Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘီလာရုစ်သမ္မတလူကာရှန်ကိုက သေဒဏ်ချမှတ်ခံရသော ဂျာမန်အမျိုးသားကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ALynn (NSS) - ဇူလိုင် ၃၁

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုသည် အကြမ်းဖက်မှုနှင့် အခြားစွဲချက်များဖြင့် သေဒဏ်ချမှတ်ခံထားရသည့် ဂျာမန်နိုင်ငံသား Rico Krieger အား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း BelTA နိုင်ငံပိုင် သတင်းအေဂျင်စီက အင်္ဂါနေ့ (ဇူလိုင်လ ၃၀ ရက်) တွင် ဖော်ပြခဲ့သည်။ မီဒီယာများ၏ဖော်ပြချက်အရ Minsk တရားရုံးသည် အသက် ၂၉ နှစ်အရွယ် Krieger အား ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၆ အရ အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) ၏အမိန့အရ ရထားလမ်းပေါ်တွင် အကြမ်းဖက်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ဘီလာရုစ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။


“သူစွဲချက်တင်ခံထားရတဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခြင်းကြောင့် Krieger ကို အပြည့်အဝ စီရင်ချက်ချမှတ်ထားပါတယ်” ဟု KGB စုံစမ်းစစ်ဆေးရေးဌာန၏ လက်ထောက်အကြီးအကဲ Aleksandr Grib က အင်္ဂါနေ့တွင် Lukashenko နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ဖော်ပြခဲ့သည်။ ဂျာမန်အမျိုးသားသည် “လူထုခေါင်းဆောင်လုပ်ဆောင်မှု၊ အေးဂျင့်လုပ်ဆောင်မှု၊ အကြမ်းဖက်မှုလုပ်ရပ်၊ အစွန်းရောက်ဖွဲ့စည်းမှုဖန်တီးမှု၊ ယာဉ် သို့မဟုတ် ဆက်သွယ်ရေးလိုင်းများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှု၊ လက်နက်ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဆက်စပ်ပြီး တရားမ၀င် ဆောင်ရွက်မှု”အစရှိသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်းသိရသည်။

Belarus-1 နိုင်ငံပိုင်မီဒီယာနှင့် အင်တာဗျူးတွင် Krieger က SBU သည် Belarus ရှိ စစ်ဘက်ဆိုင်ရာ နေရာများကို ဓာတ်ပုံရိုက်ရန်နှင့် မြို့တော် Minsk အနီးရှိ ရထားလမ်းပေါ်တွင် ဖောက်ခွဲရေး ပစ္စည်းများ ထားရှိရန် အမိန့်ပေးခဲ့သည်ဟု Krieger က ပြောကြားခဲ့သည်။ ဖောက်ခွဲရေးပစ္စည်းများ ပေါက်ကွဲသွားသော်လည်း ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။ 

ပေါက်ကွဲမှုအပြီးတွင် Krieger သည် အဇာဘိုင်ဂျန်နိုင်ငံ Baku သို့ ပျံသန်းရန် စီစဉ်ခဲ့သော်လည်း ဘယ်လာရုစ် အထူးတပ်ဖွဲ့များက ထိန်းသိမ်းခဲ့သည်။ ဂျာမန်နိုင်ငံသားက သူ့လုပ်ရပ်အတွက် နောင်တရပြီး Lukashenko ထံမှ လွတ်ငြိမ်းချမ်းသာခွင့် ရမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ Krieger သည် အဆိုပါ စီရင်ချက်ကို ချက်ခြင်း အယူခံဝင်ခြင်းမရှိကြောင်း သိရသည်။ ဇူလိုင်လ ၃၀ ရက်နေ့တွင်၎င်းသည် ဘယ်လာရုစ်သမ္မတထံ တရားဝင်လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုခဲ့သည်။

"အခြေအနေအားလုံးကိုထည့်သွင်းစဉ်းစားပြီး Krieger ၏ တောင်းဆိုချက်ကို ခွင့်ပြုရန် နိုင်ငံတော် အကြီးအကဲသည်ဆုံးဖြတ်ချက်ချခဲ့သည်" ဟု BelTA ကရေးသားခဲ့သည်။ Krieger ၏ LinkedIn ပရိုဖိုင်ကို ကိုးကား၍ မီဒီယာအစီရင်ခံချက်များအရ ၎င်းသည် ယခင်က ဂျာမန်ကြက်ခြေနီအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းအဖြစ်နှင့် ဘာလင်မြို့ရှိ အမေရိကန်သံရုံးတွင် လုံခြုံရေးအရာရှိအဖြစ် ယခင်က လုပ်ဆောင်ခဲ့ဖူးကြောင်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကာ/လုံအစည်းအဝေးကို အဖွဲ့ဝင်(၆)ဦးဖြင့် ကျင်းပပြီးနောက် အရေးပေါ်ကာလသက်တမ်းကို (၆)လ ထပ်မံတိုးမြှင့်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved