ကမ္ဘာပေါ်မှာ အမေရိကန်ဟာ ဒီဂျစ်တယ်ငွေကြေးမြို့တော် ဖြစ်လာလိမ့်မယ်လို့ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့် ပြော
Pika (NSS) - ဩဂုတ် ၃၁
ကမ္ဘာပေါ်တွင် အမေရိကန်ကို ဒီဂျစ်တယ်ငွေကြေးမြို့တော်ဖြစ်လာအောင် လုပ်ဆောင်မည့် အစီအစဉ်ကို ထုတ်ပြန်ပြသသွားမည်ဖြစ်ကြောင်း ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်က 'ဒီနေ့မွန်းလွဲပိုင်းမှာတော့ အမေရိကန်ကို ကမ္ဘာပေါ်မှာ ဒီဂျစ်တယ်ငွေကြေးမြို့တော်ဖြစ်လာအောင်လုပ်ဆောင်မယ့် ကျွန်တော့်ရဲ့ အစီအစဉ်ကို ရေးဆွဲနေပါတယ်။ ဒီလိုအစီအစဉ်တွေကို နှောင့်ယှက်ချင်တဲ့လူတွေရှိနေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ အဲဒီလိုဖြစ်ခံမှာမဟုတ်ပါဘူး”ဟု X(တွစ်တာ)တွင် ရေးသားဖော်ပြခဲ့သည်။ထို့ပြင် ဒေါ်နယ်ထရမ့်သည် ၎င်းအတွက် အလှူငွေများကို ဒီဂျစ်တယ်ငွေကြေးဖြင့် လက်ခံသည့် ပထမဆုံးသမ္မတလောင်းဖြစ်ကြောင်းလည်း သိရသည်။ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်လကကျင်းပခဲ့သော Bitcoin ညီလာခံပွဲတွင် ဟောပြောသူအဖြစ် ပါဝင်ခဲ့ပြီး အလှူရှင်များသည် ၎င်းနှင့်အတူ စားပွဲဝိုင်းတစ်ဝိုင်းထဲတွင် ထိုင်ရမည့်ခုံတစ်ခုံအတွက် အမေရိကန်ဒေါ်လာ (၈၄၄၆၀၀) ဒေါ်လာပေးခဲ့ရကြောင်းသိရသည်။
ထို့ပြင် လာမည့်အနာဂတ်တွင် ၎င်း၏အမေရိကန်အမြင်အတွက် ဒီဂျစ်တယ်ငွေကြေးမှာ မရှိမဖြစ်လိုအပ်ကြောင်းလည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့သည်။ လာမည့်သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ်ရွေးချယ်ခံရမည်ဆိုပါက အမေရိကန်အစိုးရသည် ၎င်း၏လက်ထဲတွင်ရှိသော Bitcoin များကို မည်သည့်အခါမှမရောင်းချရန် နှင့် အရန် Bitcoin များကို ဖန်တီးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လတွင် ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ဖူးသည်။ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် သမ္မတအဖြစ်ရွေးချယ်ခံရမည်ဆိုပါက ရုရှား-ယူကရိန်းစစ်ပွဲကို အချိန်(၂၄)နာရီအတွင်း ပြီးဆုံးသွားအောင် အဆုံးသတ်ပေးနိုင်ကြောင်း ပြီးခဲ့သည့်လများအတွင်း အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုပ္ပားတောင်အနီးမှ တောင်ပေါ်ကျေးရွာ အပန်းဖြေခရီးစဉ်သစ် မကြာခင်စတင်ရန်ရှိ
RELATED POSTS
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
07 Sep 2024 | စီးပွားရေး,ပြည်တွင်း