Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လွိုင်ကော်ရှိ ဌာနဆိုင်ရာရုံးအချို့တွင် ကွန်ပျူတာနှင့်တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးနေ၍ နိုင်ငံပိုင်ငွေများ ဆုံးရှုံးနစ်နာ

မြူနစ် (NSS) - ဩဂုတ် ၁၄

မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခံရသည့် လွိုင်ကော်မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအချို့တွင် ကွန်ပျူတာ နှင့်တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးနေသည့်အတွက် နိုင်ငံပိုင်ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာနေကြောင်း သိရှိရသည်။


KNDF နှင့်  PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၁၁) ရက်တွင် (၁.၁.၁.၁) စစ်ဆင်ရေးအမည်ဖြင့် လွိုင်ကော်မြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့ကြသည်။

ယင်းကဲ့သို့ ဖော်ဆောင်သည့် တိုက်ပွဲများကြောင့် တပ်မတော်နှင့် KNDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့၏ ဌာနဆိုင်ရာရုံးများတွင် တာဝန် ထမ်းဆောင်နေသည့်ဝန်ထမ်းများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိခဲ့သည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီး လပိုင်းအကြာတွင် တပ်မတော်ဘက်က လွိုင်ကော်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ကယားပြည် နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးယန္တရားများသည်လည်း လက်ရှိတွင် ပြန်လည်လည်ပတ်နေလျက်ရှိကြောင်း သိရသည်။

သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးအချို့တွင် တန်ဖိုးကြီး ကွန်ပျူတာ၊ လက်ပ်တော့၊ မိတ္တူကူးစက်၊ ကား၊ ဆိုင်ကယ် အပါအဝင် ဌာနဆိုင်ရာပိုင်ရုံးပစ္စည်းများမှာ ပျောက်ဆုံးမှုများဖြစ်ပေါ်နေ ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ဌာနဆိုင်ရာ ရုံးများနှင့်နီးစပ်သူက NSS ကို ပြော သည်။

“ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာလည်း ပစ္စည်းတွေ ပျောက်တယ်။ ဥပဒေချုပ်ရုံးတို့၊ ခရိုင်ထွေအုပ် ရုံးမှာလည်း ပစ္စည်းတွေပျောက်တာရှိတယ်။ ဝန်ထမ်းတွေက ပြီးစလွယ်ထွက်ပြေးကြတော့ အဲဒါတွေ လည်း ပါတာပေါ့။ အဲဒီရုံးတွေက တိုက်ပွဲကျသွားတဲ့အထဲမှာ မပါဘူးလေ။ ရုံးပစ္စည်းတွေ မိတ္တူကူးစက် တွေဆိုရင် သိန်း (၁၅၀)၊ (၂၀ဝ)တန်တဲ့ဟာတွေ၊ လက်ပ်တော့တွေ ပျောက်နေတာရှိတယ်။ နိုင်ငံတော်ပိုင် ပိုက်ဆံတွေ အလဟဿဆုံးရှုံးတာပေါ့။ ပျောက်ဆုံးနေတဲ့ ပစ္စည်းတွေ တော်တော်များများရှိတယ်။ အဓိကတော့ ကွန်ပျူတာတွေ၊ လက်ပ်တော့တွေ၊ ဆိုင်ကယ်တွေ၊ အဲဒီရုံးတွေမှာရှိတဲ့ ကားတွေပါ ပျောက် ကုန်တာ။ (၁.၁.၁.၁) ကာလအတွင်းမှာ ဖြစ်သွားတာ။ အဲဒီ ရုံးတွေကို သူပုန်မသိမ်းနိုင်လိုက်ဘူး။ သူပုန် မသိမ်းနိုင်တဲ့ နေရာတွေမှာပါ အဲဒီလိုတွေဖြစ်တာ။ သူပုန်သိမ်းသွားတဲ့ဟာတွေ ဆိုရင်တော့ ပြောမနေ နဲ့တော့။ ပြီးတော့ သူနာပြုကျောင်းထဲမှာရှိတဲ့ ကွန်ပျူတာတွေ အကုန် အခိုးခံရတယ်လို့ ကြားတယ်။ သတင်းကြားတာဆိုရင် ကွန်ပျူတာတက္ကသိုလ်ဆိုရင် အလုံးရေ (၅၀ဝ)ကျော် ပျောက်နေတယ်လို့ ကြားတယ်” ဟု လွိုင်ကော်မြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများနှင့်နီးစပ်သူက ပြောသည်။

လွိုင်ကော်တွင်အခြေစိုက်သော ပြန်ကြားရေး ဝန်ကြီးဌာနရုံး၌ ရုံးသုံးပစ္စည်းမျိုးစုံအပြင် အဆိုးရွား ဆုံးခိုးယူခံရမှုအဖြစ် ရွေ့လျားစာကြည့်တိုက်ကား၏ အင်ဂျင်တုံးကိုပါ စနစ်တကျဖြုတ်ယူခံရခြင်းမျိုး ဖြစ်သည်။ ဌာနအကြီးအကဲတစ်ဦးက ထုတ်ပြလာသော ဓာတ်ပုံမှတ်တမ်းအရ အများပြည်သူဝန်ဆောင်မှုပေး သော မိုဘိုင်းကား၏အင်ဂျင်ခန်းသည် မည်သည့်ပစ္စည်းမှ မရှိတော့သည့်အပြင် ပြန်လည်သုံးစွဲရသော ကားအစိတ်အပိုင်းကောင်းကောင်းတစ်ခုမှ ကျန်ရှိတော့ခြင်းမရှိသည်ကို တွေ့ရသည်။     

အလားတူ လွိုင်ကော်မြို့တောင်ဘက်ခြမ်း၊ အရပ်သားပြည်သူပိုင်နေအိမ်များရှိ အိမ်တွင်းပစ္စည်းများသည်လည်း ခိုးယူခံရမှုများရှိနေကြောင်း သိရသည်။ “လွိုင်ကော်တောင်ဘက်ခြမ်းက တိုက်ပွဲကျ မသွားဘူးလေ။ မကျသွားတဲ့ ကပ်လျက်ကအိမ်တွေ ကို သွားကြည့်လိုက် ဘာမှမရှိတော့ဘူးလေ။ မီးဖိုချောင် သုံးပစ္စည်းတွေ၊ အဝတ်အစားတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေဆိုရင် အရင်ဆုံးခိုး၊ ရေခဲသေတ္တာတွေ၊ တီဗီတွေကိုပါ ခိုးတာ။ နောက်ပိုင်းကျ ခိုးစရာမရှိရင် အိမ်ထဲမှာရှိတဲ့ ပရိဘောဂတွေကိုပါ ခိုးပြီးရောင်းတာ။ အဲဒီအိမ်တွေထဲမှာလည်း ပစ္စည်းတွေက ဘာမှကို မကျန်တော့ဘူး။ ပြည်သူလူထုက ပြန်လာရင် ငိုမှာ”ဟု ၎င်း က ဆက်လက်ပြောသည်။

လွိုင်ကော်မြို့တွင် KNDF ပူးပေါင်းအဖွဲ့ ဖော်ဆောင်သည့် မြို့သိမ်းတိုက်ပွဲကြောင့် အရပ်သား ပြည်သူလူထု၏ နေအိမ်များစွာအပါအဝင် ဌာနဆိုင်ရာရုံးအချို့သည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ (၁.၁.၁.၁)စစ်ဆင်ရေးကာလအတွင်း လွိုင်ကော်မြို့၏ (၇၀)ရာခိုင်နှုန်းခန့်သည် တိုက်ပွဲများ ကြောင့် ပျက်စီးထိခိုက်ခဲ့ရပြီး ဒေသခံစစ်ဘေးရှောင် ပြည်သူလူထုသည်လည်း လက်ရှိအချိန်အထိ နေရပ်သို့ အလုံးစုံပြန်လည်အခြေချနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပါမစ်မြေများ ဂရန်ပြောင်းလျှောက်ခွင့် ရပ်ဆိုင်းသည်ဆိုသောသတင်းကြောင့် ပြည်သူ့ အကျိုးစီးပွား နစ်နာနိုင်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved