Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကန့်ဘလူ ၊ ပဇီကြီးကျေးရွာတွင် KIA ၊ PDF များနှင့် တပ်မတော်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွား

NP News - ဧပြီ ၂၂ 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကျေးရွာတွင် KIA ၊ PDF များနှင့် တပ်မတော်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း နစက၏ ဧပြီလ ၂၁ ရက်၊ ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ ထိတွေ့တိုက်ပွဲသည် ဧပြီလ ၂ဝ ရက်တွင်ဖြစ်ပွားခဲ့ပြီး ပဇီးကြီးကျေးရွာအတွင်းသို့ KIA အဖွဲ့နှင့် PDF များ ထပ်မံရောက်ရှိနေကြောင်း ဒေသခံပြည်သူများမှသတင်းပေးလာသဖြင့် သွားရောက်စစ်ဆေးခဲ့ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။ 

ယင်းတိုက်ပွဲများအတွင်း ပဇီးကြီးကျေးရွာ ဘုန်းကြီးကျောင်းအုတ်တံတိုင်းအနီးမှ အကြမ်းဖက်သမား အလောင်း ၄ လောင်း၊ ကျည်အိမ် ၂ ခု၊ ၄ဝ မမဗုံးသီး ၅ လုံး၊ သဲအိတ်ဘန်ကာများ၊ ကျောင်းခြံစည်းရိုး အနီးဆက်သွယ်ရေးမြောင်းနှင့်ပစ်ကျင်းများ၊ ဆိုင်ကယ် ၇ စီး၊ လူနေတဲများ၊ ၁၂ ဗို့ကျည် ၁ဝ တောင့်၊ မိုင်းရှာစက် ၁ လုံး၊ ဘက်ထရီအိုးအကြီး ၃ လုံး၊ ပြောက်ကျားယူနီဖောင်းများနှင့် အခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်း ၎င်းတို့မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်  ဧပြီလ ၂ဝ ရက်တွင် PDF များမှ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား မော်တော်ယာဉ် ၁ စီးပေါ်မှ သံဃာတော်များအသွင်ယူ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။

အလားတူ  ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း မကြီးကန်ကျေးရွာ အနီးတစ်ဝိုက်၌ PDF များနှင့် လုံခြုံရေးအဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့ဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ 

အဆိုပါကျေးရွာ ကျေးလက်ဆေးပေးခန်းအတွင်းမှ အမ်-၂၂ ကျည်အိမ် မျိုးစုံ ၁ဝ ခု၊ တရုတ် လက်ပစ်ဗုံးမျိုးစုံ ၁၈ လုံး၊ ဗုံးသီးမျိုးစုံ ၄ လုံး၊ ၁၂ ဗို့ကျည် ၃ဝ တောင့်၊ ၅.၅၆ မမကျည် ၆ဝဝ တောင့်၊ ၇.၆၂ မမကျည် ၁ဝဝ တောင့်၊ ရိုင်ဖယ်ကျည် ၅ဝ တောင့်၊ ကားမျိုးစုံ ၄ စီး၊ ဆိုင်ကယ်မျိုးစုံ ၂ဝ စီး၊ ပြောက်ကျား ယူနီ ဖောင်းများ ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ အဆိုပါ ကျေးရွာရှိ နေအိမ်များအတွင်းမှ  လက်လုပ်ရှော့တိုက်ပြောင်း ၈ ခု၊ လက်လုပ်မိုင်းစုံ ၄၆ လုံး၊ ယမ်း ၈ ပိဿာ ၄ ထပ်၊ လက်တော့ပ် ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် အကြမ်းဖက်အဖွဲ့များသည် ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများအတွင်း ဘန်ကာများဆောက်လုပ်ခြင်း၊ ပစ်ကျင်းများတူးထားခြင်း၊ ကျေးရွာပတ်လည်တွင် လက် လုပ်မိုင်းများဖြင့် အတားအဆီးပြုလုပ်ထားသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရသိရသည်။

zawgyi version


NP News - ဧပြီ ၂၂ 








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လူငယ်အဆိုတော် မေလသံစဉ် ပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံရ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved