Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမြန်လမ်း၌ အိမ်စီးကားတစ်စီး ကွန်ကရစ်တုံးအား ဝင်တိုက်မိရာမှ အမျိုးသမီးတစ်ဦးသေဆုံး

စော (NP News) - ဧပြီ ၁၁

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကားတစ်စီး ကွန်ကရစ်တုံးအား ဝင်တိုက်မိရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၁၁ ရက်)၊ နေ့လည် (၁၁)နာရီအချိန်တွင် ရန်ကုန်- မန္တလေးအမြန်လမ်း၊ (၈၉) မိုင်တွင်ဖြစ်ပွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါ အိမ်စီးကားသည် ရန်ကုန်မှ မန္တလေးသို့ သွားရောက်စဉ်အချိန် ယာဉ်မောင်းဖြစ်သူမှာ အိပ်ငိုက်ခဲ့၍ လမ်းဘေး ကွန်ကရစ်တုံးကို တိုက်မိကာ မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူကအိပ်ငိုက်ပြီးတော့ ကားက လမ်းဘေးကိုရောက်သွားပြီး ကွန်ကရစ်တုံးကိုဝင်တိုက်တာ။ ယာဉ်ပေါ်မှာနှစ်ယောက်ထဲပါ။ ယာဉ်မောင်းက ခါးပတ်ပတ်ထားတဲ့အတွက် လေအိတ်ပဲပွင့်သွားတာ။ အမျိုးသမီးကတော့ ခါးပတ်မပတ်ထားတဲ့အတွက် လေအိတ်မပွင့်လို့ ရောဂါအခံလည်းရှိတယ်ထင်တယ်။ အခင်းဖြစ်ပွားရာနေရာမှာပဲ ဆုံးသွားတာပါ”ဟု ရောင်စုံမေတ္တာလူမှုကူညီရေး အသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဥ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသားသည် ထိခိုက်ဒဏ်ရာအနည်းငယ်သာရပြီး အမျိုးသမီးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

၎င်းတို့ကို မြို့ချောင်းဆေးရုံကို ပို့ဆောင်ပေးထားကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှဆို သည်။

အလားတူ ယမန့်နေ့ (ဧပြီလ ၁ဝ ရက်)ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၂၅) တွင် အိမ်စီးကားတစ်စီးသည် လမ်းလယ်ကွန်ကရစ်တုံးကိုဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ကားမီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား(၃)ဦးသေဆုံးခဲ့သည်။

zawgyi version


စော (NP News) - ဧပြီ ၁၁








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတစ်ဝန်းလုံး၌ သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမိုမြင့်တက်လာနိုင်ဟုဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved