Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံတစ်ဝန်းရှိ အသက်(၁၁)နှစ်မှ (၁၅)နှစ်အရွယ် လူငယ်များထဲမှ ထူးချွန်သော လူငယ်မျိုးဆက်သစ် ကစားသမားများကို ရှာဖွေ‌ရွေးချယ်သွားမည်

ယွန်း (NP News) - ဧပြီ ၂ဝ

FIFA-MFF TDS Scouting Tour 2023  အစီအစဥ်အရ နိုင်ငံတစ်ဝန်းရှိ ထူးချွန်လူငယ်ကစားသမားများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ ယနေ့(ဧပြီလ ၂ဝ ရက်)တွင် အထက်ပါကဲ့သို့ အသိပေး‌ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)၏ စီစဥ်မှုဖြင့် MFF သည် FIFA-MFF TDS Scouting Tour 2023 အစီအစဥ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဥ်အရ မျိုးဆက်သစ်ထူးချွန်လူငယ်ကစားသမားများကို နိုင်ငံတစ်ဝန်း ရှာဖွေရွေးချယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အစီအစဥ်အရ ပထမအကြိမ် ရွေးချယ်မှုကို မြစ်ကြီးနား အပါအဝင် လားရှိုး၊ မန္တလေး၊ စစ်တွေ၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် ဧပြီလ(၂ဝ)ရက်မှ (၂၈)ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့(ဧပြီလ ၂ဝ ရက်) နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်းတွင် ရွေးချယ်မှု  စတင်ပြုလုပ်ခဲ့ရာ စုစုပေါင်း ကစားသမား(၁၄ဝ)ဦး လာရောက်ရွေးချယ်ခံခဲ့ကြောင်း MFF မှ ဆိုထားသည်။

အစီအစဥ်အရ အပြီးသတ်ရွေးချယ်ခြင်းကို လာမည့်မေလ(၉)ရက် နှင့် (၁ဝ)ရက်တို့တွင် မန္တလေးမြို့ရှိ မြန်မာဘောလုံးအကယ်ဒမီတွင်လည်းကောင်း၊ မေလ(၁၆)ရက်‌နှင့် (၁၇)ရက်တို့တွင် ရန်ကုန်အမျိုးသားဘောလုံး အကယ်ဒမီတွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်။

အပြီးသတ်ရွေးချယ်ပြီးနောက် ရွေးချယ်ခံရသည့် ကစားသမားများကို မေလ(၂၄)ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ အစီအစဥ်ကို အားကစားနှင့် လူငယ်‌ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အသက်(၁၁)နှစ်မှ အသက်(၁၅)နှစ်အထိ ထူးချွန်သော မျိုးဆက်သစ်ကစား သမားများကို ကျွမ်းကျင်မှုအလိုက် ရွေးချယ်သွားမည်ဖြစ်ကြောင်း MFF မှ ဆိုထားသည်။

ထို့ပြင် FIFA-MFF TDS Scouting Tour 2023 အစီအစဥ်၏ ဒုတိယအကြိမ် ကစားသမား ရွေးချယ်ခြင်းကို လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

FIFA-MFF TDS Scouting Tour 2023 အစီအစဥ်ကို မြန်မာဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဌာနမှ ဆောင်ရွက်သွားမည်ဖြစ်သည်။

zawgyi version


ယွန်း (NP News) - ဧပြီ ၂ဝ












Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘူဆန်မြို့၌ ကျင်းပမည့် Busan International Seafood & Fisheries Expo 2023 ပြပွဲကို မြန်မာနိုင်ငံမှလုပ်ငန်းရှင်များလည်း ပါဝင်နိုင်မည်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved