Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာကိုအသုံးမပြုတော့ဘဲ ပြည်တွင်းငွေကြေးကိုသာ အသုံးပြုတော့မယ်လို့ အင်ဒိုနီးရှားဗဟိုဘဏ်အကြီးအကဲပြော

ဂျန်ဇက် (NP News) - ဧပြီ ၂၂

ကုန်သွယ်မှု နဲ့ ငွေကြေးပေးချေမှုတွေမှာ အမေရိကန်ဒေါ်လာအသုံးမပြုတော့ဖို့ BRICS အဖွဲ့ ဦးဆောင်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကလည်း ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာအသုံးမပြုတော့ဖို့ စီစဉ်ဆောင်ရွက်နေကြောင်းသိရပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာအသုံးမပြုတော့ဘဲ ပြည် တွင်းငွေကြေးကိုသာ အသုံးပြုတော့မှာဖြစ်ကြောင်း အင်ဒိုနီးရှားဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Perry Warjiyo ကပြောပါတယ်။ ၎င်းက "ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ပြည်တွင်းငွေကြေးအသုံးပြုမှုတွေကို လုပ်ဆောင်တော့မယ်။ အင်ဒိုနီးရှားဟာ ရုရှား၊ တရုတ်နဲ့အိန္ဒိယတို့ ဦးဆောင်ဖွဲ့စည်းထားတဲ့ BRICS အဖွဲ့ဆောင်ရွက်သလိုမျိုး လုပ်ဆောင်တော့မှာဖြစ်တယ်"လို့ပြောပါတယ်။

အင်ဒိုနီးရှားဟာ ထိုင်း၊ မလေးရှား၊ တရုတ် နဲ့ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံအများအပြားနဲ့ကုန်သွယ်မှုတွေမှာလည်း အမေရိကန်ဒေါ်လာအသုံးမပြုတော့ဘဲ ပြည်တွင်းငွေကြေး အသုံးပြုလျက်ရှိနေကြောင်း ၎င်းကပြောပါတယ်။ အင်ဒိုနီးရှားဟာ မေလအစောပိုင်းမှာလည်း တောင်ကိုရီးယားနဲ့ ကုန်သွယ်မှုတွေမှာ ပြည် တွင်းငွေကြေးအသုံးပြုမှုတွေသာ လုပ်ဆောင်ဖို့ သဘောတူစာချုပ်လက်မှတ် ရေးထိုးမှာဖြစ်ကြောင်းသိရပါတယ်။

ဘရာဇီး၊ တောင်အာဖရိက၊ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ ပါဝင်ဖွဲ့စည်းထားတဲ့ BRICS အဖွဲ့ဟာ အမေရိကန်ဒေါ်လာနဲ့ အနောက်အုပ်စုရဲ့ဘဏ္ဍာရေးစနစ်အပေါ် မှိခိုနေရခြင်းကိုလျော့ချဖို့  ငွေကြေးပေးချေမှုကွန် ရက်တစ်ခုပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ နိုင်ငံအများစုဟာ ကုန်သွယ်ရေးအတွက်ငွေကြေးပေးချေမှုတွေမှာ အမေရိကန်ဒေါ်လာအသုံးပြုမှုတွေကိုလျော့ချပြီး ပြည်တွင်းငွေကြေးအသုံးပြုမှုတွေကို ပိုမိုလုပ်ဆောင်လာခဲ့သလို အရန်ငွေကြေးအသစ် တည်ထောင်ဖို့လည်းကြိုးပမ်းနေပါတယ်။ ဘရာဇီးဟာ ပြီးခဲ့တဲ့ လမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတွေမှာ ပြည်တွင်းငွေကြေးအသုံးပြုပေးချေဖို့ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။

ရုရှားဟာ ၂ဝ၁၄ ခုနှစ်မှာ ၎င်းတို့ စီးပွားရေးနဲ့ကုန်သွယ်ရေးလုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာအသုံးပြုမှုတွေကိုလျော့ချဖို့ စတင်လုပ်ဆောင်ခဲ့ပြီး ယူကရိန်းနဲ့ ရုရှားကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာအသုံးပြုမှုကိုလျော့ချဖို့ ပိုမိုအရှိန်မြင့်ကြိုးပမ်းလာခဲ့ကြောင်းသိရပါတယ်။ ရုရှားဟာ တရုတ်နိုင်ငံနဲ့အပြန်အလှန်ကုန်သွယ်မှုတွေမှာ တရုတ်နိုင်ငံသုံးယွမ်ကို အဓိကထား အသုံးပြုရုံသာမက ရုရှားနဲ့ အာဖရိကနိုင်ငံများ၊ အာရှနိုင်ငံများကြားအပြန်အလှန်ကုန်သွယ်မှုတွေမှာလည်း ယွမ်ကိုအဓိကထားအသုံးပြုသွားမယ်လို့ ရုရှားသမ္မတပူတင်ကပြောထားပါတယ်။

zawgyi version

ကုန္သြယ္မႈေတြမွာ အေမရိကန္ေဒၚလာကိုအသုံးမျပဳေတာ့ဘဲ ျပည္တြင္းေငြေၾကးကိုသာ အသုံးျပဳေတာ့မယ္လို႔ အင္ဒိုနီးရွားဗဟိုဘဏ္အႀကီးအကဲေျပာ

ဂ်န္ဇက္ (NP News) - ဧၿပီ ၂၂

ကုန္သြယ္မႈ နဲ႔ ေငြေၾကးေပးေခ်မႈေတြမွာ အေမရိကန္ေဒၚလာအသုံးမျပဳေတာ့ဖို႔ BRICS အဖြဲ႕ ဦးေဆာင္ခဲ့ၿပီးေနာက္ အင္ဒိုနီးရွားႏိုင္ငံကလည္း ကုန္သြယ္မႈေတြမွာ အေမရိကန္ေဒၚလာအသုံးမျပဳေတာ့ဖို႔ စီစဥ္ေဆာင္႐ြက္ေနေၾကာင္းသိရပါတယ္။ 

အင္ဒိုနီးရွားႏိုင္ငံဟာ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းေတြမွာ အေမရိကန္ေဒၚလာအသုံးမျပဳေတာ့ဘဲ ျပည္ တြင္းေငြေၾကးကိုသာ အသုံးျပဳေတာ့မွာျဖစ္ေၾကာင္း အင္ဒိုနီးရွားဗဟိုဘဏ္ အုပ္ခ်ဳပ္ေရးမႉး Perry Warjiyo ကေျပာပါတယ္။ ၎က "ကုန္သြယ္ေရးလုပ္ငန္းေတြမွာ ျပည္တြင္းေငြေၾကးအသုံးျပဳမႈေတြကို လုပ္ေဆာင္ေတာ့မယ္။ အင္ဒိုနီးရွားဟာ ႐ုရွား၊ တ႐ုတ္နဲ႔အိႏၵိယတို႔ ဦးေဆာင္ဖြဲ႕စည္းထားတဲ့ BRICS အဖြဲ႕ေဆာင္႐ြက္သလိုမ်ိဳး လုပ္ေဆာင္ေတာ့မွာျဖစ္တယ္"လို႔ေျပာပါတယ္။

အင္ဒိုနီးရွားဟာ ထိုင္း၊ မေလးရွား၊ တ႐ုတ္ နဲ႔ ဂ်ပန္ႏိုင္ငံအပါအဝင္ ႏိုင္ငံအမ်ားအျပားနဲ႔ကုန္သြယ္မႈေတြမွာလည္း အေမရိကန္ေဒၚလာအသုံးမျပဳေတာ့ဘဲ ျပည္တြင္းေငြေၾကး အသုံးျပဳလ်က္ရွိေနေၾကာင္း ၎ကေျပာပါတယ္။ အင္ဒိုနီးရွားဟာ ေမလအေစာပိုင္းမွာလည္း ေတာင္ကိုရီးယားနဲ႔ ကုန္သြယ္မႈေတြမွာ ျပည္ တြင္းေငြေၾကးအသုံးျပဳမႈေတြသာ လုပ္ေဆာင္ဖို႔ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးမွာျဖစ္ေၾကာင္းသိရပါတယ္။

ဘရာဇီး၊ ေတာင္အာဖရိက၊ တ႐ုတ္၊ ႐ုရွားနဲ႔ အိႏၵိယတို႔ ပါဝင္ဖြဲ႕စည္းထားတဲ့ BRICS အဖြဲ႕ဟာ အေမရိကန္ေဒၚလာနဲ႔ အေနာက္အုပ္စုရဲ႕ဘ႑ာေရးစနစ္အေပၚ မွိခိုေနရျခင္းကိုေလ်ာ့ခဖို႔  ေငြေၾကးေပးေခ်မႈကြန္ ရက္တစ္ခုပူးေပါင္းေဆာင္႐ြက္ဖို႔ စီစဥ္ေနပါတယ္။ ႏိုင္ငံအမ်ားစုဟာ ကုန္သြယ္ေရးအတြက္ေငြေၾကးေပးေခ်မႈေတြမွာ အေမရိကန္ေဒၚလာအသုံးျပဳမႈေတြကိုေလ်ာ့ခ်ၿပီး ျပည္တြင္းေငြေၾကးအသုံးျပဳမႈေတြကို ပိုမိုလုပ္ေဆာင္လာခဲ့သလို အရန္ေငြေၾကးအသစ္ တည္ေထာင္ဖို႔လည္းႀကိဳးပမ္းေနပါတယ္။ ဘရာဇီးဟာ ၿပီးခဲ့တဲ့ လမွာ တ႐ုတ္ႏိုင္ငံနဲ႔ ကုန္သြယ္မႈေတြမွာ ျပည္တြင္းေငြေၾကးအသုံးျပဳေပးေခ်ဖို႔ လက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရပါတယ္။

႐ုရွားဟာ ၂ဝ၁၄ ခုႏွစ္မွာ ၎တို႔ စီးပြားေရးနဲ႔ကုန္သြယ္ေရးလုပ္ငန္းေတြမွာ အေမရိကန္ေဒၚလာအသုံးျပဳမႈေတြကိုေလ်ာ့ခ်ဖို႔ စတင္လုပ္ေဆာင္ခဲ့ၿပီး ယူကရိန္းနဲ႔ ႐ုရွားၾကားစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ေဒၚလာအသုံးျပဳမႈကိုေလ်ာ့ခ်ဖို႔ ပိုမိုအရွိန္ျမင့္ႀကိဳးပမ္းလာခဲ့ေၾကာင္းသိရပါတယ္။ ႐ုရွားဟာ တ႐ုတ္ႏိုင္ငံနဲ႔အျပန္အလွန္ကုန္သြယ္မႈေတြမွာ တ႐ုတ္ႏိုင္ငံသုံးယြမ္ကို အဓိကထား အသုံးျပဳ႐ုံသာမက ႐ုရွားနဲ႔ အာဖရိကႏိုင္ငံမ်ား၊ အာရွႏိုင္ငံမ်ားၾကားအျပန္အလွန္ကုန္သြယ္မႈေတြမွာလည္း ယြမ္ကိုအဓိကထားအသုံးျပဳသြားမယ္လို႔ ႐ုရွားသမၼတပူတင္ကေျပာထားပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သထုံ-ဘားအံကားလမ်းပေါ်၌ ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ (၁)ဦးသေဆုံးခဲ့ပြီး ကားပေါ်မှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved