Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
‘ထရမ့်’ ဒုတိယအကြိမ် သမ္မတဖြစ်လာတဲ့အခါ နိုင်ငံခြားရေးမူဝါဒ ဘယ်လိုရှိလာနိုင်လဲ (ဘာပြန်ဆောင်းပါး)

Alynn (NSS) - ဩဂုတ် ၂

အမေရိကန်သမ္မတ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ဒေါ်နယ်ထရမ့် သမ္မတရာထူး ပြန်လည်ရရှိနိုင် ခြေနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးက စတင်စဉ်းစားနေ ပြီဖြစ်သည်။ မကြာသေးမီကပင် ၎င်း၏ ပြိုင်ဘက် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကလည်း သမ္မတရွေး ကောက်ပွဲမှနုတ်ထွက်သွားပြီဖြစ်ရာ ၎င်းအတွက် အခွင့်အလမ်း ပိုမိုများပြားလာခဲ့သည်။ ထို့ကြောင့် အမေရိကန်ပြည်သူများက ထရမ့် သမ္မတဖြစ်လာမည့် အရေးနှင့်ပတ်သက်၍ ကြိုတင်သုံးသပ်ချက်များဟော ကိန်းထုတ်နေကြသလို ကျန်ကမ္ဘာတစ်ဝန်းလုံးကမူ ထရမ့်ကျင့်သုံးမည့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ အပေါ် ပိုမိုစိတ်ဝင်စားနေကြသည်။ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်သည် တရုတ်၊ နေတိုး၊ ယူကရိန်းနှင့် ဂါဇာတို့တွင် ၎င်း၏မူဝါဒအချို့ကို အရိပ်အမြွက် ပြောထားပြီးဖြစ်သည်။ 

ကာကွယ်ရေးကဏ္ဍနှင့် နေတိုး

ထရမ့်သည် ၎င်း၏သမ္မတသက်တမ်းအတွင်း ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ခဲ့ပြီး အာကာသအတွင်းပြိုင်ဆိုင်မှုများကို ကိုင်တွယ် ဖြေရှင်းရန် သီးခြားလက်နက်ကိုင် တပ်ဖွဲ့ဌာနခွဲတစ်ခု ကို ဖန်တီးခဲ့သည်။ တရုတ်၊ ရုရှားတို့နှင့် အင်အား ပြိုင်ဆိုင်မှုကို အာရုံစိုက်ရန် အမေရိကန်၏ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးဗျူဟာကို ပြန်လည်ဖြည့် တင်းခဲ့ပြီး စစ်အေးခေတ် ကာကွယ်ရေးမဟာမိတ် ဖြစ်သည့် နေတိုးကိုစွန့်လွှတ်ရန် ဥရောပမဟာမိတ်များ ကိုလှုံ့ဆော်ခဲ့ဖူးသည်။ ထရမ့်၏ ပထမသက်တမ်းအတွင်း နေတိုးနှင့်ဆက်ဆံရေးတွင် ရှုပ်ထွေးမှုများစွာရှိခဲ့သည်။ (၂၀၁၇) ခုနှစ် ဇန်နဝါရီလတွင် နေတိုး အဖွဲ့အစည်းကို အသုံးမဝင်တော့ကြောင်း ကြေညာပြီး နောက်ယင်းကို ပြန်လည် ရုပ်သိမ်းခဲ့ပြန်သည်။ သို့သော် ထိုအချိန်ကတည်းက အမေရိကန်နှင့် နေတိုးမဟာမိတ်များအကြား ဆက်ဆံရေးတွင် ထိခိုက်မှုများ ရှိလာခဲ့ပြီး ယခုအချိန်ထိတိုင်အောင်လည်း အေးခဲနေ ဆဲဖြစ်သည်။

အကယ်၍ ထရမ့် ပြန်လည်အရွေးခံရပါက နေတိုးအဖွဲ့ထံထောက်ပံ့မြဲဖြစ်သည့် အမေရိကန်၏ရန်ပုံငွေများကို ဖြတ်တောက်မည်ဖြစ်ကြောင်း သို့မဟုတ် ၎င်း၏ သဘောတူစာချုပ်ပါ ပုဒ်မ (၅)ကို ရပ်တည်ခြင်းမရှိကြောင်း အရိပ် အမြွက်ပြောထားသည်။ ယင်းပုဒ်မက နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရတိုက်ခိုက်ခံရပါက အခြားအဖွဲ့ဝင် များကပါ အကူအညီပေးမည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤပုဒ်မက လတ်တလော စစ်ရေး ပဋိပက္ခများရှိနေသော ဥရောပတစ်ခွင်အတွက် စိုးရိမ်စရာဖြစ်လာနေသည်။ အချို့သော ဥရောပမဟာမိတ် များသည် ထရမ့်၏ အစောပိုင်းသတိပေးချက်များကို ဂရုပြုကြပြီး ယခုအခါ ၎င်းတို့၏ ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်လာကာ အချို့ကိစ္စများတွင် ရုရှားကိုဟန့်တားနိုင်ရန် စစ်အင်အားစုဆောင်းခြင်းနှင့် အရန်တပ် အရေအတွက် တိုးမြှင့်ခြင်းများကိုပါ လုပ် ဆောင်လာကြသည်။

ထရမ့်၏ရည်ရွယ်ချက်မှာ ဥရောပမဟာမိတ်များ၏ စစ်ရေးစွမ်းရည်နှင့်အသုံးစရိတ်များကို တိုးမြှင့်ရန် ဖြစ်သည့် အားလျော်စွာ ထိုကဲ့သို့ မဟာမိတ်အချို့က ၎င်း၏ဆန္ဒနှင့်အညီ လိုက်ပါလုပ်ဆောင်လာကြသည့်အတွက် ထရမ့်၏ ရည်မှန်းချက်များ အောင်မြင်နေပြီ ဟုပင်မှတ်ယူနိုင်သည်။ ထရမ့်သည် နေတိုးမဟာမိတ်များကို ကာကွယ်ရေးတွင် ပိုမိုသုံးစွဲရန်တောင်းဆိုသည့် ပထမဆုံး အမေရိကန်သမ္မတမဟုတ်သော်လည်း အမှန်စင်စစ်အားဖြင့် နေတိုးအတွက် အမေရိကန်သမ္မတအများစု၏ တူညီသောသတင်းစကား အဖြစ်ရှိခဲ့သည်။ ထရမ့်၏ ကွဲပြားသွားသော အချက်မှာ ၎င်း၏ မှတ်ချက်များမှာ ပြင်းထန်နေပြီး ၎င်း၏တိုက် တွန်းမှုက ခြိမ်းခြောက်သည့်ပုံစံဖြစ်နေခြင်းဖြစ်သည်။

အလားအလာရှိသော ထရမ့်၏ ဒုတိယသက် တမ်းအုပ်ချုပ်ရေးတွင် ဥရောပမဟာမိတ်များအတွက် ရပ်တည်လို သောသူ အရေအတွက် အနည်းငယ်သာ ခန့်အပ်ရန် ဆန္ဒရှိမြဲဖြစ်သည်။ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ ထရမ့်၏ လိုလားချက်နှင့် လုံးလုံး လျားလျားကိုက်ညီမည့် ခန့်အပ်ခံရာထူးအချို့အတွက် ရွေးချယ်ရန် အထူးဌာနတစ်ခုကိုလည်း ဖွဲ့စည်းထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။ 

တရုတ်

ဉာဏပစ္စည်းခိုးယူမှု၊ ငွေကြေးဆိုင်ရာ ကြိုးကိုင်မှု၊ ပို့ကုန်နှင့် အခြားကုန်ပစ္စည်းများတွင် ဈေးကစားခြင်းများ၊ စီးပွားရေးသူလျှိုလုပ်မှုများနှင့်ပတ်သက်၍ ထရမ့်က တရုတ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ပြင်ဆင်ခဲ့ဖူး သည်။ အမေရိကန် အလုပ်သမားများကို အကာအကွယ်ပေးရန်နှင့် အမေရိကန်၏ကြီးမားသောကုန် သွယ်လိုငွေပြမှုကိုလျှော့ချရန် ပြင်းထန် သည့် တုံ့ပြန်မှု များလုပ်ဆောင်ရန်လိုအပ်ကြောင်း ထရမ့်ကဖော်ပြခဲ့သည်။

၎င်း၏ ယခင်သက်တမ်းတွင် ထရမ့်သည် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုနှင့် နှစ်နိုင်ငံကြားဆက်ဆံ ရေးကို ပြောင်းလဲရန် လိုအပ်သည်များကို အကြီးအကျယ်အာရုံစိုက်ခဲ့သည်။  ပထမသက်တမ်းအတွင်း သမ္မတလောင်းဘဝမှာ ရော၊ သမ္မတအဖြစ်မှာပါ ထရမ့်သည် အမေရိကန်နှင့်တရုတ်နိုင်ငံကြား နိုင်ငံခြားရေးမူဝါဒ သဘောထားပြိုင်ဆိုင်မှု များအတွင်း ပြောင်မြောက်သောအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ သည်။ (၂၀၂၀) ပြည့်နှစ် ဇန်နဝါရီလတွင် ထရမ့်သည် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ဒေါ်လာ (၃၆၀) ဘီလီယံ (ပေါင် ၂၆၈ ဘီလီယံ) နီး ပါးကြေညာခဲ့ပြီး အမေရိကန်ပြည်သူများကို အမေရိ ကန်ကုန်ပစ္စည်းများကိုသာဝယ်ယူရန် အားပေး တိုက်တွန်းခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ စီးပွားရေးပြိုင်ဆိုင်မှုများသည် အမေရိကန်နှင့်တရုတ် စီးပွားရေးနှစ်ခုစလုံးကို အမှန်တကယ် ထိခိုက်နစ်နာ စေခဲ့သည်။

ထရမ့် အိမ်ဖြူတော်သို့ပြန်လာခဲ့ပါက တရုတ်နိုင်ငံဘက်သို့ ခက်ခဲသောချဉ်းကပ်မှုများဖြင့် ပြန်သွား နိုင်ဖွယ်ရှိ နေသည်။  Time မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ၎င်းက တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် (၆၀) ရာခိုင်နှုန်းကျော် ကောက်ခံရန်က ၎င်း၏အစီအစဉ်တွင် တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။ ၎င်း၏ ယခင်က အခွန်စည်းကြပ်မှုများသည် အောင်မြင်သည်ဟုယူဆ၍မရသောကြောင့် ထရမ့်သည် ထပ်မံရွေးကောက်ခံရပါက အလားတူ ပြင်းထန် သော တရုတ်ပေါ်လစီကို နောက်တစ်ကြိမ် ထပ်မံလုပ်ဆောင်နိုင်သည်ဟု ယူဆချက်များရှိနေ သည်။

ထရမ့်သည် တရုတ်နိုင်ငံအနောက်ပိုင်းရှိ နှိပ်စက်ညှဉ်းပန်းခံနေရသော မွတ်စလင် လူနည်းစုဖြစ်သည့် ဝီဂါ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပြီး အဆိုပါ လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွင် ပါဝင်ပတ်သက်နေ သည့် တရုတ်အရာရှိများကို ဒဏ် ခတ်အရေးယူရေးဆိုင်ရာဥပဒေများကို လက်မှတ်ရေး ထိုးခဲ့ဖူးသည်။ (၂၀၁၆) ခုနှစ်တွင် ထရမ့်သည် ထိုင်ဝမ်သမ္မတနှင့် တိုက်ရိုက်စကားပြောဆိုခဲ့ပြီး ယင်းလုပ်ရပ်သည် (၁၉၇၉)ခုနှစ်နောက်ပိုင်း ပထမဆုံး သော အမေရိကန်သမ္မတ သို့မဟုတ် ရွေးကောက်ခံသမ္မတ ဖြစ်လာခဲ့သည်။ ၎င်းလက်ထက်တွင် ထိုင်ဝမ်ရေ လက်ကြား၌ အမေရိကန်ရေတပ် ကင်းလှည့်မှုများကို တိုးမြှင့်ကာ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု ပိုမိုပြု လုပ်ရန် တွန်းအား ပေးခဲ့သည်။ ထို့ပြင် ထိုင်ဝမ်ကျွန်းအနေဖြင့် အမေရိကန်၏လုံခြုံရေးအကာအကွယ်ပေးမှုများအတွက် ပြန်လည် ပေးဆပ်သင့်သည်ဟု ပြောကြားခဲ့ဖူးသည်။

(၂၀၂၀) ပြည့်နှစ် ဇူလိုင်လတွင် တောင်တရုတ် ပင်လယ်ရှိ တရုတ်၏ ပိုင်နက်တောင်းဆိုမှု အားလုံး နီးပါးကို အမေရိကန်ကကန့်ကွက်ခဲ့ပြီး အငြင်းပွား ရေပိုင်နက်တွင် ဘေဂျင်း၏ ‘အနိုင်ကျင့်သည့် လှုပ်ရှားမှုအဖြစ်’ ရည်ညွှန်း ခဲ့ဖူးသည်။

ထိုသို့သော အခြေအနေအရပ်ရပ်များကြောင့် ထရမ့်အနေဖြင့် ဒုတိယသက်တမ်းတွင် ထပ်မံအနိုင်ရခဲ့ပါက တရုတ်နှင့်အမေရိကန်ကြား ဆက်ဆံရေးမှာ ဆက်လက်တင်းမာမှုများ၊ အကျပ်အတည်းများရှိနေ ဦးမည်ဖြစ်သည်။

ရုရှား

ထရမ့်၏ ပထမဆုံးအကြိမ် ရာထူးတက်လာခြင်း ကအတိုင်း နောက်တစ်ဖန်တိုးတက်လာဖွယ်ရှိသော အကြောင်း အရာတစ်ခုမှာ ထင်ရှားသောခေါင်းဆောင်များ၊ အာဏာရှင်ဆန်ဆန် ခေါင်းဆောင်များနှင့် ဆက်ဆံရေးပင်ဖြစ်သည်။ ဗလာဒီမာပူတင်မှစ၍ အာဒိုဂန်၊ ကင်ဂျုံအန်အထိ ထရမ့်နှင့် အဆိုပါခေါင်းဆောင်များ အကြားဆက်ဆံရေးမှာ ကောင်း မွန်ခဲ့သည်ဟု မှတ်ယူနိုင်သည်။ ထိုခေါင်းဆောင်များနှင့် ထရမ့်အကြား ဆက်ဆံရေးတွင် ထရမ့်၏ဩဇာ ညောင်းခဲ့ သည်ဟု အချို့ကသတ်မှတ်ခဲ့ကြသည်။ ထရမ့်၏ “ယူကရိန်းစစ်ပွဲကို တစ်ရက်အတွင်းဖြေရှင်းနိုင်သည်” ဟူသော ထုတ်ပြန်ချက်များကဲ့သို့ ပြောဆိုမှုများက ၎င်း၏ဩဇာသက်ရောက်နိုင်စွမ်းကို ဖော်ညွှန်းနေသည်။ 

ထရမ့်က ၎င်းပြန်အရွေးခံရပါက ယူကရိန်းနိုင်ငံ အတွက် အမေရိကန်၏အကူအညီများ ထပ်မံပေး အပ်ရန် ကတိကဝတ်ပြုမည်မဟုတ်ကြောင်း၊ ထို့ကြောင့် ဥရောပနိုင်ငံများအနေဖြင့် ၎င်းတို့ဘာသာ အလှူငွေများတိုးမြှင့်ရန်လို အပ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။ ၎င်းသမ္မတဖြစ်စဉ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပိုမိုနွေးထွေး သောဆက် ဆံရေးကိုမွေးမြူထားသော်လည်း မော်စကို ကို  အရေးယူပိတ်ဆို့မှုများတိုးမြှင့်ခဲ့သလို အဓိက လက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်မှလည်း နုတ်ထွက်ခဲ့ဖူးသည်။ (၂၀၁၉) ခုနှစ်က ထရမ့်သည် (၁၉၈၇) ခုနှစ်တွင်ချုပ်ဆိုခဲ့သော ရုရှားနှင့်အမေရိကန်အကြား တာလတ်နှင့် တာတိုပစ်ဒုံးကျည်များကိုထိန်းချုပ် ထားသည့် Intermediate-Range Nuclear Forces (INF) စာချုပ်မှနုတ်ထွက်ခဲ့ပြီး ရုရှားက စာချုပ်ချိုးဖောက်မှုများရှိနေကြောင်း စွပ်စွဲခဲ့သည်။ သို့ သော် ထရမ့်က တရုတ်လည်းပါဝင်နိုင်မည့် ရုရှားနှင့် နျူကလီးယားသဘောတူညီချက်သစ်ကို ထူထောင် ချင်ကြောင်းပြောကြားခဲ့ဖူးသည်။

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်းသို့ ထရမ့်၏ချဉ်းကပ်မှုသည် အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားကို အခိုင်အမာ ထောက်ခံ ခြင်းနှင့် အီရန်အပေါ် ထိပ်တိုက်ရင်ဆိုင်မည့် ရပ်တည်ချက်အဖြစ် သတ်မှတ်ဖော်ပြနိုင်သည်။ ၎င်းက ဒေသတွင်း ငြိမ်းချမ်း ရေးသဘောတူညီချက်ကို ကြားဝင်ဆောင်ရွက်ပေးရန်နှင့် အစ္စလာမ္မစ်အကြမ်းဖက်အုပ်စုများကိုချေမှုန်းရန် ကြွေးကြော် ထားသည်။

ထရမ့်သည် ၎င်း၏လက်ထက်တွင် အမေရိကန် သံရုံးကို Tel Aviv မှ ဂျေရုဆလင်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြင့် မွတ်စလင်ခေါင်းဆောင်များ၏ဝေဖန်မှုကို လှုံ့ဆော်ခဲ့သည်။ ဂျေရုဆလင်ကို ပါလက်စတိုင်းနှင့် အစ္စရေးတို့က ၎င်းတို့၏မြို့တော်အဖြစ် တောင်းဆိုထားသည်။ သို့သော် မကြာသေးမီကမူ အစ္စရေးဝန် ကြီးချုပ်ဘင်ဂျမင်နေ တန်ယာ ဟုကို မကျေနပ်ကြောင်း၊ ၎င်း၏ခေါင်းဆောင်မှုကို ထရမ့်က ထုတ်ဖော်ပြော ကြားခဲ့သည်။ ၎င်း၏ ပထမသက်တမ်းတွင် ဤအမွေ များကိုချန်ထားခဲ့သောကြောင့် ဒုတိယသက်တမ်း တွင် ထရမ့်အနေဖြင့် ဂါဇာရှိ လက်ရှိပဋိပက္ခအတွက် ညှိနှိုင်းမှုများဆောင်ရွက်နိုင်ရန် ပါဝင်ပတ်သက်သူများ ကို စုစည်းရန်နှင့်ပတ်သက်ပြီး အခက်ကြုံနိုင်သည်။

ထရမ့်အနေဖြင့် တစ်ချိန်က အီရန်၏ခြိမ်း ခြောက်မှုများကို အထူးအာရုံစိုက်ခဲ့သည်။ ယခုအချိန်တွင်လည်း ထရမ့်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ကို ခြိမ်းခြောက်ခြင်းအတွက် သတိပေးသော အီရန်ခေါင်းဆောင်ပိုင်း ကိုရည်ရွယ် သည့် တွစ်တာပိုစ့် တစ်ခုကို ပြန်လည်တင်ခဲ့ရာ ဒုတိယသက်တမ်းတွင်လည်း အီရန်အပေါ်ရန်လိုသည့် အနေ အထားဖြင့်သာ တုံ့ပြန်နိုင်ဖွယ်ရှိကြောင်း တွေ့မြင်ရသည်။

အချုပ်အားဖြင့်ဆိုရလျှင် ထရမ့်သည် (၂၀၂၄) အမေရိကန်သမ္မတရွေးကောက်ပွဲတွင် တစ်ပြေးနေ သောသမ္မတ လောင်းဖြစ်သည်။ ထရမ့်အနေဖြင့် ဒုတိယသက်တမ်းကို လက်လှမ်းရယူနိုင်မည်ဆိုပါက ၎င်း၏ နိုင်ငံခြားရေးမူဝါဒမှာ အခြေခံသဘောတရား အားဖြင့်တော့ ကွာခြားလိမ့်မည်မဟုတ်သော်လည်း ၎င်း၏တုံ့ပြန်မှုများမှာမူ ယခင်နှင့်မတူ ပြင်းထန်ခြင်းလည်း ဖြစ်ကောင်းဖြစ်တန်သလို ပရိယာကြွယ်ဝစွာ ဖြင့်လည်း ၎င်း၏မူဝါဒများကို ဆက်လက်ကျင့်သုံး သွားနိုင်ဖွယ်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . (အပိုင်း - ၂)(အင်တာဗျူး)

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved