ပါကစ္စတန်နိုင်ငံမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲကိုထိုးကျတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၂၂)ဦးသေဆုံး
Pika (NSS) - ဩဂုတ် ၂၆
ပါကစ္စတန်နိုင်ငံမှာ ဩဂုတ်လ(၂၅)ရက်နေ့က ခရီးသွားဘတ်စ်ကားတစ်စီး ချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ(၂၂)ဦးသေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။
အဲဒီမတော်တဆမှုဟာ ပန်ဂျပ်ပြည်နယ်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကတ်ရှ်မီးယားဒေသကြား နယ်စပ်မှာရှိတဲ့ Azad Pattan မြိုအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Farooq Ahmed က'ဒီမတော်တဆမှုအတွင်း ကလေးငယ်တစ်ဦး၊အမျိုး သမီး(၆)ဦးနဲ့ အမျိုးသား(၁၅)ဦး စုစုပေါင်း(၂၂)ဦးသေဆုံးခဲ့ပါတယ်'လို့ပြောဆိုခဲ့ပါတယ်။
အစောပိုင်းသတင်းအချက်အလက်တွေအရ အဲဒီဘတ်စ်ကားဟာ ချောက်တစ်ခုအတွင်းကို ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ အခြားပြောရေးဆိုခွင့်ရှိသူ Muhammad Usman Gujjar ကပြောကြားခဲ့ပါတယ်။ ဘေးကင်းရေးအစီအစဉ်တွေနည်းပါးမှုနဲ့ ယာဉ်မောင်းတွေရဲ့ မဆင်မခြင်မောင်းနှင်မှုတွေကြောင့် ပါကစ္စတန်နိုင်ငံမှာ လူအသေအပျောက်များတဲ့ ယာဉ်မတော်တဆမှုတွေ အဖြစ်များတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အီရန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားတိုက်မိမှုအတွင်း သေဆုံးခဲတဲ့ ပါကစ္စတန်နိုင်ငံသားဘုရာဖူး(၂၈)ဦးရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ဩဂုတ်လ(၂၄) ရက်နေ့မှာ ပါကစ္စတန်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ(၂၀)ရက်နေ့က Arbaeen အထိမ်းအမှတ်ပွဲအတွက် အီရတ်နိုင်ငံကို ဦးတည်သွားနေတဲ့ ပါကစ္စတန်ဘုရားဖူးခရီးသည်(၅၁)ဦးကို တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ Yazd ပြည်နယ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ရှေ့တစ်ခုမှာ တိမ်းမှောက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းသွားခဲ့တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံလိုင်းက ဖော်ပြခဲ့ပါတယ်။ ပါကစ္စတန်ဘုရားဖူးခရီးသည်(၅၁)ဦးကို တင်ဆောင်လာတဲဘတ်စ်ကားဟာ ဘရိတ်ချို့ယွင်းမှုနဲ့ မတ်စောက်တဲ့လမ်းကြောင့် ယခုလိုတိမ်းမှောက်မှုဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ အီရန်ယာဉ်ထိန်းရဲတပ်ဖွဲ့အကြီးအကဲ Teymour Hosseini ကပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားက အသေခံဒရုန်းအသစ်တွေကို ထုတ်ဖော် ပြသ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း