စစ္ဓာတ္အား မလုံေလာက္မႈျပႆနာအား ႏိုင္ငံေတာ္တာဝန္ရယူထားေသာ အစိုးရသည္ ေျဖရွင္းေပးရန္ အဓိကတာဝန္ရွိေသာ အဖြဲ႕အစည္းျဖစ္သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုညွှန်ချုပ်အား သေနတ်ဖြင့် (၁၂)ချက် ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်မှု ရန်ကုန်မြို့၌ ဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved