Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သင်္ကြန်ကာလအတွင်း မန္တလေးရှိ မဏ္ဍပ်များနှင့် လူစည်ကားသောနေရာများကို Drop Bomb များဖြင့် တိုက်ခိုက်ရန် စီစဥ်နေသူများကို လက်နက်ခဲယမ်းများနှင့်အတူ‌ဖမ်းဆီးရမိ

Pearl (NP News) - ဧပြီ ၁၁

သင်္ကြန်ကာလအတွင်း မန္တလေးရှိ မဏ္ဍပ်များနှင့် လူစည်ကားသောနေရာများကို Drop Bomb များဖြင့် တိုက်ခိုက်ရန် စီစဥ်နေသူများကို ‌ဖမ်းဆီးရမိခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်၊ ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၄၇ လမ်းနှင့် ၄၈ လမ်းကြား၊ ၁၁၇(E)လမ်းရှိ မြရည်နန္ဒာအိမ်ရာတွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ 

အဆိုပါအိမ်ယာ၌ Special Task Force - STF PDF အဖွဲ့ဝင် ဇော်မင်းသိန်းအား Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပွိုင့်-၃၈ဝ ကျည် ၅ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

၎င်း၏ ထွက်ဆိုချက်အရ ဧပြီလ ၇ ရက် နံနက်ပိုင်းတွင် အဖွဲ့ဝင်နန်းမျိုးအောင်နှင့် ရှိုင်းဝဏ္ဏထွန်းတို့အား လက်လုပ်ပစ္စတို ၃ လက်၊ ၉ မမကျည် ၁၃ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အလားတူ ဧပြီလ ၈ ရက် နံနက်ပိုင်းတွင် Royal Phoenix Guerilla Force PDF အဖွဲ့ဝင်များနှင့် STF PDF အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာစာသင်ကျောင်းနှင့် ကျေးရွာအနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် နေထိုင်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ PDF အဖွဲ့ဝင် သော်တာထွန်းအား FGC- 9 (၁) လက်၊ လက်လုပ်သေနတ် (၁၁)လက်နှင့် လက်လုပ်စိန်ပြောင်း (၁)လက်နှင့် အခြားပစ္စည်းများပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်တွင် အမျိုးသား (၄)ဦးတို့အား Glock ပစ္စတို (၁) လက်၊ FGC- 9 (၁)လက်၊ လက်လုပ်သေနတ် (၁၁) လက်၊ လက်လုပ်ပစ္စတို (၃)လက်၊ လက်လုပ် စိန်ပြောင်း (၁)လက်၊ ကျည်အိမ် (၆)ခု၊ ၉ မမကျည် (၁၃) တောင့်၊ ပွိုင့်-၃၈ဝ ကျည် (၅)တောင့်၊ ကျည်မျိုးစုံ (၁၁၅)တောင့်၊ တရုတ်လက်ပစ်ဗုံး (၈၁)လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး (၆)လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး (၂၈)လုံး၊ လက်လုပ်မိုင်း (၁၅) လုံး၊ လက်လုပ် Drop ဗုံး (၅) လုံး၊ ယမ်းမှုန့် (၂ဝ)ပိဿာ၊ ယမ်းကြိုး (၇ဝ) ပေ၊ ဒီတိုနေတာ (၁ဝဝ) ချောင်း၊ မှန်ပြောင်း (၁) လက်၊ ကျည်ကာအင်္ကျီ (၁) ထည်၊ ကျည်ကာဦးထုပ် (၁)လုံး၊ လမ်းလျှောက်စကားပြောစက် (၄)လုံး၊ ပြောက်ကျားယူနီဖောင်း (၆ဝ)စုံ၊ ပြောက်ကျားလည်တိုဖိနပ် (၂ဝ)ရံ၊ ဆေးပစ္စည်းမျိုးစုံ (၂)ဖာ၊ မော်တော်ဆိုင်ကယ် (၉) စီး၊ သံဖြတ်စက်/ဖောက်စက် (၇)လုံး၊ လက်ထိပ် (၁)ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။ 

ထွက်ဆိုချက်များအရ ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလတွင် STF အဖွဲ့အား  ဇော်မင်းသိန်း ၊ နန်းမျိုးအောင်၊ စိုင်းဝဏ္ဏထွန်းတို့နှင့် ဖမ်းဆီးရန်ကျန်သူ ခေါင်းဆောင် အီဗန် နှင့် ကိုထက်၊ ဂျက်ကြီး၊ တက်တူး၊ ခိခိ၊ ဂုတ်၊ မင်းသန့်၊ လပ်ကီး၊ ခန့်သူတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ပြင် ၎င်းတို့အဖွဲ့မှ လုပ်ကြံသတ်ဖြတ်မှု (၁ဝ)ကြိမ်နှင့် ဖောက်ခွဲဖျက်ဆီးမှု (၁)ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရသည်။ 

အလားတူ သင်္ကြန်ကာလအတွင်း မန္တလာသီရိဘောလုံးကွင်းအနောက်ဘက် Ocean Supercenter အနီးရှိ ရေကစားမဏ္ဍပ်၊ မန္တလေးနန်းတွင်းကျုံးရှေ့ သင်္ကြန်မဏ္ဍပ်၊ လူစည်ကားသော နေရာများ နှင့် မြနန်းစံကျော် ရွှေနန်းတော်အား Drone ဖြင့် Drop Bomb ချတိုက်ခိုက်မှုပြုလုပ်ရန်အတွက် နန်းတော်၏ (၁) မိုင်ပတ် လည်အတွင်းရှိ နေရာ (၃) နေရာအား ရွေးချယ်ထားကြောင်း ဖော်ထုတ်သိရှိရသည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version

သၾကၤန္ကာလအတြင္း မႏၲေလးရွိ မ႑ပ္မ်ားႏွင့္ လူစည္ကားေသာေနရာမ်ားကို Drop Bomb မ်ားျဖင့္ တိုက္ခိုက္ရန္ စီစဥ္ေနသူမ်ားကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ‌ဖမ္းဆီးရမိ

Pearl (NP News) - ဧၿပီ ၁၁

သၾကၤန္ကာလအတြင္း မႏၲေလးရွိ မ႑ပ္မ်ားႏွင့္ လူစည္ကားေသာေနရာမ်ားကို Drop Bomb မ်ားျဖင့္ တိုက္ခိုက္ရန္ စီစဥ္ေနသူမ်ားကို ‌ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဧၿပီလ ၆ ရက္၊ ညပိုင္းတြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္သာယာရပ္ကြက္၊ ၄၇ လမ္းႏွင့္ ၄၈ လမ္းၾကား၊ ၁၁၇(E)လမ္းရွိ ျမရည္နႏၵာအိမ္ရာတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။ 

အဆိုပါအိမ္ယာ၌ Special Task Force - STF PDF အဖြဲ႕ဝင္ ေဇာ္မင္းသိန္းအား Glock ပစၥတို ၁ လက္၊ က်ည္အိမ္ ၁ ခု၊ ပြိဳင့္-၃၈ဝ က်ည္ ၅ ေတာင့္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 

၎၏ ထြက္ဆိုခ်က္အရ ဧၿပီလ ၇ ရက္ နံနက္ပိုင္းတြင္ အဖြဲ႕ဝင္နန္းမ်ိဳးေအာင္ႏွင့္ ရႈိင္းဝဏၰထြန္းတို႔အား လက္လုပ္ပစၥတို ၃ လက္၊ ၉ မမက်ည္ ၁၃ ေတာင့္၊ ႀကိဳးဆြဲလက္ပစ္ဗုံး ၆ လုံးတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

အလားတူ ဧၿပီလ ၈ ရက္ နံနက္ပိုင္းတြင္ Royal Phoenix Guerilla Force PDF အဖြဲ႕ဝင္မ်ားႏွင့္ STF PDF အဖြဲ႕ဝင္မ်ားသည္ စစ္ကိုင္းၿမိဳ႕နယ္၊ အုတ္ဖိုေက်း႐ြာစာသင္ေက်ာင္းႏွင့္ ေက်း႐ြာအနီးပတ္ဝန္းက်င္တစ္ဝိုက္တြင္ ေနထိုင္လ်က္ရွိေၾကာင္း ေဖာ္ထုတ္သိရွိရသျဖင့္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ နယ္ေျမရွင္းလင္းျခင္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ရာ PDF အဖြဲ႕ဝင္ ေသာ္တာထြန္းအား FGC- 9 (၁) လက္၊ လက္လုပ္ေသနတ္ (၁၁)လက္ႏွင့္ လက္လုပ္စိန္ေျပာင္း (၁)လက္ႏွင့္ အျခားပစၥည္းမ်ားပါ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 

ျဖစ္စဥ္တြင္ အမ်ိဳးသား (၄)ဦးတို႔အား Glock ပစၥတို (၁) လက္၊ FGC- 9 (၁)လက္၊ လက္လုပ္ေသနတ္ (၁၁) လက္၊ လက္လုပ္ပစၥတို (၃)လက္၊ လက္လုပ္ စိန္ေျပာင္း (၁)လက္၊ က်ည္အိမ္ (၆)ခု၊ ၉ မမက်ည္ (၁၃) ေတာင့္၊ ပြိဳင့္-၃၈ဝ က်ည္ (၅)ေတာင့္၊ က်ည္မ်ိဳးစုံ (၁၁၅)ေတာင့္၊ တ႐ုတ္လက္ပစ္ဗုံး (၈၁)လုံး၊ ႀကိဳးဆြဲလက္ပစ္ဗုံး (၆)လုံး၊ လက္လုပ္စိန္ေျပာင္းဗုံးသီး (၂၈)လုံး၊ လက္လုပ္မိုင္း (၁၅) လုံး၊ လက္လုပ္ Drop ဗုံး (၅) လုံး၊ ယမ္းမႈန႔္ (၂ဝ)ပိႆာ၊ ယမ္းႀကိဳး (၇ဝ) ေပ၊ ဒီတိုေနတာ (၁ဝဝ) ေခ်ာင္း၊ မွန္ေျပာင္း (၁) လက္၊ က်ည္ကာအက်ႌ (၁) ထည္၊ က်ည္ကာဦးထုပ္ (၁)လုံး၊ လမ္းေလွ်ာက္စကားေျပာစက္ (၄)လုံး၊ ေျပာက္က်ားယူနီေဖာင္း (၆ဝ)စုံ၊ ေျပာက္က်ားလည္တိုဖိနပ္ (၂ဝ)ရံ၊ ေဆးပစၥည္းမ်ိဳးစုံ (၂)ဖာ၊ ေမာ္ေတာ္ဆိုင္ကယ္ (၉) စီး၊ သံျဖတ္စက္/ေဖာက္စက္ (၇)လုံး၊ လက္ထိပ္ (၁)ခုတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။ 

ထြက္ဆိုခ်က္မ်ားအရ ၂ဝ၂၂ ခုႏွစ္၊ ေအာက္တိုဘာလတြင္ STF အဖြဲ႕အား  ေဇာ္မင္းသိန္း ၊ နန္းမ်ိဳးေအာင္၊ စိုင္းဝဏၰထြန္းတို႔ႏွင့္ ဖမ္းဆီးရန္က်န္သူ ေခါင္းေဆာင္ အီဗန္ ႏွင့္ ကိုထက္၊ ဂ်က္ႀကီး၊ တက္တူး၊ ခိခိ၊ ဂုတ္၊ မင္းသန႔္၊ လပ္ကီး၊ ခန႔္သူတို႔ျဖင့္ ဖြဲ႕စည္းခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

ထို႔ျပင္ ၎တို႔အဖြဲ႕မွ လုပ္ႀကံသတ္ျဖတ္မႈ (၁ဝ)ႀကိမ္ႏွင့္ ေဖာက္ခြဲဖ်က္ဆီးမႈ (၁)ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။ 

အလားတူ သၾကၤန္ကာလအတြင္း မႏၲလာသီရိေဘာလုံးကြင္းအေနာက္ဘက္ Ocean Supercenter အနီးရွိ ေရကစားမ႑ပ္၊ မႏၲေလးနန္းတြင္းက်ဳံးေရွ႕ သၾကၤန္မ႑ပ္၊ လူစည္ကားေသာ ေနရာမ်ား ႏွင့္ ျမနန္းစံေက်ာ္ ေ႐ႊနန္းေတာ္အား Drone ျဖင့္ Drop Bomb ခ်တိုက္ခိုက္မႈျပဳလုပ္ရန္အတြက္ နန္းေတာ္၏ (၁) မိုင္ပတ္ လည္အတြင္းရွိ ေနရာ (၃) ေနရာအား ေ႐ြးခ်ယ္ထားေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု ေဖာ္ျပထားသည္။

လက္ရွိတြင္ ၎တို႔အား ဥပေဒအရထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိၿပီး ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္ပတ္သက္သူမ်ား၊ ေနာက္ကြယ္မွ ေထာက္ပံ့ေပးလ်က္ရွိေသာ ဆက္စပ္သူမ်ားအား အျမန္ဆုံးဖမ္းဆီးရမိေရးအတြက္ ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်ကြားရေးမှူး သတ်ဖြတ်ခံရပြီး နေအိမ်ပါ မီးရှို့ဖျက်ဆီးခံရ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved