Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သံဖြူဇရပ်မြို့နယ်ရှိ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့်ဖောက်ခွဲရန်ကြိုးပမ်းခဲ့သူ (၂)ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ဟု နစကဆို

NP News - ဧပြီ ၁၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲရန်ကြိုးပမ်းခဲ့သည့် အမျိုးသားနှစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

နစကမှ ဧပြီလ (၁၈)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဥ်မှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ တလက်ခွကျေးရွာတွင် နေထိုင်သူ ကိုအာကာမင်းနှင့် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ ကိုအောင်မျိုးထက်တို့(၂)ဦးသည် KNLA တပ်မဟာ(၆)၊ ရင်း(၁၆)မှ ဒုခွဲမှူးအဆင့်ရှိသူ ကိုချနေလား၏ စေခိုင်းချက်ဖြင့် သံဖြူဇရပ်မြို့နယ်၊ ပင‌ကျေးရွာရှိ ရေကစားမဏ္ဍပ်ကို ဖောက်ခွဲရန် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စေခိုင်းချက်အရ ၎င်းတို့(၂)ဦးသည် မဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲရန် ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာမှ ဧပြီလ (၁၇ရက်)၊ နံနက်(၉)နာရီ အချိန်ခန့်တွင် ဆိုင်ကယ်ဖြင့်ထွက်ခဲ့ပြီး မဏ္ဍပ်အနီး၌ အခြေအနေစောင့်ကြည့်ခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့နောက် နေ့လည်(၂)နာရီခွဲအချိန်ခန့်တွင် ကို‌အာကာမင်းက လက်ပစ်ဗုံးအား ဘောင်းဘီအိတ်အတွင်းမှ ပစ်ခတ်ရန် ထုတ်ယူလိုက်စဥ် လက်ပစ်ဗုံး၏ လုံခြုံရေးပင်မှာ ဘောင်းဘီအိတ်အတွင်း ပြုတ်၍ ကျန်ခဲ့သဖြင့် လက်ပစ်ဗုံးကို လမ်းဘေးရေမြောင်းအတွင်းသို့ လွှင့်ပစ်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦးထိခိုက်မှုမရှိခဲ့သော်လည်း ၎င်းတို့နှစ်ဦးအား ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ပြောကြားချက်အရ သံဖြူဇရပ်မြို့နယ်၊ သက္ကောကျေးရွာရှိ လျှိုတစ်ခုအတွင်း၌ လက်လုပ်မိုင်းသုံးလုံးကို သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ၎င်းတို့နှင့်အတူ သွားရောက်ရှာဖွေခဲ့ပြီး  လက်လုပ်မိုင်းများကို ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါနေရာမှပြန်လည်ထွက်ခွာလာစဉ် ၎င်းတို့နှစ်ဦးက ထွက်ပြေးခဲ့သဖြင့် သေနတ်ဖြင့် ခြောက်လန့်ပစ်ခတ်ခဲ့သော်လည်း ရပ်တန့်ခဲ့ခြင်းမရှိခဲ့ကြောင်း ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း နစကမှ ဆိုထားသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားနှစ်ဦး၏ သေဆုံးမှုနှင့်ပတ်သက်၍  ဥပဒေနှင့်အညီ သေမှုသေခင်းအမှုဖွင့် အရေးယူဆောင်ရွက်ထားပြီး ၎င်းတို့၏ရုပ်အလောင်းအား သံဖြူဇရပ်မြို့၊ ဝဲကလိကျေးရွာရှိ သုဿာန်၌ မီးသင်္ဂြိုလ်ခဲ့ကြောင်း နစကမှအသိပေးထုတ်ပြန်ထားသည်။

zawgyi version

သံျဖဴဇရပ္ၿမိဳ႕နယ္ရွိ ေရကစားမ႑ပ္အား လက္ပစ္ဗုံးျဖင့္ေဖာက္ခြဲရန္ႀကိဳးပမ္းခဲ့သူ (၂)ဦးကို ပစ္ခတ္ဖမ္းဆီးခဲ့ဟု နစကဆို

NP News - ဧၿပီ ၁၉

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ပငေက်း႐ြာရွိ ေရကစားမ႑ပ္အား လက္ပစ္ဗုံးျဖင့္ ေဖာက္ခြဲရန္ႀကိဳးပမ္းခဲ့သည့္ အမ်ိဳးသားႏွစ္ဦးကို ပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။

နစကမွ ဧၿပီလ (၁၈)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္၊ တလက္ခြေက်း႐ြာတြင္ ေနထိုင္သူ ကိုအာကာမင္းႏွင့္ ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ ေနထိုင္သူ ကိုေအာင္မ်ိဳးထက္တို႔(၂)ဦးသည္ KNLA တပ္မဟာ(၆)၊ ရင္း(၁၆)မွ ဒုခြဲမႉးအဆင့္ရွိသူ ကိုခ်ေနလား၏ ေစခိုင္းခ်က္ျဖင့္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ပင‌ေက်း႐ြာရွိ ေရကစားမ႑ပ္ကို ေဖာက္ခြဲရန္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေစခိုင္းခ်က္အရ ၎တို႔(၂)ဦးသည္ မ႑ပ္အား လက္ပစ္ဗုံးျဖင့္ ေဖာက္ခြဲရန္ ေရးၿမိဳ႕နယ္၊ လိေမၼာ္ၿခံေက်း႐ြာမွ ဧၿပီလ (၁၇ရက္)၊ နံနက္(၉)နာရီ အခ်ိန္ခန႔္တြင္ ဆိုင္ကယ္ျဖင့္ထြက္ခဲ့ၿပီး မ႑ပ္အနီး၌ အေျခအေနေစာင့္ၾကည့္ခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ေနာက္ ေန႔လည္(၂)နာရီခြဲအခ်ိန္ခန႔္တြင္ ကို‌အာကာမင္းက လက္ပစ္ဗုံးအား ေဘာင္းဘီအိတ္အတြင္းမွ ပစ္ခတ္ရန္ ထုတ္ယူလိုက္စဥ္ လက္ပစ္ဗုံး၏ လုံၿခဳံေရးပင္မွာ ေဘာင္းဘီအိတ္အတြင္း ျပဳတ္၍ က်န္ခဲ့သျဖင့္ လက္ပစ္ဗုံးကို လမ္းေဘးေရေျမာင္းအတြင္းသို႔ လႊင့္ပစ္ခဲ့ရာ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေပါက္ကြဲမႈေၾကာင့္ လူႏွင့္အေဆာက္အဦးထိခိုက္မႈမရွိခဲ့ေသာ္လည္း ၎တို႔ႏွစ္ဦးအား ေဒသခံမ်ားက ဝိုင္းဝန္းဖမ္းဆီးခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕မ်ားထံသို႔ အပ္ႏွံခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ ေျပာၾကားခ်က္အရ သံျဖဴဇရပ္ၿမိဳ႕နယ္၊ သေကၠာေက်း႐ြာရွိ လွ်ိဳတစ္ခုအတြင္း၌ လက္လုပ္မိုင္းသုံးလုံးကို သိမ္းဆည္းထားေၾကာင္း သိရွိရသျဖင့္ ၎တို႔ႏွင့္အတူ သြားေရာက္ရွာေဖြခဲ့ၿပီး  လက္လုပ္မိုင္းမ်ားကို ဖ်က္ဆီးရွင္းလင္းခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ အဆိုပါေနရာမွျပန္လည္ထြက္ခြာလာစဥ္ ၎တို႔ႏွစ္ဦးက ထြက္ေျပးခဲ့သျဖင့္ ေသနတ္ျဖင့္ ေျခာက္လန႔္ပစ္ခတ္ခဲ့ေသာ္လည္း ရပ္တန႔္ခဲ့ျခင္းမရွိခဲ့ေၾကာင္း ပစ္ခတ္ဖမ္းဆီးခဲ့ရာ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

အထက္ပါျဖစ္စဥ္မွ အၾကမ္းဖက္သမားႏွစ္ဦး၏ ေသဆုံးမႈႏွင့္ပတ္သက္၍  ဥပေဒႏွင့္အညီ ေသမႈေသခင္းအမႈဖြင့္ အေရးယူေဆာင္႐ြက္ထားၿပီး ၎တို႔၏႐ုပ္အေလာင္းအား သံျဖဴဇရပ္ၿမိဳ႕၊ ဝဲကလိေက်း႐ြာရွိ သုႆာန္၌ မီးသၿဂႋဳလ္ခဲ့ေၾကာင္း နစကမွအသိေပးထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေအိမ်သို့ပြန်လည်ပြောင်းရွှေ့ခဲ့သည်ဟုဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း နစက ဖြေရှင်း

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved