Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ (၁၃ဝဝ)နီးပါး အစားအသောက်နှင့် ရေများလိုအပ်နေ

စော (NP News) - ဧပြီ ၁ဝ

မြဝတီမြို့ရှိ ဒေသတွင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ (၁၃ဝဝ)နီးပါး အခက်အခဲများဖြင့် ကြုံ တွေ့နေရကြောင်း သတင်းရရှိသည်။

အဆိုပါ ဒေသရှိ စစ်ဘေးရှောင်ပြည်သူများသည် အစားအသောက် အပါအဝင် ဆေးဝါးများ ၊ အဝတ်အစားများနှင့် သောက်သုံးရေများ အခက်အခဲဖြစ်နေကြောင်း အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့သွားတဲ့နေရာကတော့ (၄)နေရာရှိပါတယ်။ ကျွန်တော့်စာရင်းအရ တိုက်ပွဲရှောင်ပြည်သူတွေအားလုံးစုစုပေါင်းကတော့ (၁၂၇ဝ)ပေါ့။ လောလောဆယ်နေရပ်ပြန်သွားတာမရှိပါဘူး။ ဟိုမှာက နယ်မြေရှင်းလင်းရေးတွေမပြီးသေးဘူး။ သူတို့ စစ်ဘေးရှောင်တာက ကျွန်တော်သိရသလောက်ကတော့ မတ်လ(၂၅ရက်)နေ့လောက်ပေါ့” ဟု အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။ 

၎င်းတို့သည် မတ်လ(၂၅)ရက်က မြဝတီကုန်သွယ်ရေးဇုန်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ဘုန်ကြီးကျောင်းများတွင် ရှောင်တိမ်းနေရကြောင်း သိရသည်။ 

အဆိုပါ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း(၁၂၇ဝ)ဦးကို အလင်းသစ်အရေးပေါ်ကယ် ဆယ်ရေးအသင်းမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၎င်း စစ်ဘေးရှောင်ပြည်သူများအနက် မြဝတီမြို့နယ်ရှိ မဲကနယ်ကွက်သစ်(‌ရွှေမြတ်စန္ဒီ)မှ တစ်ရွာလုံးနီးပါး တိမ်းရှောင်လာခြင်းဖြစ်ပြီး တိမ်း‌ရှောင်သူဦးရေ ပိုများလာကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို မြဝတီမြို့နယ်အတွင်းရှိ မဲကနယ်(မင်္ဂလာရွာဦးကျောင်း) အပါအဝင် ချမ်းမြေ့ကျောင်း၊ ရှမ်းကျောင်း နှင့် ဖားချောင်း (အောင်မေတ္တာတောရကျောင်း) တို့တွင် ကူညီကယ်ဆယ်ထားကြောင်း သိရသည်။

 စစ်ဘေးရှောင်များအနေဖြင့် အစားအသောက်များအပြင် ကျန်းမာရေးအတွက်ဆေးဝါးများလည်း လိုအပ်လျက်ရှိပြီး အချို့နေရာများတွင် ရေလိုအပ်‌မှုများရှိနေကြောင်း အထက်ပါအသင်းမှ တာဝန်ရှိသူက ဆက် လက်ပြောဆိုထားသည်။

zawgyi version


စော (NP News) - ဧပြီ ၁ဝ









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပအိုဝ်းဒေသ ပင်လောင်း၌ တိုက်ပွဲများ ရပ်စဲသွားသော်လည်း မိုင်းအန္တရာယ်များကြောင့် စစ်ဘေးရှောင်များစွာ နေရပ်မပြန်နိုင်သေး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved