Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပင်တာဂွန်စာရွက်စာတန်းများ အွန်လိုင်းပေါက်ကြားမှုနောက်ဆက်တွဲ ပြဿနာအလွန်ကြီးမား ရှုပ်ထွေးဟုဆို

Htay Oung (NP News) - ဧပြီ ၁၁

မကြာသေးမီ ရက်သတ္တပတ်များအတွင်း အင်တာနက် အွန်လိုင်းမှာ ပေါက်ကြားခဲ့တဲ့ ပင်တာဂွန်စစ်ဌာန ချုပ်ရဲ့ ထိပ်တန်းလျှို့ဝှက်အဆင့်စာရွက်စာတမ်းတွေဟာ အမေရိကန်အနေနဲ့ မဟာမိတ်များနဲ့ ရန်သူတို့အပေါ် သိမ်းကျုံး သူလျှိုလုပ်နေပုံ လက်စလက်နကို ဖော်ပြနေတဲ့ ရှားပါးသက်သေတစ်ခုဖြစ်နေပါတယ်။ လူသိရှင်ကြား ဖြစ်သွားရတဲ့အချက်တွေဟာ ထိလွယ်ရှလွယ်တဲ့ သတင်းရင်းမြစ်များအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး အရေးကြီးနိုင်ငံခြားဆက်ဆံရေးမှာ အပေးအယူလုပ်လာစရာတွေ ဖြစ်လာနိုင်ပါတယ်။ အမျိုး သားလုံခြုံရေးအပေါ် ထိခိုက်တဲ့အထိ ဖြစ်လာနိုင်တဲ့အတွက် အမေရိကန်အရာရှိများအနေနဲ့ အတော်ကြီး တုန်လှုပ်ချောက်ချားနေကြရတယ်လို့ CNN က ဧပြီလ ၉ ရက်တွင် ရေးသားပါတယ်။

စာရွက်စာတမ်းအချို့ဟာ အစစ်အမှန်များ ဖြစ်တယ်လို့ ပင်တာဂွန်အရာရှိများက ပြောဆိုကြပြီး တောင်ကိုရီးယား၊ အစ္စရေးနဲ့ ယူကရိန်းတို့အပါအဝင် အရေးကြီး အဓိကမဟာမိတ်တို့အပေါ် အမေရိကန်က ဘယ် လောက်အထိ ခိုးကြောင်ခိုးဝှက်လုပ်နေပုံ အတိုင်းအတာကို ဖွင့်ပြလိုက်သလို ဖြစ်နေပါတယ်။ အခြားတစ်ဖက်မှာလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ ရုရှားပုဂ္ဂလိကစစ်တပ် “ဝက်ဂ်နာ_အုပ်စု“ တို့အတွင်း မွှေနှောက်ပုံ သို့မဟုတ် ဆက်သွယ်ထောက်လှမ်းရေးကိရိယာနဲ့ လူသားအရင်းအမြစ်များမှတစ်ဆင့် အမေရိကန်က ထိုးဖောက်ဝင်ရောက်ခဲ့ပုံကို စာရွက်စာတမ်းအချို့မှာ တွေ့မြင်ကြရပါတယ်။

ကိဗ်အနေနဲ့ ရုရှတို့အပေါ် တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန်မှာ ယူကရိန်းတို့ရဲ့ လက်နက်၊ လေ ကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ ပါဝင်မယ့် တပ်မ-တပ်ရင်းအရွယ်အစားနဲ့ အဆင်သင့်ဖြစ်မှုဆိုင်ရာ စံအခြေအနေ၊ အဓိက အားနည်းချက်တို့ကို ဖော်ပြထားပါတယ်။ အဲဒီလို သတင်းပေါက်ကြားတဲ့အတွက် သူတို့ရဲ့ဘက်မှာ စစ်ရေးပြင်ဆင်မှုအချို့ကို အချိန်မီ အပြောင်းအလဲ လုပ်ခဲ့ရတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇီလန်စကီးနဲ့ နီးစပ်သူ သတင်းရင်းမြစ်က ပြောပါတယ်။ 

“Discord“ အမည်ရှိ အွန်လိုင်းပလက်ဖောင်းပေါ်မှာ မျှဝေထားတဲ့ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စာရွက် စာတမ်းများ ပေါက်ကြားမှုကို အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက စုံစမ်းစစ်ဆေးနေပါတယ်။ အမေရိကန်သတင်းအချက်အလက်ထောက်လှမ်းရေးနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေအကြောင်း ပြီးခဲ့တဲ့လမှာ စတင် ပြောဆိုနေခဲ့ကြတာဖြစ်ပြီး တရားရေးဌာနကလည်း သီးခြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ပေါက်ကြားစာရွက်စာတမ်းများမှာ ပါရှိနေတဲ့ နိုင်ငံအချို့မှ သံတမန်များကတော့ သူတို့ရဲ့ အရင်းအမြစ်များနဲ့ နည်းလမ်းတွေ လူသိရှင်ကြား ဖြစ်ကုန်ပြီး စွပ်စွဲပြောဆိုနိုင်ခြေရှိတဲ့အပေါ် စိတ်ပျက် စိုးရိမ်ကြောင်း ပြောကြပါတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတမ်းများအရ ယူကရိန်းအနီး ရုရှားရဲ့ စစ်ရေးတည်ဆောက်မှုကို အမေရိကန်က စိုးရိမ်နေပြီး သမ္မတ ဗိုလိုဒီမြာဇီလန်စကီးအပေါ် သူလျှိုလုပ်နေကြောင်း စာရွက်စာတမ်းများကို ပြန်လည်သုံးသပ်ခဲ့သူ သတင်းရင်းမြစ်က ပြောပါတယ်။ ၂ဝ၂၃-ခုနှစ်အထိ ယူကရိန်းနိုင်ငံ ဒွန်ဘက်စ်ဒေသမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ “မတည်မငြိမ်ဖြစ်နိုင်ခြေ” များကိုလည်း အမေရိကန်က ပြောဆိုထားကြောင်း၊ ရော့စ်တော့ဗ် အောဘလတ်ရှိ ရုရှားတို့တပ်ဖြန့်ရာ နေရာများကို ရောက်ရှိနိုင်တဲ့ တာဝေးပစ်လက်နက်များ ယူကရိန်းမှာ မရှိကြောင်း၊ အဲဒီအစား မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေ ပေးအပ်ဖို့ ဇီလန်စကီးက အကြံပြုထားတယ်လို့ အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။ ယူကရိန်းကတော့ ပေါက်ကြားစာရွက်စာတမ်းတွေရဲ့ စစ်မှန်မှုကို ငြင်းဆိုပါတယ်။

ဒါ့ပြင် အစ္စရေးနိုင်ငံနဲ့ပတ်သက်ပြီး ဂျေရုဆလင်ရဲ့ အဓိကထောက်လှမ်းရေးအေဂျင်စီဖြစ်တဲ့ မော့ဆက်ဟာ နောက်တက်လာတဲ့ အစ္စရေးအစိုးရသစ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုများကို တွန်းအားပေးနေတယ်လို့ အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။ ထောက်လှမ်းရေး သတင်းရင်းမြစ်အဖြစ် အသုံးပြုဖို့ CIA က တင်ပြတဲ့ အဲဒီအစီရင်ခံစာမှာ အရေးယူရန် မော့ဆက်က ပြတ်သားစွာ တောင်းဆိုခဲ့ကြောင်း ပါဝင်နေပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ရုံးကတော့ အဲဒီအစီရင်ခံစာကို ပယ်ချလိုက်ပါတယ်။ ကြောက်စရာကောင်းပြီး ဘယ်လိုမှ အခြေအမြစ်မရှိကြောင်းလည်း ပြောဆိုပါတယ်။ ဆန္ဒပြလှုပ်ရှားမှုရဲ့ ကျောရိုးဖြစ်ခဲ့တဲ့ အစ္စရေးစစ်ပြန်များအနေနဲ့ သူတို့ရဲ့ ဆန္ဒပြပွဲများကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကတိပြုကြပါတယ်။

ယူကရိန်းကို တိုက်လေယာဉ်တွေ လှူဒါန်းဖို့ ဂျာမနီ တာဝန်ရှိသူတွေက ထောက်ခံကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပြီး “ ဒါပေမယ့် အဲဒီလိုလုပ်ဖို့ အာမခံချက် မရှိသေးဘူး” လို့ ရေးသားထားကြောင်း တွေ့ရှိရပါတယ်။ “မော်စကိုက ရန်လုပ်မှာကို ရှောင်ရှားလိုတဲ့ ဂျာမနီရဲ့ ကြိုးပမ်းမှုတွေဟာ ယူကရိန်းကို စစ်ရေးအရ ထောက်ပံ့ရာမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လိုတဲ့ ဆန္ဒကို အကန့်အသတ်ဖြစ်နေနိုင်တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်းမှာ ပဋိပက္ခဖြစ်ပွားတဲ့ ၂ဝ၁၄ ခုနှစ်ကတည်းက NATO မဟာမိတ်နိုင်ငံတွေအနေနဲ့ ကိဗ်ကို စစ်ရေးအရ အကူအညီတွေ ပေးအပ်ဖို့ အမေရိကန်က တွန်းအားပေးနေခဲ့တာ ဖြစ်ပါတယ်။ 

စာရွက်စာတမ်းတွေအရ အမေရိကန်ဟာ ယူကရိန်းကိစ္စနဲ့ ပတ်သက်လို့ သူ့မဟာမိတ်နိုင်ငံတွေရဲ့ မူဝါဒတွေကို အနီးကပ်စောင့်ကြည့်နေပြီး သံတမန်ရေးအရ ဖိအားပေးရာမှာ အသုံးချနေကြောင်း ပြသနေပါတယ်။ ယူကရိန်းကို ထောက်ပံ့ရာမှာ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာဖို့၊ ယူကရိန်းနိုင်ငံအတွက် အနောက်နိုင်ငံများရဲ့ ထောက်ခံအားပေးမှုဟာ ရုရှားရဲ့ အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်တဲ့ ကရင်မလင်ရဲ့ ထုတ်ဖော်ပြောဆိုမှုများအတွက် စိုးရိမ်တကြီး ရှိနေကြောင်း၊ ဥရောပနိုင်ငံများအနေနဲ့ ရုရှားနဲ့ အမေရိကန်နှစ် နိုင်ငံစလုံးနဲ့ သိမ်မွေ့တဲ့ ဟန်ချက်ညီ အစွမ်းပြနိုင်ဖို့ကိုလည်း သာဓက ပြထားတယ်လို့ ဆိုပါတယ်။

ယေဘုယျအားဖြင့် ယခုပေါက်ကြားလာသည့် စာရွက်စာတမ်းတွေဟာ အလွန်လျှို့ဝှက်သိပ်သည်းတဲ့ သူလျှို လောကနဲ့ ထောက်လှမ်းရေးများစုဝေးရာကမ္ဘာကို ရှားရှားပါးပါး ဖြတ်ကနဲ မြင်လိုက်ရတယ်လို့ ဆိုနိုင်ပါတယ်။ အမေရိကန်အနေနဲ့ သူ့ရန်သူများရဲ့ လှုပ်ရှားမှုများကို ထိုးဖောက်ဝင်ရောက် စောင့်ကြည့်ရာမှာ ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ စွမ်းရည်ထက်မြက်ပုံများကို ပြသနေပါတယ်။ 

ဒါပေမဲ့ ခုလို ပေါက်ကြားခြင်းအားဖြင့် သတင်းအချက်အလက်များ ရယူခြင်း၊ သိမ်းဆည်းခြင်းအပါအ၀င် လူသားရင်းမြစ်များအပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ်နဲ့ အချက်အလက်များ ကာကွယ်ဖို့ လုံခြုံရေးအစီအမံများ တိုးမြှင့်လုပ်ဆောင်ရေး အရေးတကြီး လိုအပ်ပုံကို ညွှန်ပြနေပါတယ်။

စာရွက်စာတမ်းပါ အချက်အလက်တွေဟာ ရုရှားနဲ့ ယူကရိန်းအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခအပြင် ဝါရှင်တန်-မော်စကို ဆက်ဆံရေးကိုလည်း ပိုမိုကျယ်ပြန့်စွာ ထိခိုက်စေနိုင်ကြောင်း တွေ့မြင်နိုင်ပါတယ်။ သေချာလာတာကတော့ #သူလျှိုလုပ်ခြင်းနဲ့_တန်ပြန်သူလျှိုလုပ်ခြင်း_ကစားပွဲဟာ #ကမ္ဘာလုံးဆိုင်ရာ_အင်အားနဲ့ #သြဇာလွှမ်းမိုးရေး_ကြိုးပမ်းရာမှာ #အရေးပါတဲ့_လက်နက်တစ်ခုအဖြစ်_ဆက်လက်တည်ရှိနေကြောင်း ဖြစ်ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့အကြား လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခများနဲ့ ပတ်သက်ပြီး ပေါက်ကြား စာရွက်စာတမ်းတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ထိလွယ်ရှလွယ် စစ်ရေးအချက်အလက်များအထိ ပါ၀င်နေပါတယ်။ ခန့်မှန်းရခက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လက်နက်ကိုင်ပဋိပက္ခမှာ နှစ်ဘက်စလုံးမှ အသေအပျောက်စာရင်းများကို အသေးစိတ်ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလအထိ ရုရှားတို့ဘက်မှာ အသေအပျောက် ၁၈၉,၅၀၀ မှ ၂၂၃,၀၀၀ ကြားရှိခဲ့ပြီး စစ်ဆင်ရေးမှာ သေဆုံးသူ ၄၃,ဝဝဝ အထိရှိကြောင်း ဖော်ပြထားပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်းတို့က အသေအပျောက် ၁၂၄,၅ဝဝ မှ ၁၃၁,ဝဝဝ အထိရှိခဲ့ပြီး အဲဒီအထဲမှာ ၁၇,၅ဝဝ အထိ သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ 

ဒါပေမဲ့ ပေါက်ကြားသတင်းအချက်အလတ်တွေကို မဟုတ်မမှန် သတင်းအတု ဖြန့်ဝေဖို့ အသုံးပြုနေကြောင်း လေ့လာသူများက သတိပေးပါတယ်။ ဥပမာအားဖြင့် စာရွက်စာတမ်းတစ်ခုကို ရုရှားလိုလားသူများက Telegram ချန်နယ်များမှ ဖြန့်ဝေခြင်း မပြုမီ မော်စကိုတပ်များ သေဆုံးမှုပမာဏကို ထက်ဝက်ကျော်အထိ ပြင်ဆင်တည်းဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ_ပက်ရ်ှကော့ဗ်ကတော့ ပေါက်ကြားလာတဲ့ စီအိုင်အေထောက် လှမ်းရေး အချက်အလက်တွေဟာ ပဋိပက္ခမှာ အမေရိကန်နဲ့ နေတိုးတို့ ပါဝင်ပတ်သက်နေပုံကို သက် သေပြနေပေမဲ့ ပဋိပက္ခရဲ့ ရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

(CNN., 9 April 2023,” Leaked Pentagon documents provide rare window into depth of US intelligence on allies and foes” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

ပင္တာဂြန္စာ႐ြက္စာတန္းမ်ား အြန္လိုင္းေပါက္ၾကားမႈေနာက္ဆက္တြဲ ျပႆနာအလြန္ႀကီးမား ရႈပ္ေထြးဟု ဆို

Htay Oung (NP News) - ဧၿပီ ၁၁

မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္း အင္တာနက္ အြန္လိုင္းမွာ ေပါက္ၾကားခဲ့တဲ့ ပင္တာဂြန္စစ္ဌာန ခ်ဳပ္ရဲ႕ ထိပ္တန္းလွ်ိဳ႕ဝွက္အဆင့္စာ႐ြက္စာတမ္းေတြဟာ အေမရိကန္အေနနဲ႔ မဟာမိတ္မ်ားနဲ႔ ရန္သူတို႔အေပၚ သိမ္းက်ဳံး သူလွ်ိဳလုပ္ေနပုံ လက္စလက္နကို ေဖာ္ျပေနတဲ့ ရွားပါးသက္ေသတစ္ခုျဖစ္ေနပါတယ္။ လူသိရွင္ၾကား ျဖစ္သြားရတဲ့အခ်က္ေတြဟာ ထိလြယ္ရွလြယ္တဲ့ သတင္းရင္းျမစ္မ်ားအတြက္ အႏၲရာယ္ျဖစ္ေစႏိုင္ၿပီး အေရးႀကီးႏိုင္ငံျခားဆက္ဆံေရးမွာ အေပးအယူလုပ္လာစရာေတြ ျဖစ္လာႏိုင္ပါတယ္။ အမ်ိဳး သားလုံၿခဳံေရးအေပၚ ထိခိုက္တဲ့အထိ ျဖစ္လာႏိုင္တဲ့အတြက္ အေမရိကန္အရာရွိမ်ားအေနနဲ႔ အေတာ္ႀကီး တုန္လႈပ္ေခ်ာက္ခ်ားေနၾကရတယ္လို႔ CNN က ဧၿပီလ ၉ ရက္တြင္ ေရးသားပါတယ္။

စာ႐ြက္စာတမ္းအခ်ိဳ႕ဟာ အစစ္အမွန္မ်ား ျဖစ္တယ္လို႔ ပင္တာဂြန္အရာရွိမ်ားက ေျပာဆိုၾကၿပီး ေတာင္ကိုရီးယား၊ အစၥေရးနဲ႔ ယူကရိန္းတို႔အပါအဝင္ အေရးႀကီး အဓိကမဟာမိတ္တို႔အေပၚ အေမရိကန္က ဘယ္ ေလာက္အထိ ခိုးေၾကာင္ခိုးဝွက္လုပ္ေနပုံ အတိုင္းအတာကို ဖြင့္ျပလိုက္သလို ျဖစ္ေနပါတယ္။ အျခားတစ္ဖက္မွာလည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနနဲ႔ ႐ုရွားပုဂၢလိကစစ္တပ္ “ဝက္ဂ္နာ_အုပ္စု“ တို႔အတြင္း ေမႊေႏွာက္ပုံ သို႔မဟုတ္ ဆက္သြယ္ေထာက္လွမ္းေရးကိရိယာနဲ႔ လူသားအရင္းအျမစ္မ်ားမွတစ္ဆင့္ အေမရိကန္က ထိုးေဖာက္ဝင္ေရာက္ခဲ့ပုံကို စာ႐ြက္စာတမ္းအခ်ိဳ႕မွာ ေတြ႕ျမင္ၾကရပါတယ္။

ကိဗ္အေနနဲ႔ ႐ုရွတို႔အေပၚ တန္ျပန္ထိုးစစ္ဆင္ရန္ ျပင္ဆင္ေနခ်ိန္မွာ ယူကရိန္းတို႔ရဲ႕ လက္နက္၊ ေလ ေၾကာင္းရန္ ကာကြယ္ေရးစနစ္နဲ႔ ပါဝင္မယ့္ တပ္မ-တပ္ရင္းအ႐ြယ္အစားနဲ႔ အဆင္သင့္ျဖစ္မႈဆိုင္ရာ စံအေျခအေန၊ အဓိက အားနည္းခ်က္တို႔ကို ေဖာ္ျပထားပါတယ္။ အဲဒီလို သတင္းေပါက္ၾကားတဲ့အတြက္ သူတို႔ရဲ႕ဘက္မွာ စစ္ေရးျပင္ဆင္မႈအခ်ိဳ႕ကို အခ်ိန္မီ အေျပာင္းအလဲ လုပ္ခဲ့ရတယ္လို႔ ယူကရိန္းသမၼတ ဗိုလိုဒီျမာဇီလန္စကီးနဲ႔ နီးစပ္သူ သတင္းရင္းျမစ္က ေျပာပါတယ္။ 

“Discord“ အမည္ရွိ အြန္လိုင္းပလက္ေဖာင္းေပၚမွာ မွ်ေဝထားတဲ့ အေမရိကန္အစိုးရရဲ႕ လွ်ိဳ႕ဝွက္စာ႐ြက္ စာတမ္းမ်ား ေပါက္ၾကားမႈကို အေမရိကန္ျပည္တြင္းလုံၿခဳံေရးဌာနက စုံစမ္းစစ္ေဆးေနပါတယ္။ အေမရိကန္သတင္းအခ်က္အလက္ေထာက္လွမ္းေရးနဲ႔ပတ္သက္တဲ့ စာ႐ြက္စာတမ္းေတြအေၾကာင္း ၿပီးခဲ့တဲ့လမွာ စတင္ ေျပာဆိုေနခဲ့ၾကတာျဖစ္ၿပီး တရားေရးဌာနကလည္း သီးျခား စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ ေပါက္ၾကားစာ႐ြက္စာတမ္းမ်ားမွာ ပါရွိေနတဲ့ ႏိုင္ငံအခ်ိဳ႕မွ သံတမန္မ်ားကေတာ့ သူတို႔ရဲ႕ အရင္းအျမစ္မ်ားနဲ႔ နည္းလမ္းေတြ လူသိရွင္ၾကား ျဖစ္ကုန္ၿပီး စြပ္စြဲေျပာဆိုႏိုင္ေျခရွိတဲ့အေပၚ စိတ္ပ်က္ စိုးရိမ္ေၾကာင္း ေျပာၾကပါတယ္။

ေပါက္ၾကားလာတဲ့ စာ႐ြက္စာတမ္းမ်ားအရ ယူကရိန္းအနီး ႐ုရွားရဲ႕ စစ္ေရးတည္ေဆာက္မႈကို အေမရိကန္က စိုးရိမ္ေနၿပီး သမၼတ ဗိုလိုဒီျမာဇီလန္စကီးအေပၚ သူလွ်ိဳလုပ္ေနေၾကာင္း စာ႐ြက္စာတမ္းမ်ားကို ျပန္လည္သုံးသပ္ခဲ့သူ သတင္းရင္းျမစ္က ေျပာပါတယ္။ ၂ဝ၂၃-ခုႏွစ္အထိ ယူကရိန္းႏိုင္ငံ ဒြန္ဘက္စ္ေဒသမွာ ဆက္လက္ျဖစ္ပြားေနတဲ့ ပဋိပကၡမွာ “မတည္မၿငိမ္ျဖစ္ႏိုင္ေျခ” မ်ားကိုလည္း အေမရိကန္က ေျပာဆိုထားေၾကာင္း၊ ေရာ့စ္ေတာ့ဗ္ ေအာဘလတ္ရွိ ႐ုရွားတို႔တပ္ျဖန႔္ရာ ေနရာမ်ားကို ေရာက္ရွိႏိုင္တဲ့ တာေဝးပစ္လက္နက္မ်ား ယူကရိန္းမွာ မရွိေၾကာင္း၊ အဲဒီအစား ေမာင္းသူမဲ့ ဒ႐ုန္းေလယာဥ္ေတြ ေပးအပ္ဖို႔ ဇီလန္စကီးက အႀကံျပဳထားတယ္လို႔ အစီရင္ခံစာတစ္ေစာင္က ေဖာ္ျပပါတယ္။ ယူကရိန္းကေတာ့ ေပါက္ၾကားစာ႐ြက္စာတမ္းေတြရဲ႕ စစ္မွန္မႈကို ျငင္းဆိုပါတယ္။

ဒါ့ျပင္ အစၥေရးႏိုင္ငံနဲ႔ပတ္သက္ၿပီး ေဂ်႐ုဆလင္ရဲ႕ အဓိကေထာက္လွမ္းေရးေအဂ်င္စီျဖစ္တဲ့ ေမာ့ဆက္ဟာ ေနာက္တက္လာတဲ့ အစၥေရးအစိုးရသစ္အေပၚ ဆန႔္က်င္ဆႏၵျပမႈမ်ားကို တြန္းအားေပးေနတယ္လို႔ အစီ ရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ေထာက္လွမ္းေရး သတင္းရင္းျမစ္အျဖစ္ အသုံးျပဳဖို႔ CIA က တင္ျပတဲ့ အဲဒီအစီရင္ခံစာမွာ အေရးယူရန္ ေမာ့ဆက္က ျပတ္သားစြာ ေတာင္းဆိုခဲ့ေၾကာင္း ပါဝင္ေနပါတယ္။ အစၥေရး ဝန္ႀကီးခ်ဳပ္႐ုံးကေတာ့ အဲဒီအစီရင္ခံစာကို ပယ္ခ်လိုက္ပါတယ္။ ေၾကာက္စရာေကာင္းၿပီး ဘယ္လိုမွ အေျခအျမစ္မရွိေၾကာင္းလည္း ေျပာဆိုပါတယ္။ ဆႏၵျပလႈပ္ရွားမႈရဲ႕ ေက်ာ႐ိုးျဖစ္ခဲ့တဲ့ အစၥေရးစစ္ျပန္မ်ားအေနနဲ႔ သူတို႔ရဲ႕ ဆႏၵျပပြဲမ်ားကို ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ကတိျပဳၾကပါတယ္။

ယူကရိန္းကို တိုက္ေလယာဥ္ေတြ လႉဒါန္းဖို႔ ဂ်ာမနီ တာဝန္ရွိသူေတြက ေထာက္ခံေၾကာင္း အစီရင္ခံစာမွာ ေဖာ္ျပထားၿပီး “ ဒါေပမယ့္ အဲဒီလိုလုပ္ဖို႔ အာမခံခ်က္ မရွိေသးဘူး” လို႔ ေရးသားထားေၾကာင္း ေတြ႕ရွိရပါတယ္။ “ေမာ္စကိုက ရန္လုပ္မွာကို ေရွာင္ရွားလိုတဲ့ ဂ်ာမနီရဲ႕ ႀကိဳးပမ္းမႈေတြဟာ ယူကရိန္းကို စစ္ေရးအရ ေထာက္ပံ့ရာမွာ တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္လိုတဲ့ ဆႏၵကို အကန္႔အသတ္ျဖစ္ေနႏိုင္တယ္လို႔ ဆက္လက္ေဖာ္ျပထားပါတယ္။ ယူကရိန္းႏိုင္ငံ အေရွ႕ဘက္ျခမ္းမွာ ပဋိပကၡျဖစ္ပြားတဲ့ ၂ဝ၁၄ ခုႏွစ္ကတည္းက NATO မဟာမိတ္ႏိုင္ငံေတြအေနနဲ႔ ကိဗ္ကို စစ္ေရးအရ အကူအညီေတြ ေပးအပ္ဖို႔ အေမရိကန္က တြန္းအားေပးေနခဲ့တာ ျဖစ္ပါတယ္။ 

စာ႐ြက္စာတမ္းေတြအရ အေမရိကန္ဟာ ယူကရိန္းကိစၥနဲ႔ ပတ္သက္လို႔ သူ႔မဟာမိတ္ႏိုင္ငံေတြရဲ႕ မူဝါဒေတြကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး သံတမန္ေရးအရ ဖိအားေပးရာမွာ အသုံးခ်ေနေၾကာင္း ျပသေနပါတယ္။ ယူကရိန္းကို ေထာက္ပံ့ရာမွာ ပိုမိုတက္ႂကြတဲ့ အခန္းက႑ကေန ပါဝင္လာဖို႔၊ ယူကရိန္းႏိုင္ငံအတြက္ အေနာက္ႏိုင္ငံမ်ားရဲ႕ ေထာက္ခံအားေပးမႈဟာ ႐ုရွားရဲ႕ အမ်ိဳးသားလုံၿခဳံေရးအေပၚ ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ရႈျမင္တဲ့ ကရင္မလင္ရဲ႕ ထုတ္ေဖာ္ေျပာဆိုမႈမ်ားအတြက္ စိုးရိမ္တႀကီး ရွိေနေၾကာင္း၊ ဥေရာပႏိုင္ငံမ်ားအေနနဲ႔ ႐ုရွားနဲ႔ အေမရိကန္ႏွစ္ ႏိုင္ငံစလုံးနဲ႔ သိမ္ေမြ႕တဲ့ ဟန္ခ်က္ညီ အစြမ္းျပႏိုင္ဖို႔ကိုလည္း သာဓက ျပထားတယ္လို႔ ဆိုပါတယ္။

ေယဘုယ်အားျဖင့္ ယခုေပါက္ၾကားလာသည့္ စာ႐ြက္စာတမ္းေတြဟာ အလြန္လွ်ိဳ႕ဝွက္သိပ္သည္းတဲ့ သူလွ်ိဳ ေလာကနဲ႔ ေထာက္လွမ္းေရးမ်ားစုေဝးရာကမာၻကို ရွားရွားပါးပါး ျဖတ္ကနဲ ျမင္လိုက္ရတယ္လို႔ ဆိုႏိုင္ပါတယ္။ အေမရိကန္အေနနဲ႔ သူ႔ရန္သူမ်ားရဲ႕ လႈပ္ရွားမႈမ်ားကို ထိုးေဖာက္ဝင္ေရာက္ ေစာင့္ၾကည့္ရာမွာ ေထာက္လွမ္းေရးအသိုင္းအဝိုင္းရဲ႕ စြမ္းရည္ထက္ျမက္ပုံမ်ားကို ျပသေနပါတယ္။ 

ဒါေပမဲ့ ခုလို ေပါက္ၾကားျခင္းအားျဖင့္ သတင္းအခ်က္အလက္မ်ား ရယူျခင္း၊ သိမ္းဆည္းျခင္းအပါအ၀င္ လူသားရင္းျမစ္မ်ားအေပၚ က်ေရာက္လာႏိုင္တဲ့ အႏၲရာယ္နဲ႔ အခ်က္အလက္မ်ား ကာကြယ္ဖို႔ လုံၿခဳံေရးအစီအမံမ်ား တိုးျမႇင့္လုပ္ေဆာင္ေရး အေရးတႀကီး လိုအပ္ပုံကို ၫႊန္ျပေနပါတယ္။

စာ႐ြက္စာတမ္းပါ အခ်က္အလက္ေတြဟာ ႐ုရွားနဲ႔ ယူကရိန္းအၾကား ျဖစ္ပြားေနတဲ့ ပဋိပကၡအျပင္ ဝါရွင္တန္-ေမာ္စကို ဆက္ဆံေရးကိုလည္း ပိုမိုက်ယ္ျပန႔္စြာ ထိခိုက္ေစႏိုင္ေၾကာင္း ေတြ႕ျမင္ႏိုင္ပါတယ္။ ေသခ်ာလာတာကေတာ့ #သူလွ်ိဳလုပ္ျခင္းနဲ႔_တန္ျပန္သူလွ်ိဳလုပ္ျခင္း_ကစားပြဲဟာ #ကမာၻလုံးဆိုင္ရာ_အင္အားနဲ႔ #ၾသဇာလႊမ္းမိုးေရး_ႀကိဳးပမ္းရာမွာ #အေရးပါတဲ့_လက္နက္တစ္ခုအျဖစ္_ဆက္လက္တည္ရွိေနေၾကာင္း ျဖစ္ပါတယ္။

႐ုရွားနဲ႔ ယူကရိန္းတို႔အၾကား လက္ရွိျဖစ္ပြားေနတဲ့ ပဋိပကၡမ်ားနဲ႔ ပတ္သက္ၿပီး ေပါက္ၾကား စာ႐ြက္စာတမ္းေတြဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနၿပီး ထိလြယ္ရွလြယ္ စစ္ေရးအခ်က္အလက္မ်ားအထိ ပါ၀င္ေနပါတယ္။ ခန္႔မွန္းရခက္ၿပီး နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ လက္နက္ကိုင္ပဋိပကၡမွာ ႏွစ္ဘက္စလုံးမွ အေသအေပ်ာက္စာရင္းမ်ားကို အေသးစိတ္ေဖာ္ျပထားပါတယ္။ ေဖေဖာ္ဝါရီလအထိ ႐ုရွားတို႔ဘက္မွာ အေသအေပ်ာက္ ၁၈၉,၅၀၀ မွ ၂၂၃,၀၀၀ ၾကားရွိခဲ့ၿပီး စစ္ဆင္ေရးမွာ ေသဆုံးသူ ၄၃,ဝဝဝ အထိရွိေၾကာင္း ေဖာ္ျပထားပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ယူကရိန္းတို႔က အေသအေပ်ာက္ ၁၂၄,၅ဝဝ မွ ၁၃၁,ဝဝဝ အထိရွိခဲ့ၿပီး အဲဒီအထဲမွာ ၁၇,၅ဝဝ အထိ ေသဆုံးခဲ့ေၾကာင္း သိရွိရပါတယ္။ 

ဒါေပမဲ့ ေပါက္ၾကားသတင္းအခ်က္အလတ္ေတြကို မဟုတ္မမွန္ သတင္းအတု ျဖန႔္ေဝဖို႔ အသုံးျပဳေနေၾကာင္း ေလ့လာသူမ်ားက သတိေပးပါတယ္။ ဥပမာအားျဖင့္ စာ႐ြက္စာတမ္းတစ္ခုကို ႐ုရွားလိုလားသူမ်ားက Telegram ခ်န္နယ္မ်ားမွ ျဖန႔္ေဝျခင္း မျပဳမီ ေမာ္စကိုတပ္မ်ား ေသဆုံးမႈပမာဏကို ထက္ဝက္ေက်ာ္အထိ ျပင္ဆင္တည္းျဖတ္ခဲ့တယ္လို႔ ဆိုပါတယ္။ 

ကရင္မလင္ ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီ_ပက္ရ္ွေကာ့ဗ္ကေတာ့ ေပါက္ၾကားလာတဲ့ စီအိုင္ေအေထာက္ လွမ္းေရး အခ်က္အလက္ေတြဟာ ပဋိပကၡမွာ အေမရိကန္နဲ႔ ေနတိုးတို႔ ပါဝင္ပတ္သက္ေနပုံကို သက္ ေသျပေနေပမဲ့ ပဋိပကၡရဲ႕ ရလဒ္ကို ေျပာင္းလဲႏိုင္မွာ မဟုတ္ေၾကာင္း ျငင္းဆိုခဲ့ပါတယ္။

(CNN., 9 April 2023,” Leaked Pentagon documents provide rare window into depth of US intelligence on allies and foes” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)




Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သင်္ကြန်ကာလအတွင်း မန္တလေးရှိ မဏ္ဍပ်များနှင့် လူစည်ကားသောနေရာများကို Drop Bomb များဖြင့် တိုက်ခိုက်ရန် စီစဥ်နေသူများကို လက်နက်ခဲယမ်းများနှင့်အတူ‌ဖမ်းဆီးရမိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved