မန္တလေး- ရန်ကုန် အမြန်လမ်းတွင် Probox ကားမှ ရပ်ထားသည့် (၆)ဘီးကားကို ဝင်တိုက်ခဲ့ရာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
စော (NP News) - ဧပြီ ၁၈
မန္တလေး-ရန်ကုန်အမြန်လမ်းတွင် Probox ကားမှ ရပ်ထားသည့် (၆)ဘီးကားကို ဝင်တိုက်မိ၍ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၁၈ ရက်)၊ နံနက် (၄)နာရီဝန်းကျင်အချိန်ခန့်တွင် မန္တလေး-ရန်ကုန် အမြန်လမ်း (၁၇၃)မိုင် (၄)ဖာလုံတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဇီဝိတဒါန ဆွာမြို့မှသိရသည်။
အဆိုပါဖြစ်စဥ်မှာ မကွေးမြို့မှ ရန်ကုန်မြို့သို့ အလုပ်လုပ်ရန် ပြန်လာသည့် Probox ကားသည် လမ်းဘေးတွင် ရပ်ထားသည့် (၆)ဘီး ကုန်စိမ်းကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အိပ်ငိုက်တာလားမသိဘူး။ သေဆုံးတဲ့လူတော့မရှိပါဘူး။ ထိခိုက်ဒဏ်ရာမပြင်းထန်ပါဘူး။ မစိုးရိမ်ရပါဘူး။ များများစားစားထိခိုက်ဒဏ်ရာ ရရှိတာကတော့ driver ပါပဲ။ ရန်ကုန်ကိုသွားမှာပါ။ မကွေးကနေ ရန်ကုန်ကို အလုပ်လုပ်ဖို့ပြန်တက်လာတာပါ”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဇီဝိတဒါန ဆွာမြို့မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အတွင်း အမျိုးသား(၄)ဦး၊ အမျိုးသမီး(၇)ဦး စုစုပေါင်း (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား အမြန်လမ်းဆွာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဇီဝိတဒါန ဆွာမြို့မှ သိရသည်။
zawgyi version
မႏၲေလး- ရန္ကုန္ အျမန္လမ္းတြင္ Probox ကားမွ ရပ္ထားသည့္ (၆)ဘီးကားကို ဝင္တိုက္ခဲ့ရာ (၁ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ဧၿပီ ၁၈
မႏၲေလး-ရန္ကုန္အျမန္လမ္းတြင္ Probox ကားမွ ရပ္ထားသည့္ (၆)ဘီးကားကို ဝင္တိုက္မိ၍ (၁ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၁၈ ရက္)၊ နံနက္ (၄)နာရီဝန္းက်င္အခ်ိန္ခန႔္တြင္ မႏၲေလး-ရန္ကုန္ အျမန္လမ္း (၁၇၃)မိုင္ (၄)ဖာလုံတြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ဇီဝိတဒါန ဆြာၿမိဳ႕မွသိရသည္။
အဆိုပါျဖစ္စဥ္မွာ မေကြးၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ အလုပ္လုပ္ရန္ ျပန္လာသည့္ Probox ကားသည္ လမ္းေဘးတြင္ ရပ္ထားသည့္ (၆)ဘီး ကုန္စိမ္းကားကို ဝင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အိပ္ငိုက္တာလားမသိဘူး။ ေသဆုံးတဲ့လူေတာ့မရွိပါဘူး။ ထိခိုက္ဒဏ္ရာမျပင္းထန္ပါဘူး။ မစိုးရိမ္ရပါဘူး။ မ်ားမ်ားစားစားထိခိုက္ဒဏ္ရာ ရရွိတာကေတာ့ driver ပါပဲ။ ရန္ကုန္ကိုသြားမွာပါ။ မေကြးကေန ရန္ကုန္ကို အလုပ္လုပ္ဖို႔ျပန္တက္လာတာပါ”ဟု ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ ဇီဝိတဒါန ဆြာၿမိဳ႕မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္အတြင္း အမ်ိဳးသား(၄)ဦး၊ အမ်ိဳးသမီး(၇)ဦး စုစုေပါင္း (၁၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား အျမန္လမ္းဆြာေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ဇီဝိတဒါန ဆြာၿမိဳ႕မွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧပြီလကုန်အထိ ရန်ကုန်မြို့၌ အရေးပေါ် လျှပ်စစ်ဓာတ်အားလျှော့ချခြင်းများ ဆောင်ရွက်မည်ဟု YESC အသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း