Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စက်သုံးဆီ ဂါလန် သန်း (၆ဝ)ကျော်ပါဝင်မည့် စက်သုံးဆီတင်သင်္ဘော(၁၃)စီး ဧပြီလ(၁၆) ရက်မတိုင်မီ ရောက်ရှိမည်

ရဲပြည့် (NP News) - ဧပြီ ၇ 


သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးကာလများတွင် စက်သုံးဆီအလုံအလောက်ရှိစေရန် ဧပြီလ (၁၆)ရက်မတိုင်မီ စင်ကာပူမှတင်သွင်းလာမည့် စက်သုံးဆီတင်သင်္ဘော(၁၃)စီးရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ စက်သုံးဆီများကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ စွမ်းအင်ဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့၏ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။


စင်ကာပူနိုင်ငံမှတင်သွင်းလာသည့် စက်သုံးဆီတင်သင်္ဘောကြီးများသည် ဧပြီလ ၄ ရက်မှစတင်၍ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန်စခန်း Jetty များသို့ ဆိုက်ကပ်ရောက်ရှိခဲ့ပြီး ဧပြီလ ၁၆ ရက်မတိုင်မီ စုစုပေါင်း ဂါလန် ၆ဝ ဒသမ ၈၃ ‌သန်းကျော် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ 


ဧပြီလ ၄ ရက်တွင် သီလဝါဆိပ်ကမ်းဒေသမှ Terminal များ၌ သိုလှောင်ထားရှိသည့် စက်သုံးဆီလက်ကျန်အခြေအနေသည်  92 RON ဂါလန် ၄၁ သန်းကျော်၊ 95 RON ဂါလန် ၁ဝ သန်းကျော်၊ 97 RON ဂါလန် ၁ ဒသမ ၇ သန်းကျော်၊ ဒီဇယ်ဆီ ဂါလန် ၁၉ သန်းကျော်၊ ပရီမီယံဒီဇယ်ဂါလန် ၁၈ သန်းကျော်ရှိပြီး စုစုပေါင်း (၈၉ ဒသမ ၇)သန်းကျော်ရှိကြောင်းသိရသည်။ 


စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် သီလဝါဆိပ်ကမ်းဒေသရှိ စက်သုံးဆီသိုလှောင်ကန်စခန်း Jetty များသို့ ရောက်ရှိဆိုက်ကပ်လာသည့် စက်သုံးဆီတင်ဆောင်လာသည့် Tanker များတွင် စက်သုံးဆီပါရှိမှု နှင့် Terminal သိုလှောင်ကန်များမှ လက်ခံရရှိမှုတို့အား တိုင်းတာခြင်းနှင့် Terminal  များမှ စက်သုံးဆီအရောင်းဆိုင်များနှင့် အခြားကဏ္ဍများသို့ စက်သုံးဆီဖြန့်ဖြူးပေးမှုများကို အနီး ကပ်ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


ထို့ပြင် သီလဝါ Terminal များမှ စက်သုံးဆီဖြည့်တင်းပြီးထွက်ခွာသွားသည့် ဆီတင်ယာဉ်များသည် စက်သုံးဆီအရောင်းဆိုင်များသို့ အမှန်တကယ်ရောက်ရှိခြင်းရှိ၊ မရှိနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ရောင်းချခြင်းရှိ၊ မရှိတို့ကို ပြည် နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများမှ ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။ 


စက်ရုံအလုပ်ရုံများနှင့် အခြားကဏ္ဍလုပ်ငန်းများအတွက်လည်း စက်သုံးဆီတင်သွင်းခွင့်များကို ခွင့်ပြုပေးလျက်ရှိပြီး စက်သုံးဆီအလုံအလောက်ရှိကြောင်းလည်း သိရသည်။


လက်ရှိအချိန်အထိ မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ဂါလန် သန်း ၅ဝ ဒသမ  ၂ သန်းကျော် ရှိကြောင်း သိရသည်။ 

zawgyi version

စက္သုံးဆီ ဂါလန္ သန္း (၆ဝ)ေက်ာ္ပါဝင္မည့္ စက္သုံးဆီတင္သေဘၤာ(၁၃)စီး ဧၿပီလ(၁၆) ရက္မတိုင္မီ ေရာက္ရွိမည္

ရဲျပည့္ (NP News) - ဧၿပီ ၇ 


သၾကၤန္မတိုင္မီႏွင့္ သၾကၤန္ၿပီးကာလမ်ားတြင္ စက္သုံးဆီအလုံအေလာက္ရွိေစရန္ ဧၿပီလ (၁၆)ရက္မတိုင္မီ စင္ကာပူမွတင္သြင္းလာမည့္ စက္သုံးဆီတင္သေဘၤာ(၁၃)စီးေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။ 


အဆိုပါ စက္သုံးဆီမ်ားကို စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီ၊ စြမ္းအင္ဝန္ႀကီး ဌာနႏွင့္ ျမန္မာႏိုင္ငံစက္သုံးဆီ တင္သြင္းေရာင္းခ်ျဖန႔္ျဖဴးေရးအသင္းတို႔၏ ပူးေပါင္းစီစဥ္ေဆာင္႐ြက္မႈျဖင့္ တင္သြင္းျခင္းျဖစ္ေၾကာင္း သိရသည္။


စင္ကာပူႏိုင္ငံမွတင္သြင္းလာသည့္ စက္သုံးဆီတင္သေဘၤာႀကီးမ်ားသည္ ဧၿပီလ ၄ ရက္မွစတင္၍ သီလဝါဆိပ္ကမ္းရွိ စက္သုံးဆီသိုေလွာင္ကန္စခန္း Jetty မ်ားသို႔ ဆိုက္ကပ္ေရာက္ရွိခဲ့ၿပီး ဧၿပီလ ၁၆ ရက္မတိုင္မီ စုစုေပါင္း ဂါလန္ ၆ဝ ဒသမ ၈၃ ‌သန္းေက်ာ္ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။ 


ဧၿပီလ ၄ ရက္တြင္ သီလဝါဆိပ္ကမ္းေဒသမွ Terminal မ်ား၌ သိုေလွာင္ထားရွိသည့္ စက္သုံးဆီလက္က်န္အေျခအေနသည္  92 RON ဂါလန္ ၄၁ သန္းေက်ာ္၊ 95 RON ဂါလန္ ၁ဝ သန္းေက်ာ္၊ 97 RON ဂါလန္ ၁ ဒသမ ၇ သန္းေက်ာ္၊ ဒီဇယ္ဆီ ဂါလန္ ၁၉ သန္းေက်ာ္၊ ပရီမီယံဒီဇယ္ဂါလန္ ၁၈ သန္းေက်ာ္ရွိၿပီး စုစုေပါင္း (၈၉ ဒသမ ၇)သန္းေက်ာ္ရွိေၾကာင္းသိရသည္။ 


စြမ္းအင္ဝန္ႀကီးဌာန၊ ေရနံထြက္ပစၥည္းႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ားအေနျဖင့္ သီလဝါဆိပ္ကမ္းေဒသရွိ စက္သုံးဆီသိုေလွာင္ကန္စခန္း Jetty မ်ားသို႔ ေရာက္ရွိဆိုက္ကပ္လာသည့္ စက္သုံးဆီတင္ေဆာင္လာသည့္ Tanker မ်ားတြင္ စက္သုံးဆီပါရွိမႈ ႏွင့္ Terminal သိုေလွာင္ကန္မ်ားမွ လက္ခံရရွိမႈတို႔အား တိုင္းတာျခင္းႏွင့္ Terminal  မ်ားမွ စက္သုံးဆီအေရာင္းဆိုင္မ်ားႏွင့္ အျခားက႑မ်ားသို႔ စက္သုံးဆီျဖန႔္ျဖဴးေပးမႈမ်ားကို အနီး ကပ္ႀကီးၾကပ္ျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။


ထို႔ျပင္ သီလဝါ Terminal မ်ားမွ စက္သုံးဆီျဖည့္တင္းၿပီးထြက္ခြာသြားသည့္ ဆီတင္ယာဥ္မ်ားသည္ စက္သုံးဆီအေရာင္းဆိုင္မ်ားသို႔ အမွန္တကယ္ေရာက္ရွိျခင္းရွိ၊ မရွိႏွင့္ စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ သတ္မွတ္ရည္ၫႊန္းေစ်းႏႈန္းအတိုင္း ေရာင္းခ်ျခင္းရွိ၊ မရွိတို႔ကို ျပည္ နယ္ႏွင့္ တိုင္းေဒသႀကီးအသီးသီးရွိ ႀကီးၾကပ္စစ္ေဆးေရးအရာရွိ႐ုံးမ်ားမွ ႀကီးၾကပ္စစ္ေဆးလ်က္ရွိေၾကာင္းလည္း သိရသည္။ 


စက္႐ုံအလုပ္႐ုံမ်ားႏွင့္ အျခားက႑လုပ္ငန္းမ်ားအတြက္လည္း စက္သုံးဆီတင္သြင္းခြင့္မ်ားကို ခြင့္ျပဳေပးလ်က္ရွိၿပီး စက္သုံးဆီအလုံအေလာက္ရွိေၾကာင္းလည္း သိရသည္။


လက္ရွိအခ်ိန္အထိ ျမန္မာတစ္ႏိုင္ငံလုံးတြင္ စက္သုံးဆီ ဂါလန္ သန္း ၅ဝ ဒသမ  ၂ သန္းေက်ာ္ ရွိေၾကာင္း သိရသည္။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထောက်ကြန့်မြို့ရှောင်လမ်းတွင် ကားကြိတ်ခံရကာ အမျိုးသားတစ်ဦး သေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved