Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အခြေခံရည်ညွှန်းစပါးဈေး ကျပ်(၉)သိန်းခွဲသည် တောင်သူလယ်သမားများအတွက်နစ်နာ မှုများရှိနေ

ယွန်း (NSS) - အောက်တိုဘာ ၂၈

အခြေခံ ရည်ညွှန်းစပါးဈေးကို ကျပ် (၉)သိန်းခွဲသတ်မှတ်လိုက်ခြင်းသည် မြေပြင်ရှိ တောင်သူလယ်သမားများအတွက် နစ်နာမှုများရှိလာနေကြောင်း NSS က စပါးစိုက်လယ်သမားများထံ မေးမြန်းထားချက်များအရ  သိရသည်။


တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အစိုဓာတ် (၁၄) ရာခိုင်နှုန်း၊ အဖျင်း၊ အမှော်၊ ဖုန်၊သဲ၊ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီသည့် စပါးတင်း (၁၀ဝ)လျှင် အခြေခံရည်òန်းပေါက်ဈေး(၉၅၀ဝဝဝ)ကျပ် သတ် မှတ်လိုက်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးထားသည်။ ဈေးကွက်ပေါက်ဈေးသည် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင် ဖြစ်ပါက ဈေး ကွက်ပေါက်ဈေးအတိုင်းဝယ်ယူရန်နှင့် ဈေးကွက် ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်း အောက်တွင် ဖြစ်ပေါ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိ မိုးစပါးရိတ်သိမ်းချိန်ကာလတွင် စပါးတင်း (၁၀ဝ) အတွက် ဈေးကွက်ပေါက်ဈေးမှာ (၁၆)သိန်းခွဲနှင့် (၁၇)သိန်းဝန်းကျင်ရှိနေသော်လည်း အဆိုပါ ပေါက်ဈေးမှာ တောင်သူများအတွက် အရင်းကြေရုံသာရှိကြောင်း သိရသည်။

“သူတို့ပြောတဲ့ (၉)သိန်းခွဲဆိုရင် ဘယ်လိုမှ အဆင်မပြေဘူးလေ။ (၁၆)သိန်း၊ (၁၇)သိန်း ဆိုရင် တောင် နည်းနည်းပဲမြတ်တာလေ။ အရင်းကြေရုံ ပဲရှိတာ။ စပါးမထွက်ရင် ရှုံးတောင်ရှုံးမယ်။ အခုဆိုရင် မိုးတွေကလည်း ရွာနေတော့ စပါးတွေလည်းမရိတ်ရသေးတဲ့သူတွေရှိတယ်။ ဒီကြားထဲမှာ ဈေးမကျသွားရင်တော့ကောင်းတာပေါ့ ” ဟု ဧရာဝတီ တိုင်း မှ လယ်သမားတစ်ဦးက NP News ကိုပြောသည်။ တောင်သူများအနေဖြင့် ဓာတ်မြေဩ ဇာဈေးနှုန်း ကြီးမြင့်ခြင်းအပြင် လုပ်အားခဈေးနှုန်းကြီး မြင့်ခြင်း၊ ရိတ်ခြွေခ ကြီးမြင့်ခြင်းများကိုလည်း ကြုံတွေ့နေရပြီး ထိုသို့ စပါးဈေး(၉)သိန်းခွဲ သက်မှတ်လိုက် ခြင်းသည် ၎င်းတို့အတွက် အဆင်မပြေကြောင်း သုံး သပ်မှုများလည်း ရှိနေသည်။

“ပြီးခဲ့တဲ့ (၄)၊(၅)ရက် လောက်ကတည်း က (၁၉)သိန်းလောက်နဲ့ပေါက်နေတာ။ စပါးဈေးက အခု ဒီရက်တည်းမှာတော့ (၂၁) သိန်း၊ သိန်း (၂၀) လောက် ရတယ်။ (၉)သိန်းနဲ့က တော့ မရဘူးလေ၊ မြေဆီဖိုး၊ ဆီဖိုးတွေ၊ စပါးရိတ်ဖို့ စက်ဖိုးတွေနဲ့တင် တော်တော်ကုန်နေပြီ။ ဒီဈေးနဲ့က တော့ ဘယ်လိုမှမဖြစ်ဘူးပေါ့။ သူတို့ ရည်ညွှန်းဈေး (၉)သိန်းခွဲနဲ့ ဆိုရင်တော့ ဘယ်လိုလုပ်အဆင်ပြေမှာ လဲ။ အခုဆိုရင် ဓာတ်ဆားက (၁)သိန်းခွဲဖြစ်နေပြီ။ ရိတ်ခြွေခ ကလည်း မနှစ်ကထက် (၆၀ဝဝဝ) လောက် တက်တယ်။ ဒီနှစ်က တစ်ဧကကို (၁)သိန်းခွဲဖြစ်နေပြီ။ လူနဲ့ရိတ်တာကလည်း အပြတ် (၁)ဧကကို တစ်သိန်း ပေးရတယ်။ နေ့စားဆိုရင်တောင် တစ်ယောက်ကို (၁၀ဝဝဝ)ပေးရတယ်” ဟု ပဲခူးတိုင်းမှ စပါးစိုက်တောင်သူတစ်ဦးကဆိုသည်။

သို့သော် အချို့ကုန်သည်များမှာ အခြေခံ ရည်òန်းစပါးဈေး ပြောင်းလဲမှုပေါ်မူတည်၍ ဈေး ကွက်‌ပေါက်ဈေးများကို လျှော့ချ၍ ရောင်းဝယ်မှုများလည်း ရှိနေကြောင်း သိရသည်။ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင် ဈေးကွက် ပေါက်ဈေးတွင် ဧည့်မထစပါးဈေးနှုန်းမှာ (၁၅) သိန်း မှ သိန်း(၂၀)အထိ ရှိခဲ့ပြီး အခြေခံရည်ညွှန်းဈေး မှာလည်း တစ်တင်းလျှင် (၇၅၀ဝ) ကျပ်သာရှိခဲ့သဖြင့် အခြေခံရည်ညွှန်းဈေးမှာ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရမည့်စပါးဈေးကို ဆိုလိုခြင်းမဟုတ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိ ပေးထားသည်။ လက်ရှိ (၂၀၂၄) ခုနှစ် အောက်တိုဘာလ ကောက်စောစပါးများပေါ်ချိန်တွင် စပါးဈေး များသည် ကွင်းများတွင် စပါးအစို တင်း(၁၀ဝ)လျှင် (၁၅)သိန်းမှ(၁၆)သိန်း ဈေးကွက်ပေါက်ဈေးဖြစ်ပြီး ဆန်စက်များသို့ ခြောက်သွေ့သော စပါးများရောင်း ဈေးသည် (၁၇)သိန်းမှ သိန်း(၂၀) ဝန်းကျင်ဖြစ်ကြောင်းသိရသည်။ အခြေခံပြည်သူများ စားသုံးမှုများ သည့် ဆင်းသုခတစ်အိတ်လျှင် ငွေကျပ် (၈၀ဝဝဝ)ခန့်ရှိနေပြီး ပေါ်ဆန်း ဆန်တစ်အိတ်လျှင် ငွေကျပ်(၂) သိန်းနီးပါးဖြင့် ဝယ်ယူနေရကြောင်း သိရသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မလေးရှားတွင် ကျင်းပသည့် ယာဉ်မတော်တဆမှု ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ၌ မြန်မာမီးသတ်အရာရှိတစ်ဦး Best Team Leader ဆုကို ပထမဆုံးအကြိမ်ရရှိ

RELATED POSTS
RECENT POSTS
လမ်းကြောင်းမှားယွင်းမောင်းနှင်တဲ့အတွက် မလေးရှားရေတပ်သင်္ဘောတစ်စီး နစ်မြုပ်
29 Oct 2024
အင်ဒိုနီးရှားက (၂၀၃၀)တွင် လျှပ်စစ်ကားနှင့် လျှပ်စစ်ဆိုင်ကယ်အစီးရေ သန်းနှင့်ချီ ထုတ် လုပ်ရန်စီစဉ်နေ
29 Oct 2024
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ရဲ့ မဲဆွယ်ပေးမှုကြောင့် ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် တစ်ကျော့ပြန် မြင်တွေ့ရဖွယ်ရှိနေသလား..??
29 Oct 2024
ရန်ကုန်မှဟဲဟိုးသို့ ကထိန်လာခင်းသော ဘုရားဖူးကား ချောက်ထဲပြုတ်ကျရာ (၇)ဦးသေ ဆုံးပြီး (၇)ဦးပြင်းထန်ဒဏ်ရာရ
29 Oct 2024
အိန္ဒိယဘုရားပွဲတော်တစ်ခုအတွင်း မီးရှူးမီးပန်းဖောက်မှုနဲ့အတူ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူရာချီထိခိုက်ဒဏ်ရာရရှိ
29 Oct 2024
အနန်းကွင်းဗျူဟာမှ စစ်သားများ လက်နက်ချခြင်းမရှိသည့်အပြင် Drop Bomb (၂၃ဝဝ) ကျော်သုံး၍ ရက်(၇ဝ)ကျော်တိုက်ခိုက်မှုကို တောင့်ခံထားနိုင်ဟု ဆို
29 Oct 2024
မြောက်ကိုရီးယားက ရုရှားရဲ့အကူအညီတွေနဲ့ စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်လုံးလွှတ်တင်ဖို့ အဆင်သင့်ဖြစ်နေပြီဟု ဆို
29 Oct 2024
ဂျပန်နိုင်ငံ ဖူဂျီတောင်ပေါ်မှာ ၂၀၂၄ အတွက် ပထမဆုံးနှင်းကျခြင်း မရှိသေး
29 Oct 2024
ဖားကန့်ဆိုင်းတောင်တိုက်ပွဲ (သို့မဟုတ်) အကျိုးစီးပွားပွတ်တိုက်မှု မျက်လှည့်ရုပ်ရှင်တစ်ခု၏ အတွင်းရေးများ
29 Oct 2024
ဟောလိဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယိုကို အစွဲပြုပြီး ဟိမဝန္တာမြွေမျိုးစိတ်သစ်ကို အန်ဂိုင်ကူးလက်စ် ဒီကာပရီယိုလို့ နာမည်ပေး
29 Oct 2024
(၈)မိုင်လမ်းဆုံတွင် လမ်းဖြတ်ကူးသည့်အမျိုသမီး YBS တိုက်မိ၍ ထိခိုက်ဒဏ်ရာရ
29 Oct 2024
ရွှေတောင်မြို့နယ်တွင် ထွေ/အုပ်စာရေးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွား
28 Oct 2024
အမေရိကန်နိုင်ငံသားများ၏ (၂၇)ရာခိုင်နှုန်းခန့်က ရွေးကောက်ပွဲပြီးလျှင် ပြည်တွင်းစစ် ဖြစ်လာနိုင်သည်ဟု ယုံကြည်နေ
28 Oct 2024
ကလေးမြို့နယ်တွင် ဆပ်ပြာခွက်များအတွင်းမှ ငွေကျပ် သိန်း (၄၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
28 Oct 2024
အမ်းမြို့ နယ်အတွင်းရှိ ကိုရင်နှင့် ကျောင်းသား /သူများ အပါအဝင် (၁၀ဝ)ကျော် AA အဖွဲ့က ဖမ်းဆီးထား
28 Oct 2024
ထိုင်းနိုင်ငံက (၁၀)နှစ်အတွင်း ဒရုန်းအစင်းရေ (၁)သန်းအထိ ထုတ်လုပ်ရန် စီစဉ်နေ
28 Oct 2024
မန္တလေးတွင် အမျိုးသားတစ်ဦး မယ်ဇလီဖူးတက်ခူးရာမှ ဓာတ်လိုက်သေဆုံး
28 Oct 2024
လာမည့်နှစ် ဧပြီလအတွင်း (၅၀၀)ကေဗွီ လှိုင်သာယာဓာတ်အားခွဲရုံစီမံကိန်း ရာနှုန်းပြည့် ပြီးစီးမည်ဟုဆို
28 Oct 2024
တရုတ်ကမ်းခြေစောင့်ရေယာဉ်ကို အင်ဒိုနီးရှားစစ်သင်္ဘော မောင်းထုတ်ခြင်း နှင့် ရေပြင်တင်းမာမှုများ
28 Oct 2024
"(၁၀၂၇)ကျူးကျော်စစ် တစ်နှစ်ပြည့်ခဲ့သော်လည်း တစ်မြို့မှပြန်မယူနိုင်ခြင်းသည် အဘယ် ကြောင့်နည်း..??"
28 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved