Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြဝတီ-ကော့ကရိတ်အာရှလမ်းတိုက်ပွဲများ၌ ပူးပေါင်းပါဝင်နေသည့် KNU/KNLA-PC မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့ကို ထုတ်ပယ်ကြောင်း ကြေညာ

မျိုးကြီး (NP News) – ဧပြီ ၈

မြဝတီ-ကော့ကရိတ်အာရှလမ်းတိုက်ပွဲများ၌ ပူးပေါင်းပါဝင်နေသည့် KNU/KNLA-PC အဖွဲ့မှ ဗျူဟာမှူးနှင့်တပ်ရင်းမှူးတို့ကို အဖွဲ့အစည်းအတွင်းမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA – PC)က ဧပြီလ ၇ ရက်တွင် ကြေညာလိုက်ခြင်းဖြစ်သည်။

KNU/KNLA-PC ၏ စစ်ဗျူဟာ(၂) ဗျူဟာမှူးဗိုလ်မှူးကြီးစောလက်ကိုင်နှင့် တပ်ရင်း(၇ဝ၈)၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့ကို အဖွဲ့အစည်းဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ လမ်းစဉ်တွေရှိတယ်။ ငြိမ်းချမ်းရေးကို လက် နက်နဲ့ မလုပ်ဘဲနဲ့ နှစ်(၇ဝ)ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ ဟိုဘက်ဒီဘက်ဘယ်သူမှ အကျိုးအမြတ်မရှိတဲ့ကိစ္စတွေကို ဆက်မလုပ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စားပွဲပေါ်မှာ ဆွေးနွေးမယ်ဆိုပြီးတော့ သံဓိဌာန်ချခဲ့ကြတာလေ။ ဒီအပေါ်မှာ သွားနေကြတာပေါ့။ ဒါပေမယ့် အခုလိုမျိုးဖြစ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်နှစ်ဦးအပေါ်မှာလည်း ဆွေးနွေးခဲ့ကြတယ်။ ဒီဖြစ်စဉ်မဖြစ်ခင်အထိ ဖုန်းနဲ့သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်း သွားတွေ့ပြီးတော့ ဆွေးနွေးခဲ့ကြတယ်။ ဒါပေမယ့်လည်း သူတို့က လက်မခံခဲ့ကြဘူးပေါ့။ သူတို့ ကိုယ်တိုင်ကလည်း ကိုယ့်လမ်းကိုယ်ပဲ လျှောက်ကြတာပေါ့ဆိုတဲ့ စကားအပေါ်မှာ ကျွန်တော်တို့ အဖွဲ့ကလည်း ဒီလိုမျိုး ထုတ်ပြန်ကြေညာလိုက်ရတာပေါ့။ ဒီလိုမျိုး ကင်းကင်းရှင်းရှင်းဖြစ်သွားအောင်ပေါ့” ဟု KNU/KNLA-PC မှ ဗိုလ်မှူးကြီးမောင်မောင်က NP News ကိုပြောသည်။

၎င်းတို့(၂)ဦးသည် KNU/KNLA-PC အဖွဲ့အစည်း၏ ဗဟိုကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဦးစီးဌာနချုပ်မှထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များအပေါ် လိုက်နာခြင်းမရှိဘဲ ချိုးဖောက်ကျူးလွန်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ၎င်းတို့နှစ်ဦးအား အဖွဲ့အစည်းဝင်အဖြစ်မှလည်းကောင်း၊ တပ်မတော်အတွင်းမှလည်းကောင်း ထုတ်ပယ်လိုက်ကြောင်း KNU/KNLA-PC က ဆိုထားသည်။

“သူတို့ပြောသလို အကုန်လုံးတော့ မပါပါဘူး။ တစ်ချို့တစ်ဝက် သူတို့နဲ့နီးစပ်ရာ၊ သူတို့တပ် ရင်းတပ်ဖွဲ့မှာရှိတဲ့ တစ်ချို့ စိတ်ပါဝင်စားတဲ့လူတော့ သူတို့နဲ့လိုက်သွားတာပေါ့။ အကုန်လုံး ဗျူဟာတစ်ခုလုံးပါသွားတာမျိုးတော့ မရှိပါဘူး” ဟု ဗိုလ်မှူးကြီး မောင်မောင်က ဆက်လက်ပြောသည်။

KNU/KNLA-PC သည် လက်ရှိ နိုင်ငံတော်တာဝန်ယူထားသော နစကအစိုးရနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း KTLA စစ်ဦးစီးချုပ် နယ်ဒါးမြနှင့်အတူ ဗိုလ်မှူးကြီးစောလက် ကိုင်၊ ဒုဗိုလ်မှူးကြီးစောကျော်ဂရောင်းတို့ လက်တွဲကာ ရိုက်ကူးထားသည့် ဓါတ်ပုံတစ်ပုံသည်လည်း လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိနေသည်ကို တွေ့ရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် အာရှလမ်းမတစ်လျှောက်တွင် မတ်လ ၂၅ ရက်မှစ၍ တပ်မတော် လုံခြုံရေးအဖွဲ့ဝင်များနှင့် ကော်ဘရာ၊ နဂါးဖြူ၊ ကျားသစ်နက်၊ ဒေါန၊ ဂဠုန်၊ ကျားဖြူစစ်ကြောင်းများ၊ KNU/KNLA-PC မှ ဗျူဟာမှူး၊ တပ်ရင်းမှူးများဦးဆောင်သော အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကော်ဘရာစစ်ကြောင်းအပါအဝင် အဖွဲ့အစည်း(၁ဝ)ဖွဲ့ကလည်း အရပ်သားပြည်သူ လူထုအနေဖြင့် ဧပြီလ ၇ ရက်မှ ဧပြီလ ၂၁ ရက်အထိ မြဝတီ-ကော့ကရိတ်အာရှလမ်းမ၌ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြရန်လည်း သတိပေးထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

zawgyi version

ျမဝတီ-ေကာ့ကရိတ္အာရွလမ္းတိုက္ပြဲမ်ား၌ ပူးေပါင္းပါဝင္ေနသည့္ KNU/KNLA-PC မွ ဗ်ဴဟာမႉးႏွင့္ တပ္ရင္းမႉးတို႔ကို ထုတ္ပယ္ေၾကာင္း ေၾကညာ

မ်ိဳးႀကီး (NP News) – ဧၿပီ ၈

ျမဝတီ-ေကာ့ကရိတ္အာရွလမ္းတိုက္ပြဲမ်ား၌ ပူးေပါင္းပါဝင္ေနသည့္ KNU/KNLA-PC အဖြဲ႕မွ ဗ်ဴဟာမႉးႏွင့္တပ္ရင္းမႉးတို႔ကို အဖြဲ႕အစည္းအတြင္းမွ ထုတ္ပယ္ေၾကာင္း ေၾကညာခဲ့သည္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး/ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ ၿငိမ္းခ်မ္းေရးေကာင္စီ(KNU/KNLA – PC)က ဧၿပီလ ၇ ရက္တြင္ ေၾကညာလိုက္ျခင္းျဖစ္သည္။

KNU/KNLA-PC ၏ စစ္ဗ်ဴဟာ(၂) ဗ်ဴဟာမႉးဗိုလ္မႉးႀကီးေစာလက္ကိုင္ႏွင့္ တပ္ရင္း(၇ဝ၈)၊ တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး ေစာေက်ာ္ဂေရာင္းတို႔ကို အဖြဲ႕အစည္းဝင္အျဖစ္မွ ထုတ္ပယ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ ေခါင္းေဆာင္ေတြခ်မွတ္ခဲ့တဲ့ လမ္းစဥ္ေတြရွိတယ္။ ၿငိမ္းခ်မ္းေရးကို လက္ နက္နဲ႔ မလုပ္ဘဲနဲ႔ ႏွစ္(၇ဝ)ျဖစ္ခဲ့တဲ့ကိစၥေတြမွာ ဟိုဘက္ဒီဘက္ဘယ္သူမွ အက်ိဳးအျမတ္မရွိတဲ့ကိစၥေတြကို ဆက္မလုပ္ဘဲ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ စားပြဲေပၚမွာ ေဆြးေႏြးမယ္ဆိုၿပီးေတာ့ သံဓိဌာန္ခ်ခဲ့ၾကတာေလ။ ဒီအေပၚမွာ သြားေနၾကတာေပါ့။ ဒါေပမယ့္ အခုလိုမ်ိဳးျဖစ္ခဲ့တဲ့ ကြၽန္ေတာ္တို႔ရဲ႕ ေခါင္းေဆာင္ႏွစ္ဦးအေပၚမွာလည္း ေဆြးေႏြးခဲ့ၾကတယ္။ ဒီျဖစ္စဥ္မျဖစ္ခင္အထိ ဖုန္းနဲ႔ေသာ္လည္းေကာင္း၊ လူကိုယ္တိုင္ေသာ္လည္း သြားေတြ႕ၿပီးေတာ့ ေဆြးေႏြးခဲ့ၾကတယ္။ ဒါေပမယ့္လည္း သူတို႔က လက္မခံခဲ့ၾကဘူးေပါ့။ သူတို႔ ကိုယ္တိုင္ကလည္း ကိုယ့္လမ္းကိုယ္ပဲ ေလွ်ာက္ၾကတာေပါ့ဆိုတဲ့ စကားအေပၚမွာ ကြၽန္ေတာ္တို႔ အဖြဲ႕ကလည္း ဒီလိုမ်ိဳး ထုတ္ျပန္ေၾကညာလိုက္ရတာေပါ့။ ဒီလိုမ်ိဳး ကင္းကင္းရွင္းရွင္းျဖစ္သြားေအာင္ေပါ့” ဟု KNU/KNLA-PC မွ ဗိုလ္မႉးႀကီးေမာင္ေမာင္က NP News ကိုေျပာသည္။

၎တို႔(၂)ဦးသည္ KNU/KNLA-PC အဖြဲ႕အစည္း၏ ဗဟိုေကာ္မတီမွ ခ်မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ စစ္ဦးစီးဌာနခ်ဳပ္မွထုတ္ျပန္ထားေသာ အမိန႔္ၫႊန္ၾကားခ်က္မ်ားအေပၚ လိုက္နာျခင္းမရွိဘဲ ခ်ိဳးေဖာက္က်ဴးလြန္လ်က္ရွိေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ဗဟိုေကာ္မတီအေရးေပၚအစည္းအေဝးဆုံးျဖတ္ခ်က္အရ ၎တို႔ႏွစ္ဦးအား အဖြဲ႕အစည္းဝင္အျဖစ္မွလည္းေကာင္း၊ တပ္မေတာ္အတြင္းမွလည္းေကာင္း ထုတ္ပယ္လိုက္ေၾကာင္း KNU/KNLA-PC က ဆိုထားသည္။

“သူတို႔ေျပာသလို အကုန္လုံးေတာ့ မပါပါဘူး။ တစ္ခ်ိဳ႕တစ္ဝက္ သူတို႔နဲ႔နီးစပ္ရာ၊ သူတို႔တပ္ ရင္းတပ္ဖြဲ႕မွာရွိတဲ့ တစ္ခ်ိဳ႕ စိတ္ပါဝင္စားတဲ့လူေတာ့ သူတို႔နဲ႔လိုက္သြားတာေပါ့။ အကုန္လုံး ဗ်ဴဟာတစ္ခုလုံးပါသြားတာမ်ိဳးေတာ့ မရွိပါဘူး” ဟု ဗိုလ္မႉးႀကီး ေမာင္ေမာင္က ဆက္လက္ေျပာသည္။

KNU/KNLA-PC သည္ လက္ရွိ ႏိုင္ငံေတာ္တာဝန္ယူထားေသာ နစကအစိုးရႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးလ်က္ရွိသည့္ အဖြဲ႕အစည္းတစ္ခုလည္းျဖစ္သည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း KTLA စစ္ဦးစီးခ်ဳပ္ နယ္ဒါးျမႏွင့္အတူ ဗိုလ္မႉးႀကီးေစာလက္ ကိုင္၊ ဒုဗိုလ္မႉးႀကီးေစာေက်ာ္ဂေရာင္းတို႔ လက္တြဲကာ ႐ိုက္ကူးထားသည့္ ဓါတ္ပုံတစ္ပုံသည္လည္း လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔လ်က္ရွိေနသည္ကို ေတြ႕ရသည္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ႏွင့္ ေကာ့ကရိတ္ၿမိဳ႕နယ္ အာရွလမ္းမတစ္ေလွ်ာက္တြင္ မတ္လ ၂၅ ရက္မွစ၍ တပ္မေတာ္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ ေကာ္ဘရာ၊ နဂါးျဖဴ၊ က်ားသစ္နက္၊ ေဒါန၊ ဂဠဳန္၊ က်ားျဖဴစစ္ေၾကာင္းမ်ား၊ KNU/KNLA-PC မွ ဗ်ဴဟာမႉး၊ တပ္ရင္းမႉးမ်ားဦးေဆာင္ေသာ အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေကာ္ဘရာစစ္ေၾကာင္းအပါအဝင္ အဖြဲ႕အစည္း(၁ဝ)ဖြဲ႕ကလည္း အရပ္သားျပည္သူ လူထုအေနျဖင့္ ဧၿပီလ ၇ ရက္မွ ဧၿပီလ ၂၁ ရက္အထိ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းမ၌ ျဖတ္သန္းသြားလာျခင္း လုံးဝမျပဳလုပ္ၾကရန္လည္း သတိေပးထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကလေးငယ်အား ငွေကျပ်သိန်း(၂ဝ)ဖြင့် ရောင်းချရန် စီစဥ်ခဲ့သော လင်မယားကို နစကဝန်ကြီးဌာနမှ စည်းရုံးပြောဆိုကာ ကလေးငယ်နှင့်အတူ နေရပ်ပြန်ပို့

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved