Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
IBEC ဆရာတော်၏ တောင်းဆိုမှုဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့မှုအစီ အစဉ်အတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ စစ်ရှောင်ပြည်သူများပါဝင်လာ

ယွန်း (NSS) - စက်တင်ဘာ ၅

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်အတွင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ စစ်ဘေး‌ ရှောင်ပြည်သူများ ပါဝင်လာပြီဖြစ်ကြောင်း စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်ဦးသောဘိတထံ NSS က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။


ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၆) ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၌ ကျင်းပခဲ့သော (၇၈) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံသို့ IBEC ဆရာတော်တက်ရောက် ခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးရေး တောင်းဆိုခဲ့ကြောင်း သိရသည်။

‘‘ဘုန်းဘုန်းလှူတာတော့မဟုတ်ပါဘူး။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကနေ လှူတာပါ။ မြန်မာနိုင်ငံမှာ ပဋိပက္ခဘေး ကြောင့် လူတွေဒုက္ခရောက်နေကြတယ်။ အဲဒီတော့ မြန်မာနိုင်ငံစားနပ်ရိက္ခာအတွက် ကမ္ဘာ့ကုလသမဂ္ဂက ထောက်ပံ့ ပေးတဲ့နေရာမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းကို မဖြစ်မနေထည့်ပေးပါလို့ ဘုန်းဘုန်းက တောင်းဆိုခဲ့တယ်။ ဘုန်းဘုန်း တောင်းဆိုတာကို သူတို့ဆောင်ရွက်ပေးမယ်လို့ ကတိပေးလိုက်တယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာအဖွဲ့ အစည်း ကြီးက မြန်မာပြည်တင်မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးကို ထောက်ပံ့တဲ့နေရာမှာ အထူးသဖြင့် နယ်စပ်ပေါ့။ ကရင်ပြည် နယ်တို့၊ ကချင်ပြည်နယ်တို့၊ ရခိုင်ပြည် နယ်တို့ကို အဓိကထားပြီးထောက်ပံ့တော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ထောက်ပံ့ဖို့ ဘုန်းဘုန်းကအဆိုပြုခဲ့တယ်’’ ဟု ဆရာတော်က မိန့်ကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင်ပြည်သူပေါင်း (၁ ဒသမ ၂) သန်းရှိရာ စမ်းသပ် ပရောဂျက် ကာလကို (၆)လသတ်မှတ်ထားပြီး အဆိုပါ(၆)လအတွင်း လူဦးရေ(၂)သိန်းကို ကနဦး‌ထောက်ပံ့ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ် (WFP) မှ Pilot Project အဖြစ် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ မုံရွာ၊ ‌ရွှေဘိုနှင့် ဟုမ္မလင်းမြို့နယ်တို့ရှိ စစ် ရှောင်ပြည်သူများကို ပြီးခဲ့သည့် ဇွန်လမှစ၍ စတင် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

‘စစ်ကိုင်းတိုင်းမှာ စစ်ရှောင်ပြည်သူပေါင်း (၁၂)သိန်းလောက်ရှိတယ်။ အဲဒီထဲကနေ Pilot Project အဖြစ်နဲ့ စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ မုံရွာ၊ ရွှေဘို၊ ဟုမ္မလင်းဆိုတဲ့ (၆) မြို့နယ်ကို သူတို့စပြီး ထောက်ပံ့တယ်။ လူဦးရေ (၂)သိန်းစာကို ထောက်ပံ့ဖို့အတွက် Pilot Project အဖြစ်နဲ့သူတို့ထောက်ပံ့တယ်။ ပြည်တွင်းက NGO အဖွဲ့အစည်း တစ်ခုကနေ ကမ္ဘာ့ကုလသမဂ္ဂရဲ့ကိုယ်စား စာရင်းကောက်ယူတာတွေ၊ ဖြန့်ဖြူးတာတွေဆောင်ရွက်တယ်။ ထောက်ပံ့ လှူဒါန်းတာကတော့ ကမ္ဘာအရပ်ရပ်က သူဌေးတွေက ထောက်ပံ့လှူဒါန်းကြပြီးတော့ စီစဉ်တာကတော့ ကမ္ဘာ့ကုလ သမဂ္ဂနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က စီစဉ်တယ်။ ပြည်တွင်းက အကျိုးဆောင်ကြတဲ့အဖွဲ့က အကျိုးဆောင်ကြတာပေါ့ နော်’ဟု ဆရာတော် ဦးသောဘိတက ဆက်လက်မိန့်ကြားသည်။

လက်ရှိတွင် သုံးလတာကာလအတွင်း ငွေကျပ်သိန်းပေါင်း(၉၆၀ဝဝ)ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ အစရှိ သည်တို့ကို စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူစုစုပေါင်း (၃၀ဝဝဝ) ကျော်ကို သုံးကြိမ်တိုင်တိုင် ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် ပြည်သူများအနေဖြင့် ဆင်းရဲဒုက္ခများဖြင့် ကြုံတွေ့ နေရပြီး လက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်သင့် ကြောင်း IBEC  ဆရာတော်က ဆက်လက်မိန့်ကြားသည်။ ‘တိုင်းပြည်မှာ ပဋိပက္ခတွေဖြစ်တဲ့အတွက် ပြည်သူပြည်သားတွေဒုက္ခရောက်တယ်။ မြန်မာနိုင်ငံ အတော အတွင်းမှာ လက်နက်ကိုင်ပြီး ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အားလုံးလက်နက်ကိုင်ပြီး တိုက်ပွဲဝင်မယ့်အစား ငြိမ်းချမ်းစေသောနည်းနဲ့  ခေါင်း‌ဆောင်တွေအသီးသီးက ငြိမ်းချမ်းရေး စကားဝိုင်းမှာ တွေ့ဆုံ ဆွေးနွေးပြီးတော့မှ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရှေးရှုကြရင်ကောင်းမယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ဖြစ် ပြည်သူ့အတွက်လို့ ဘယ်လောက်ပဲကြွေး ကြော်ကြွေးကြော် ပြည်သူတွေဒုက္ခရောက်နေပါတယ်။ ဒါကိုမသိကျိုး ကျွံ မပြုကြဘဲ ကိုယ့်ရဲ့မာန်မာနတွေလျှော့ပြီး တိုင်းပြည်ရဲ့အနာဂတ်မပျက်စီးအောင် ဝိုင်းဝန်းပြီးတော့ သဘောထား အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးရေးကို သွားစေချင်တယ်လို့ အကြုံပြုချင်ပါ တယ်’ဟု ဆရာတော်က မိန့်ကြားသည်။

The UN Office for the Coordination of Humanitarian Affairs (UNOCHA) ၏ ဩဂုတ်လအတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း၌ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်မှာ (၃) သန်းဝန်းကျင်ရှိကြောင်း ခန့်မှန်းထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရပ်စွန့်ခွာသူဦးရေ မြင့်တက်နေကြောင်း သိရသည်။           

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုးဝင်ခိုနေသော လူငယ်အမျိုးသားကို အုပ်စုဖွဲ့ ဓားထောက်ကာ ဆိုင်ကယ် လုယက်သည့်ဖြစ်စဉ် မိတ္ထီလာ၌ ဖြစ်ပွား

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved