Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြဝတီမြို့ပေါ်ရှိ နေရာအချို့ (၁ဝ၇)မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ ကလေးငယ်အပါအဝင် ထိခိုက်ဒဏ်ရာရမှုများရှိနေ

NP News - ဧပြီ ၁ဝ

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ နေရာအချို့တွင် (၁ဝ၇) မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ ကလေးငယ်အပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း သတင်းရရှိသည်။

ယနေ့(ဧပြီလ ၁ဝ ရက်)၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြဝတီမြို့ပေါ်ရှိ လခရ(၂၇၅)တပ်အနီး၊ အောက်ဆီဂျင်စက်ရုံနှင့် ရေပူလမ်းမမီးပွိုင့်အနီးတို့တွင် ၁ဝ၇ မမရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့ခံများက NP News ကို အသိပေးပြောဆိုထားသည်။

အကြမ်းဖက်အဖွဲ့သည် အဝေးမှတစ်ဆင့် ရှော့တိုက်ဒုံးများဖြင့် မြဝတီမြို့ထဲဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဆက်လက်ပစ်ခတ်နေမှုများရှိကြောင်း ၎င်းတို့က ဆိုသည်။

“ရှော့တိုက်ဒုံးနဲ့ ပစ်တာပေါ့။ နောက်ပြီးတော့ အောက်ဆီဂျင်စက်ရုံနားမှာလည်း တစ်လုံးကျတယ်။ ရေပူလမ်းမ မီးပွိုင့်နားမှာလည်း တစ်လုံးကျတယ်။ ကလေးတစ်ယောက် ထိသွားတယ်။ လူကြီးတစ်ယောက်လည်း ထိသွားတယ်။ နောက်ထပ် ခလ ရ(၂၇၅)ရဲ့ အနီးကိုလည်း တစ်လုံးကျတယ်။ ဒါပေမယ့် အထဲကို မကျဘူး” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ မြဝတီမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပါအဝင် အခြားထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိတွင် Lion Battalion အဖွဲ့၏ ဗိုလ်အယ်စေးဝါးအပါအဝင် အပေါင်းအပါများကို BGF နှင့် လုံခြုံရေးအဖွဲ့များက ပိတ်ဆို့ချေမှုန်းလျက်ရှိပြီး ၎င်းတို့ကို ကယ်ထုတ်ရန်အတွက် အခြားပူးပေါင်းအဖွဲ့က မြဝတီမြို့အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း BGF နှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို သုံးသပ်ပြောဆိုထားသည်။

“ကျွန်တော်ထင်တာတော့ မြဝတီမြို့ကို ဒီလိုမျိုးလုပ်ပေးပြီး တပ်ကို ပြန်ဆွဲထုတ်ချင်တဲ့သဘောမျိုးပေါ့။ သူတို့က မြဝတီကို တောက်လျှောက်လုပ်နေမှာပဲ။ အယ်စေးဝါးဘက်ကို အာရုံမရောက်အောင် ဒီဘက်မြဝတီဘက်ကို တိုက်ပြတာမျိုးလို့လည်း ထင်တယ်။ မြဝတီမြို့ကို အဝေးကနေ ရှော့တိုက်ဒုံးနဲ့ ပစ်နေတာပေါ့” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော ဧပြီလ ၈ ရက်တွင် မဲ့ပယ်ကလိုးရွာအနီး၌ BGF နှင့်လုံခြုံရေးအဖွဲ့များ၏  ပိတ်ဆို့တိုက်ခိုက်ခြင်းခံခဲ့ရကာ Lion Battalion ပူးပေါင်းအဖွဲ့မှ PDF (၅)ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းနှင့် ကားများက သိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရစဉ် ဗိုလ်အယ်စေးဝါးသည် ကိုယ်လွတ်ရုန်းကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လက်ရှိအချိန်ထိပါ ၎င်းအား BGF အဖွဲ့က ပိတ်ဆို့ထားလျက်ရှိကြောင်း သိရသည်။

ဗိုလ်အယ်ဆေးဝါး ဦးဆောင်သည့် Lion Battalion ပူးပေါင်းအဖွဲ့သည် ဧပြီလ ၅ ရက်တွင် ရွှေကုက္ကိုမြို့သစ်အနီးရှိ BGF စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်းတိုက်ပွဲအတွင်း BGF အဖွဲ့ဝင်အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

zawgyi version

ျမဝတီၿမိဳ႕ေပၚရွိ ေနရာအခ်ိဳ႕ (၁ဝ၇)မမ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရကာ ကေလးငယ္အပါအဝင္ ထိခိုက္ဒဏ္ရာရမႈမ်ားရွိေန

NP News - ဧၿပီ ၁ဝ

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ေပၚရွိ ေနရာအခ်ိဳ႕တြင္ (၁ဝ၇) မမ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရကာ ကေလးငယ္အပါအဝင္ ထိခိုက္ဒဏ္ရာရရွိမႈမ်ားရွိေနေၾကာင္း သတင္းရရွိသည္။

ယေန႔(ဧၿပီလ ၁ဝ ရက္)၊ နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ ျမဝတီၿမိဳ႕ေပၚရွိ လခရ(၂၇၅)တပ္အနီး၊ ေအာက္ဆီဂ်င္စက္႐ုံႏွင့္ ေရပူလမ္းမမီးပြိဳင့္အနီးတို႔တြင္ ၁ဝ၇ မမေရွာ့တိုက္ဒုံးမ်ား က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ျမဝတီၿမိဳ႕ခံမ်ားက NP News ကို အသိေပးေျပာဆိုထားသည္။

အၾကမ္းဖက္အဖြဲ႕သည္ အေဝးမွတစ္ဆင့္ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ျမဝတီၿမိဳ႕ထဲဘက္သို႔ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ဆက္လက္ပစ္ခတ္ေနမႈမ်ားရွိေၾကာင္း ၎တို႔က ဆိုသည္။

“ေရွာ့တိုက္ဒုံးနဲ႔ ပစ္တာေပါ့။ ေနာက္ၿပီးေတာ့ ေအာက္ဆီဂ်င္စက္႐ုံနားမွာလည္း တစ္လုံးက်တယ္။ ေရပူလမ္းမ မီးပြိဳင့္နားမွာလည္း တစ္လုံးက်တယ္။ ကေလးတစ္ေယာက္ ထိသြားတယ္။ လူႀကီးတစ္ေယာက္လည္း ထိသြားတယ္။ ေနာက္ထပ္ ခလ ရ(၂၇၅)ရဲ႕ အနီးကိုလည္း တစ္လုံးက်တယ္။ ဒါေပမယ့္ အထဲကို မက်ဘူး” ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ထိုသို႔ ျမဝတီၿမိဳ႕အတြင္းသို႔ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ကေလးငယ္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့မႈအပါအဝင္ အျခားထိခိုက္ဒဏ္ရာရသူမ်ားလည္း ရွိေနေၾကာင္း သိရသည္။

လက္ရွိတြင္ Lion Battalion အဖြဲ႕၏ ဗိုလ္အယ္ေစးဝါးအပါအဝင္ အေပါင္းအပါမ်ားကို BGF ႏွင့္ လုံၿခဳံေရးအဖြဲ႕မ်ားက ပိတ္ဆို႔ေခ်မႈန္းလ်က္ရွိၿပီး ၎တို႔ကို ကယ္ထုတ္ရန္အတြက္ အျခားပူးေပါင္းအဖြဲ႕က ျမဝတီၿမိဳ႕အတြင္းသို႔ ပစ္ခတ္တိုက္ခိုက္ျခင္း ျဖစ္ႏိုင္ေၾကာင္း BGF ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို သုံးသပ္ေျပာဆိုထားသည္။

“ကြၽန္ေတာ္ထင္တာေတာ့ ျမဝတီၿမိဳ႕ကို ဒီလိုမ်ိဳးလုပ္ေပးၿပီး တပ္ကို ျပန္ဆြဲထုတ္ခ်င္တဲ့သေဘာမ်ိဳးေပါ့။ သူတို႔က ျမဝတီကို ေတာက္ေလွ်ာက္လုပ္ေနမွာပဲ။ အယ္ေစးဝါးဘက္ကို အာ႐ုံမေရာက္ေအာင္ ဒီဘက္ျမဝတီဘက္ကို တိုက္ျပတာမ်ိဳးလို႔လည္း ထင္တယ္။ ျမဝတီၿမိဳ႕ကို အေဝးကေန ေရွာ့တိုက္ဒုံးနဲ႔ ပစ္ေနတာေပါ့” ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

ဗိုလ္အယ္ေစးဝါး ဦးေဆာင္ေသာ Lion Battalion ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ ဧၿပီလ ၈ ရက္တြင္ မဲ့ပယ္ကလိုး႐ြာအနီး၌ BGF ႏွင့္လုံၿခဳံေရးအဖြဲ႕မ်ား၏  ပိတ္ဆို႔တိုက္ခိုက္ျခင္းခံခဲ့ရကာ Lion Battalion ပူးေပါင္းအဖြဲ႕မွ PDF (၅)ဦး ေသဆုံးခဲ့ၿပီး လက္နက္ခဲယမ္းႏွင့္ ကားမ်ားက သိမ္းဆည္းခံလိုက္ရေၾကာင္း သိရသည္။

ထိုသို႔ တိုက္ခိုက္ခံရစဥ္ ဗိုလ္အယ္ေစးဝါးသည္ ကိုယ္လြတ္႐ုန္းကာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ၿပီး လက္ရွိအခ်ိန္ထိပါ ၎အား BGF အဖြဲ႕က ပိတ္ဆို႔ထားလ်က္ရွိေၾကာင္း သိရသည္။

ဗိုလ္အယ္ေဆးဝါး ဦးေဆာင္သည့္ Lion Battalion ပူးေပါင္းအဖြဲ႕သည္ ဧၿပီလ ၅ ရက္တြင္ ေ႐ႊကုကၠိဳၿမိဳ႕သစ္အနီးရွိ BGF စခန္းမ်ားကို ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ၎တိုက္ပြဲအတြင္း BGF အဖြဲ႕ဝင္အမ်ားအျပား ေသဆုံးခဲ့ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စက်ဘီးစီးနေသည့် အမျိုးသားတစ်ဦး ရုတ်တရက် လဲကျသေဆုံးမှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved