Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပအိုဝ်းဒေသ ပင်လောင်း၌ တိုက်ပွဲများ ရပ်စဲသွားသော်လည်း မိုင်းအန္တရာယ်များကြောင့် စစ်ဘေးရှောင်များစွာ နေရပ်မပြန်နိုင်သေး

မျိုးကြီး (NP News) - ဧပြီ ၁ဝ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲများ ရပ်စဲလုနီးပါးအခြေအနေသို့ ရောက်ရှိခဲ့ပြီဖြစ်သော်လည်း မိုင်းအန္တရာယ်ကြောင့် စစ်ဘေးရှောင်များစွာ နေရပ်မပြန်နိုင်သေးကြောင်းသတင်းရရှိသည်။

ပြီးခဲ့သော မတ်လအတွင်း ပင်လောင်းမြို့နယ်ရှိ လုံးပြင်ကျေးရွာအုပ်စု၌ KNDF၊ PDF ပူးပေါင်းအဖွဲ့များနှင့် တပ်မတော်လုံခြုံရေးအဖွဲ့၊ PNA တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် လုံးပြင်ကျေးရွာအုပ်စုရှိ နန်းနိန်းရွာ၊ လုံးပြင်ရွာ၊ တောင်မဲသင်းရွာ၊ ပင်ပွံရွာတို့မှ ဒေသခံတိုင်းရင်းသား (၇ဝဝဝ)နီးပါးသည် ပင်လောင်းမြို့၌ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် နှစ်ဖက်အကြား တိုက်ပွဲများသည် ရပ်စဲလုနီးပါးအခြေအနေသို့ ရောက်ရှိခဲ့ပြီဖြစ်သော်လည်း ပင်လောင်းမြို့ပေါ်၌ စစ်ဘေးရှောင်နေသည့် စစ်ဘေးရှောင်အများအပြားမှာ ၎င်းတို့ကို နေရပ်သို့မပြန်နိုင်သေးကြောင်း ဒေသခံများက NP News ကို အသိပေးပြောဆိုထားသည်။

“အဲဒီရွာပြင်မှာရော၊ လမ်းဆုံမှာရော မိုင်းတွေ ထောင်ထားတာရှိတယ်။ အဲဒါကြောင့်မိုလို့ ရွာသားတွေလည်း ပြန်လို့မရဘူး။ မိုင်းတွေရှိတာက နန်းနိန်းရယ်၊ လုံးပြင်ရယ်မှာရှိတဲ့ လမ်းဆုံတွေမှာ မိုင်းတွေထောင်ထားတယ်။ ရွာထဲ ပြန်လို့မရတဲ့အကြောင်းအရာကတော့ သူတို့နေရာတစ်ချို့ လူအများသွားလာတဲ့နေရာတွေမှာ မိုင်းထောင်ထားတွေလည်း ရှိတယ်။ နောက်တစ်ခါ PDF တွေက အရပ်ဝတ်တွေနဲ့ ရွာထဲမှာ နေတာတွေလည်းရှိတော့ ရွာသားတွေအနေနဲ့ ပြန်ဖို့က အခက်အခဲဖြစ်နေတယ်”ဟု ဒေသခံပအိုဝ်းတိုင်းရင်းသားတစ်ဦးက ပြောသည်။

၎င်းတို့အနေဖြင့် စစ်ဘေးရှောင်နေရသည်မှာ တစ်လခန့်ရှိနေပြီဖြစ်ကာ မကြာခင်တွင် တောင်ယာစိုက် ခင်းများ လုပ်ဆောင်ရန်အတွက် အချိန်ကျရောက်တော့မည်ဖြစ်ကြောင်း သိရသည်။

“ငြိမ်းချမ်းတဲ့ဒေသက အခုပျက်စီးသွားပြီ။ အဲဒီတော့ တစ်လပြည့်တဲ့အတောအတွင်းမှာ နန်းနိန်းမှာဖြစ်သွားတဲ့ကိစ္စတွေက လူထုအတွက်တော့ အရမ်းကို နစ်နာဆုံးရှုံးခဲ့ရတယ်။ စားဝတ်နေရေးကအစ၊ လူမှုရေးကအစ၊ တစ်ရွာနဲ့တစ်ရွာယုံကြည်မှုကအစ အခုပျက်စီးကုန်တယ်ဆိုတဲ့အကြောင်းကို သိစေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သော မတ်လအတွင်းက ပင်လောင်းမြို့နယ်၊ နန်းနိန်းရွာရှိ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာ တော်အပါအဝင် အရပ်သားများစွာကို KNDF နှင့်အပေါင်းအပါများက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်းတိုင်းရင်းသားများကပြောဆိုခဲ့ပြီး ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။

ပအိုဝ်းဒေသသည် ယခင်က တည်ငြိမ်းအေးချမ်းသည့် ဒေသတစ်ခုဖြစ်ပြီး KNDF နှင့်အပေါင်းအပါများမှ ကျူးကျော်ဝင်ရောက်လာသည့်အတွက် စစ်ပွဲများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကာ အစုလိုက်အပြံလိုက်သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များပါ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတိုင်းရင်းသားများက ဆိုထားသည်။

“နန်းနိမ်းဆရာတော်အပါအဝင် ရွာသားတွေအသတ်ခံရတာ မနက်ဖြန် ၁၁ ရက်နေ့ဆိုရင် တစ်လပြည့်ပြီပေါ့။ ဆိုတော့ တစ်လပြည့်အတော့အတွင်းမှာ ကျွန်တော်တို့ ဒေသမှာ ဝင်ရောက်ကျူးကျော်လာတဲ့ PDF အဖွဲ့တွေကြောင့် ကျေးရွာတွေ ပျက်စီးသွားတယ်။ ဒီလိုထပ်မံပြီးတော့ မဖြစ်ဖို့ လူထုတွေကို မျက်နှာမူပေးဖို့ လူထုတွေကို စာနာထောက်ထားပေးဖို့ ဒါတွေကို အဓိက သိစေချင်တယ်” ဟု ဒေသခံပအိုဝ်းတိုင်း ရင်းသားတစ်ဦးက ဆိုသည်။

zawgyi version

ပအိုဝ္းေဒသ ပင္ေလာင္း၌ တိုက္ပြဲမ်ား ရပ္စဲသြားေသာ္လည္း မိုင္းအႏၲရာယ္မ်ားေၾကာင့္ စစ္ေဘးေရွာင္မ်ားစြာ ေနရပ္မျပန္ႏိုင္ေသး

မ်ိဳးႀကီး (NP News) - ဧၿပီ ၁ဝ

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ား ရပ္စဲလုနီးပါးအေျခအေနသို႔ ေရာက္ရွိခဲ့ၿပီျဖစ္ေသာ္လည္း မိုင္းအႏၲရာယ္ေၾကာင့္ စစ္ေဘးေရွာင္မ်ားစြာ ေနရပ္မျပန္ႏိုင္ေသးေၾကာင္းသတင္းရရွိသည္။

ၿပီးခဲ့ေသာ မတ္လအတြင္း ပင္ေလာင္းၿမိဳ႕နယ္ရွိ လုံးျပင္ေက်း႐ြာအုပ္စု၌ KNDF၊ PDF ပူးေပါင္းအဖြဲ႕မ်ားႏွင့္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕၊ PNA တို႔အၾကား တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ပြားခဲ့သည္။

အဆိုပါတိုက္ပြဲမ်ားေၾကာင့္ လုံးျပင္ေက်း႐ြာအုပ္စုရွိ နန္းနိန္း႐ြာ၊ လုံးျပင္႐ြာ၊ ေတာင္မဲသင္း႐ြာ၊ ပင္ပြံ႐ြာတို႔မွ ေဒသခံတိုင္းရင္းသား (၇ဝဝဝ)နီးပါးသည္ ပင္ေလာင္းၿမိဳ႕၌ စစ္ေဘးေရွာင္ခဲ့ရေၾကာင္း သိရသည္။

လက္ရွိတြင္ ႏွစ္ဖက္အၾကား တိုက္ပြဲမ်ားသည္ ရပ္စဲလုနီးပါးအေျခအေနသို႔ ေရာက္ရွိခဲ့ၿပီျဖစ္ေသာ္လည္း ပင္ေလာင္းၿမိဳ႕ေပၚ၌ စစ္ေဘးေရွာင္ေနသည့္ စစ္ေဘးေရွာင္အမ်ားအျပားမွာ ၎တို႔ကို ေနရပ္သို႔မျပန္ႏိုင္ေသးေၾကာင္း ေဒသခံမ်ားက NP News ကို အသိေပးေျပာဆိုထားသည္။

“အဲဒီ႐ြာျပင္မွာေရာ၊ လမ္းဆုံမွာေရာ မိုင္းေတြ ေထာင္ထားတာရွိတယ္။ အဲဒါေၾကာင့္မိုလို႔ ႐ြာသားေတြလည္း ျပန္လို႔မရဘူး။ မိုင္းေတြရွိတာက နန္းနိန္းရယ္၊ လုံးျပင္ရယ္မွာရွိတဲ့ လမ္းဆုံေတြမွာ မိုင္းေတြေထာင္ထားတယ္။ ႐ြာထဲ ျပန္လို႔မရတဲ့အေၾကာင္းအရာကေတာ့ သူတို႔ေနရာတစ္ခ်ိဳ႕ လူအမ်ားသြားလာတဲ့ေနရာေတြမွာ မိုင္းေထာင္ထားေတြလည္း ရွိတယ္။ ေနာက္တစ္ခါ PDF ေတြက အရပ္ဝတ္ေတြနဲ႔ ႐ြာထဲမွာ ေနတာေတြလည္းရွိေတာ့ ႐ြာသားေတြအေနနဲ႔ ျပန္ဖို႔က အခက္အခဲျဖစ္ေနတယ္”ဟု ေဒသခံပအိုဝ္းတိုင္းရင္းသားတစ္ဦးက ေျပာသည္။

၎တို႔အေနျဖင့္ စစ္ေဘးေရွာင္ေနရသည္မွာ တစ္လခန႔္ရွိေနၿပီျဖစ္ကာ မၾကာခင္တြင္ ေတာင္ယာစိုက္ ခင္းမ်ား လုပ္ေဆာင္ရန္အတြက္ အခ်ိန္က်ေရာက္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“ၿငိမ္းခ်မ္းတဲ့ေဒသက အခုပ်က္စီးသြားၿပီ။ အဲဒီေတာ့ တစ္လျပည့္တဲ့အေတာအတြင္းမွာ နန္းနိန္းမွာျဖစ္သြားတဲ့ကိစၥေတြက လူထုအတြက္ေတာ့ အရမ္းကို နစ္နာဆုံးရႈံးခဲ့ရတယ္။ စားဝတ္ေနေရးကအစ၊ လူမႈေရးကအစ၊ တစ္႐ြာနဲ႔တစ္႐ြာယုံၾကည္မႈကအစ အခုပ်က္စီးကုန္တယ္ဆိုတဲ့အေၾကာင္းကို သိေစခ်င္တယ္” ဟု ၎က ဆက္လက္ေျပာသည္။

ၿပီးခဲ့ေသာ မတ္လအတြင္းက ပင္ေလာင္းၿမိဳ႕နယ္၊ နန္းနိန္း႐ြာရွိ ဘုန္းႀကီးေက်ာင္း၏ ေက်ာင္းထိုင္ဆရာ ေတာ္အပါအဝင္ အရပ္သားမ်ားစြာကို KNDF ႏွင့္အေပါင္းအပါမ်ားက အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ခဲ့ေၾကာင္း ပအိုဝ္းတိုင္းရင္းသားမ်ားကေျပာဆိုခဲ့ၿပီး ကန႔္ကြက္ရႈတ္ခ်မႈမ်ား ျပဳလုပ္ခဲ့သည္ကို ေတြ႕ရွိရသည္။

ပအိုဝ္းေဒသသည္ ယခင္က တည္ၿငိမ္းေအးခ်မ္းသည့္ ေဒသတစ္ခုျဖစ္ၿပီး KNDF ႏွင့္အေပါင္းအပါမ်ားမွ က်ဴးေက်ာ္ဝင္ေရာက္လာသည့္အတြက္ စစ္ပြဲမ်ား ျဖစ္ပြားခဲ့ရျခင္းျဖစ္ကာ အစုလိုက္အၿပံလိုက္သတ္ျဖတ္ခံရသည့္ျဖစ္စဥ္မ်ားပါ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံတိုင္းရင္းသားမ်ားက ဆိုထားသည္။

“နန္းနိမ္းဆရာေတာ္အပါအဝင္ ႐ြာသားေတြအသတ္ခံရတာ မနက္ျဖန္ ၁၁ ရက္ေန႔ဆိုရင္ တစ္လျပည့္ၿပီေပါ့။ ဆိုေတာ့ တစ္လျပည့္အေတာ့အတြင္းမွာ ကြၽန္ေတာ္တို႔ ေဒသမွာ ဝင္ေရာက္က်ဴးေက်ာ္လာတဲ့ PDF အဖြဲ႕ေတြေၾကာင့္ ေက်း႐ြာေတြ ပ်က္စီးသြားတယ္။ ဒီလိုထပ္မံၿပီးေတာ့ မျဖစ္ဖို႔ လူထုေတြကို မ်က္ႏွာမူေပးဖို႔ လူထုေတြကို စာနာေထာက္ထားေပးဖို႔ ဒါေတြကို အဓိက သိေစခ်င္တယ္” ဟု ေဒသခံပအိုဝ္းတိုင္း ရင္းသားတစ္ဦးက ဆိုသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယုဇနဥယျာဉ်မြို့တော်အိမ်ယာ၌ အသက်ရှူကြပ်၍ ဆုံးပါးသည်ဟု ယူဆရသော အလောင်း(၂)လောင်းတွေ့ရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved