Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးရန် အစီအစဉ်မရှိကြောင်း နစကထုတ်ပြန်

ရဲပြည့် (NP News) - ဧပြီ ၂၂ 

နိုင်ငံ၏ ဘဏ္ဍာရေးအ‌ခြေအနေများကြောင့် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးရန်အစီအစဉ်မရှိကြောင်း နစကဘက်မှ သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါထုတ်ပြန်ချက်အား နစက၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ယနေ့ (ဧပြီလ ၂၂ ရက်)ထုတ် နိုင်ငံပိုင်သတင်းစားများမှတစ်ဆင့် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။ 

"လက်ရှိဖြစ်ပေါ်နေတာတွေ ၊ လစာနှုန်းထားတိုးမြှင့်မယ်လို့ သတင်းတွေထွက်ပေါ်နေတာတွေ၊ အဲဒီသတင်းတွေက ကောလာဟလပဲဖြစ်ပါတယ်။ လစာနှုန်းထားတွေကတော့ လက်ရှိလစာနှုန်းထားအတိုင်းပဲဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတော်ရဲ့ဘဏ္ဍာရေးအ‌ခြေအနေအရ လစာအခြေအနေကို တိုးမြှင့်ဖို့မရှိသေးပါဘူး" ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြာရေးမှူး ဦးဝင်းထိုက်က ပြောသည်။

နိုင်ငံ့ဝန်ထမ်းများအား လစာငွေကျပ်(၄)သောင်း တိုးမြှင့်ပေးမည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် နစကဘက်မှ ယခုကဲ့သို့ အသိပေးထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းပေါင်း(၂)သန်းနီးပါးရှိရာတွင် လူတစ်ဦးလျှင် ငွေကျပ်(၁)သောင်းတိုးပေးပါက တစ်လလျှင် မူလဘက်ဂျက်ထက် သန်းပေါင်း(၂)သောင်းခန့်တိုးပေးရန်လိုအပ်ပြီး အဆိုပါငွေကြေးပမာဏအား နိုင်ငံ တော်မှ လစဉ်တိုးပေးရန် ဘက်ဂျက်လုံလောက်မှု ရှိနိုင်၊ မရှိနိုင်ဆိုသည့် မေးခွန်းများလည်းရှိနေသည်။ 

ထို့ပြင် နိုင်ငံတော်မှ အခွန်မရခြင်းများ၊ လျှပ်စစ်မီတာခများအလုံအလောက် မရရှိခြင်းများ၊ အကြွေးများကျန်ရှိနေခြင်း၊ အခြားဝင်ငွေရလမ်းများနှင့် ငွေကြေးများကိုလည်း နိုင်ငံတကာမှ ပိတ်ဆို့ကန့်သတ်မှုများနှင့် ရင်ဆိုင်နေရခြင်းကြောင့် နစကမှ ဝင်ငွေရလမ်းများ ဘောင်ကျဉ်းလာသည်ကိုလည်း တွေ့နေရသည်။ 

ထို့ပြင် ပြီးခဲ့သည့် အစိုးရ(၂)ဆက်မှ အကြွေးများအား နစကမှ (၁)နှစ်လျှင် အမေရိကန်ဒေါ်လာသန်း (၇ဝဝ)ကို ဆပ်နေရခြင်းကြောင့်  နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးရန်မှာ အတော်ပင်ခက်ခဲနိုင်သည့် အနေအထားမျိုးတွင်ရှိနေကြောင်းလည်း သုံးသပ်မှုများရှိသည်။ 

နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း လစာငွေဖြင့် မလောက်ငှပဲ ခက်ခက်ခဲခဲဖြင့် ရုန်းကန်နေကြရသည့် အနေအထားတွင်ရှိနေသည့်အတွက် အမှန်တကယ်လစာတိုးပေးရန် လိုအပ်နေသည်။

တဖက်တွင် နိုင်ငံတော်မှ လစာတိုးပေးချင်သော်လည်း တိုးပေးရန်အတွက် ငွေကြေးအလုံအလောက်ရှိပါသလားဆိုသည့်နေရာတွင် ပြဿနာများစွာရှိနေပြီး အစိုးရမှ အခြားနည်းလမ်းတစ်ခုခုဖြင့် လုပ်ဆောင်ပေးရန် ဝန်ထမ်းများက မျှော်လင့်မှုများရှိနေသည်။


zawgyi version

ရဲပြည့် (NP News) - ဧပြီ ၂၂ 










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြီးခဲ့တဲ့နှစ်အတွင်း ဥရောပမှာ ပုံမှန်မဟုတ်တဲ့ အပူလှိုင်းဖြတ်သန်းခြင်းကြောင့် လူပေါင်း (၁၆ဝဝဝ) နီးပါးသေဆုံးခဲ့ဟုဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved