Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့ရိုးရာသင်္ကြန်ကာလ၌ သင်္ကြန်မဏ္ဍပ်များ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် (၁၂)ဦးသေဆုံးခဲ့ပြီး (၈၃) ဦး ဒဏ်ရာရရှိခဲ့

NP News - ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သင်္ကြန်ကာလ၌ သင်္ကြန်မဏ္ဍပ်များ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် အရပ်သား (၁၂)ဦးသေဆုံးခဲ့ပြီး (၈၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ရိုးရာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ မြန်မာတစ်နိုင်ငံလုံး၌ ကျင်းပခဲ့ပြီး ၎င်းကာလအတွင်း သင်္ကြန်မဏ္ဍပ်အချို့ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ရိုးရာသင်္ကြန်အကြိုနေ့ဖြစ်သော ဧပြီလ ၁၃ ရက်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့သင်္ကြန်မဏ္ဍပ်အနီး၊ ရန်တိုင်းအောင်ဘုရားဝင်း အရှေ့ပန်းခြံကားရပ်နားရာ နေရာ၌ အကြမ်းဖက်အဖွဲ့မှ လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။

၎င်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရပ်သားပြည်သူ (၄)ဦးသေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် (၁၁)ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အလားတူ ဧပြီလ ၁၃ ရက်၌ပင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ အခြေခံပညာအလယ် တန်းကျောင်းရှေ့၌ ရွာသူ၊ရွာသားများနှင့်ကလေးငယ်များ ရေကစားနေစဉ်အချိန် အကြမ်းဖက်အဖွဲ့မှ ဒရုန်းများဖြင့် ဗုံး(၄)လုံးခန့် ပစ်ချတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း ကလေးငယ် (၅)ဦးအပါအဝင် (၈)ဦးအထိ သေဆုံးခဲ့ပြီး ရွာသူ၊ ရွာသား (၃၁)ဦးအထိ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစကမှ အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာ့ရိုးရာသင်္ကြန်ကာလဖြစ်သော အကြတ်နေ့(ဧပြီလ ၁၅ ရက်)တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်အား အကြမ်းဖက်အဖွဲ့များမှ ဒရုန်းဖြင့် ဗုံးပစ်ချကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ယိမ်းအကများဖြင့် ဖျော်ဖြေနေစဉ်အချိန် ဗုံးကျရောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၂၈)ဦးအထိ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ဆက်လက်ပြီး သင်္ကြန်အကြတ်နေ့(ဧပြီလ ၁၅ ရက်)၌ပင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ ဓမ္မာရုံ၌ ကလေးငယ်များအပါအဝင် ရွာသူ၊ ရွာသားများသည် ရေကစားနေစဉ်အချိန်တွင် အကြမ်းဖက်အဖွဲ့မှ ဒရုန်းတစ်စင်းဖြင့် ဗုံး(၂)လုံး ပစ်ချတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်အတွင်း ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၃)ဦးအထိ ဗုံးစများ ထိမှန်ကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း သင်္ကြန်မဏ္ဍပ်များအပါအဝင် ရေကစားနေသူများကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အရပ်သားစုစုပေါင်း (၁၂)ဦးအထိ သေဆုံးခဲ့ရပြီး (၈၃)အထိ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များက ဖော်ပြထားသည်။

ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့်အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး ကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးသွားမည်ဟုလည်း နစကမှ အသိပေးပြောဆိုထားသည်။

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ကာလ၌ မဏ္ဍပ်များအား ဗုံးခွဲတိုက်ခိုက်မည်ဟု အကြမ်းဖက်အဖွဲ့မှ ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့သော်လည်း ပြီးခဲ့သောနှစ်သင်္ကြန်ကာလထက် စည်းစည်းကားကားဖြင့် သင်္ကြန်ပွဲတော်အား ကျင်းပနိုင်ခဲ့သည်ကို တွေ့ရှိရသည်။

zawgyi version

ျမန္မာ့႐ိုးရာသၾကၤန္ကာလ၌ သၾကၤန္မ႑ပ္မ်ား အၾကမ္းဖက္တိုက္ခိုက္ခံရမႈေၾကာင့္ (၁၂)ဦးေသဆုံးခဲ့ၿပီး (၈၃) ဦး ဒဏ္ရာရရွိခဲ့

NP News - ဧၿပီ ၁၈

ျမန္မာသကၠရာဇ္ ၁၃၈၄ ခုႏွစ္ သၾကၤန္ကာလ၌ သၾကၤန္မ႑ပ္မ်ား အၾကမ္းဖက္တိုက္ခိုက္ခံရမႈေၾကာင့္ အရပ္သား (၁၂)ဦးေသဆုံးခဲ့ၿပီး (၈၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

႐ိုးရာသၾကၤန္ပြဲေတာ္ကို ဧၿပီလ ၁၃ ရက္မွ ၁၆ ရက္အထိ ျမန္မာတစ္ႏိုင္ငံလုံး၌ က်င္းပခဲ့ၿပီး ၎ကာလအတြင္း သၾကၤန္မ႑ပ္အခ်ိဳ႕ အၾကမ္းဖက္တိုက္ခိုက္ခံခဲ့ရသည့္ျဖစ္စဥ္မ်ား ရွိခဲ့သည္။

႐ိုးရာသၾကၤန္အႀကိဳေန႔ျဖစ္ေသာ ဧၿပီလ ၁၃ ရက္တြင္ ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕သၾကၤန္မ႑ပ္အနီး၊ ရန္တိုင္းေအာင္ဘုရားဝင္း အေရွ႕ပန္းၿခံကားရပ္နားရာ ေနရာ၌ အၾကမ္းဖက္အဖြဲ႕မွ လက္လုပ္ဗုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္မႈ ျပဳလုပ္ခဲ့ေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။

၎တိုက္ခိုက္မႈျဖစ္စဥ္အတြင္း အရပ္သားျပည္သူ (၄)ဦးေသဆုံးခဲ့ၿပီး ကေလးငယ္အပါအဝင္ (၁၁)ဦးမွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အလားတူ ဧၿပီလ ၁၃ ရက္၌ပင္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္၊ ႂကြယ္ပုံေက်း႐ြာရွိ အေျခခံပညာအလယ္ တန္းေက်ာင္းေရွ႕၌ ႐ြာသူ၊႐ြာသားမ်ားႏွင့္ကေလးငယ္မ်ား ေရကစားေနစဥ္အခ်ိန္ အၾကမ္းဖက္အဖြဲ႕မွ ဒ႐ုန္းမ်ားျဖင့္ ဗုံး(၄)လုံးခန႔္ ပစ္ခ်တိုက္ခိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္အတြင္း ကေလးငယ္ (၅)ဦးအပါအဝင္ (၈)ဦးအထိ ေသဆုံးခဲ့ၿပီး ႐ြာသူ၊ ႐ြာသား (၃၁)ဦးအထိ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ခဲ့သည္။

ထို႔ျပင္ ျမန္မာ့႐ိုးရာသၾကၤန္ကာလျဖစ္ေသာ အၾကတ္ေန႔(ဧၿပီလ ၁၅ ရက္)တြင္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္ရွိ ျပည္နယ္အစိုးရအဖြဲ႕႐ုံးဗဟိုမ႑ပ္အား အၾကမ္းဖက္အဖြဲ႕မ်ားမွ ဒ႐ုန္းျဖင့္ ဗုံးပစ္ခ်ကာ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ျပည္နယ္အစိုးရအဖြဲ႕႐ုံးဗဟိုမ႑ပ္၌ ယိမ္းအကမ်ားျဖင့္ ေဖ်ာ္ေျဖေနစဥ္အခ်ိန္ ဗုံးက်ေရာက္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း (၂၈)ဦးအထိ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ဆက္လက္ၿပီး သၾကၤန္အၾကတ္ေန႔(ဧၿပီလ ၁၅ ရက္)၌ပင္ စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕နယ္၊ ေငြတြင္းေက်း႐ြာရွိ ဓမၼာ႐ုံ၌ ကေလးငယ္မ်ားအပါအဝင္ ႐ြာသူ၊ ႐ြာသားမ်ားသည္ ေရကစားေနစဥ္အခ်ိန္တြင္ အၾကမ္းဖက္အဖြဲ႕မွ ဒ႐ုန္းတစ္စင္းျဖင့္ ဗုံး(၂)လုံး ပစ္ခ်တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

၎ျဖစ္စဥ္အတြင္း ေက်း႐ြာသူ၊ ေက်း႐ြာသား စုစုေပါင္း (၁၃)ဦးအထိ ဗုံးစမ်ား ထိမွန္ကာ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ျမန္မာ့႐ိုးရာသၾကၤန္ကာလအတြင္း သၾကၤန္မ႑ပ္မ်ားအပါအဝင္ ေရကစားေနသူမ်ားကို အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ အရပ္သားစုစုေပါင္း (၁၂)ဦးအထိ ေသဆုံးခဲ့ရၿပီး (၈၃)အထိ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားက ေဖာ္ျပထားသည္။

ထိုသို႔ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားသည္ ဂ်ီနီဗာကြန္ဗန္းရွင္းႏွင့္အျပည္ျပည္ဆိုင္ရာဥပေဒတို႔အရ စစ္ရာဇဝတ္မႈကို က်ဴးလြန္ျခင္းျဖစ္ၿပီး က်ဴးလြန္သူမ်ားကို အျမန္ဆုံးေဖာ္ထုတ္ဖမ္းဆီးသြားမည္ဟုလည္း နစကမွ အသိေပးေျပာဆိုထားသည္။

ျမန္မာသကၠရာဇ္ ၁၃၈၄ ခုႏွစ္ မဟာသၾကၤန္ကာလ၌ မ႑ပ္မ်ားအား ဗုံးခြဲတိုက္ခိုက္မည္ဟု အၾကမ္းဖက္အဖြဲ႕မွ ၿခိမ္းေျခာက္ေျပာဆိုမႈမ်ားရွိခဲ့ေသာ္လည္း ၿပီးခဲ့ေသာႏွစ္သၾကၤန္ကာလထက္ စည္းစည္းကားကားျဖင့္ သၾကၤန္ပြဲေတာ္အား က်င္းပႏိုင္ခဲ့သည္ကို ေတြ႕ရွိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံ နဲ့ နိုင်ငံရဲ့စီးပွားရေးက ဆိုးရွားတဲ့အခက်အခဲပြဿနာများနဲ့ရင်ဆိုင်ရနေရကြောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့်ဝေဖန်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved