Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တပ်မတော် နှင့် PDF တို့၏ ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS အဖွဲ့ ထုတ်ဖော်ပြောဆို

မျိုးကြီး (NP News) - ဧပြီ ၃


တပ်မတော်နှင့် PDF တို့၏ ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS/SSA အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။


ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော RCSS/SSA အဖွဲ့သည် ယနေ့(ဧပြီလ ၃ ရက်)တွင် ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အထက်ပါကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။


တပ်မတော်သည် RCSS/SSA အဖွဲ့ကို တိုက်ပွဲအတွင်း ဆွဲသွင်းလာသည်ဟုဆိုကာ အင်းလေး PDF မှ ပြောဆိုမှုသည် မှန်ကန်မှုမရှိဘဲ ကောလာဟလသတင်းသာဖြစ်ကြောင်း RCSS က ပြန်လည်တုံ့ပြန်ထားသည်။


ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)သည် ရှမ်းပြည်တောင်ပိုင်း၌ဖြစ်ပွားသည့် PDF နှင့် တပ်မတော်တို့၏ တိုက်ပွဲများအတွင်းသို့ ပါဝင်ရှုပ်ထွေးရန် ရည်ရွယ်ချက်မရှိကြောင်း အသိပေးပြောဆိုထားသည်။


ထို့ပြင် ဒေသခံပြည်သူများကို ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူမဆန်သောလုပ်ရပ်များကိုလည်း RCSS/SSA အနေဖြင့် ကန့်ကွက်ရှုံ့ချကြောင်း ပြောဆိုထားသည်။


RCSS/SSA အနေဖြင့် NCA စာချုပ်အပေါ် ရပ်တည်ကာ နိုင်ငံရေးဆွေးနွေးမှုများကို ဆောင် ရွက်လျက်ရှိပြီး စီးပွားရေးအခွင့်အရေးများကြောင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း မဟုတ်ကြောင်းလည်း ဖြေရှင်းထားသည်။


နိုင်ငံရေးဆွေးနွေးမှုကြောင့် ပြည်သူလူထုနှစ်ပေါင်းများစွာ ကြုံတွေ့လာခဲ့သည့် တိုက်ပွဲများကို လျှော့ချနိုင်ပြီး တည်ငြိမ်အေးချမ်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တည် ထောင်နိုင်ရန် ကောင်းကျိုးများရှိသည်ဟူသော ရည်ရွယ်ချက်ဖြင့် NCA ကို လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း RCSS/SSA က ဆိုသည်။


ထို့ပြင် RCSS/SSA သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေး နွေးခြင်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ထုတ်ဖော်အသိပေးထားသည်။


လက်ရှိတွင် RCSS/SSA သည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။


အလားတူ နစက၏ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသော EAO (၇)ဖွဲ့အကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင်လည်း RCSS/SSA အနေဖြင့် ဦးဆောင်ပါဝင်လျက်ရှိသည်ကို တွေ့ရှိရသည်။

zawgyi version
























Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တင်းမာမှုများရှိနေချိန်တွင် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved