အိန္ဒိယက အမေရိကန်နိုင်ငံရဲ့မဟာမိတ်နိုင်ငံဘယ်တော့မှဖြစ်လာဖွယ်မရှိဟု အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၁
အိန္ဒိယနိုင်ငံဟာ ဂရိတ်ပါဝါနိုင်ငံဖြစ်ပေမယ့် အမေရိကန်နိုင်ငံရဲ့မိတ်ဖက်၊ မဟာမိတ်အဖြစ် ဘယ်တော့မှဖြစ်လာမှာမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကုတ်ကမ်းဘဲလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေး ထိန်း သိမ်းနိုင်ရေးဟာ မဟာဗျူဟာမြောက်အရေးကြီးကြောင်း ၎င်းကထပ်မံပြောဆိုခဲ့ပါတယ်။ ကမ်းဘဲလ်က "အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံအတွက် အပြန်အလှန်ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းဖို့ အရေးကြီးနေပါတယ်။ အိန္ဒိယနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ဆန္ဒရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ဂရိတ်ပါဝါ နိုင်ငံဆိုတာ စိတ်ထဲမှာ မှတ်ထားဖို့လိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့မဟာမိတ်၊ မိတ်ဖက် နိုင်ငံဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး၊ အိန္ဒိယနိုင်ငံဟာ ယူကရိန်းနိုင်ငံနဲ့တိုက်ရိုက် စေ့စပ်ဆွေးနွေးနိုင်မယ်လို့မျှော်လင့်နေပါတယ်"လို့ ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ဇူလိုင်အစောပိုင်းမှာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံဟာ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ဖိအားပေးမှုတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ရုရှားနဲ့ အပြန်အလှန်ဆက်ဆံရေးကောင်းမွန်စေဖို့ ဆက်ထိန်းသိမ်းခဲ့ပြီး နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုများမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ ရုရှားနဲ့အိန္ဒိယနိုင်ငံကြား အပြန် အလှန်ဆက်ဆံရေးတိုးတက်ကောင်းမွန်လာခြင်းဟာ ရုရှားနိုင်ငံကိုဖိနှိပ်ဖို့ ကြိုးပမ်းနေတဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကိုထိုးနှက်ချက်ဖြစ်လာစေခဲ့ကြောင်းသိရပါတယ်။ ရုရှားဟာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရီကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့ ဖိအားများရင်ဆိုင်နေရချိန်မှာ ကမ္ဘာလူဦးအရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတို့ နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းတွင် ပျံနှံ့နေသော မယ်နုအုတ်ကျောင်း ဓာတ်ပုံနှင့်ပတ်သက်၍ ရှေးမူမပျက်ထိန်းသိမ်းခြင်းဖြစ်ကြောင်း တာဝန်ရှိသူပြော
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ