Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပို့ကုန်ရငွေရှိလျှင် EV ကားများကို ဦးစားပေးတင်သွင်းခွင့်ပြုမည့် မူဝါဒကြောင့် ပြည်တွင်းသို့ ကားရောက်ရှိမှုအစီးရေ ပိုလာနိုင်

ယွန်း (NSS) - ဇူလိုင် ၃၁

ပို့ကုန်ရငွေ (Export Earning) ရှိလျှင် EV ကားများကို ဦးစားပေးတင်သွင်းခွင့်ပြုမည်ဆိုသော မူဝါဒကြောင့် ပြည်တွင်းသို့ ကားရောက်ရှိမှု အစီးရေ ပိုလာနိုင်‌ကြောင်း ကားလုပ်ငန်းရှင် အသိုင်းအဝိုင်းထံ ဆက်သွယ်မေးမြန်းထား သည့် အချက်အလက်များအရ သိရသည်။


နိုင်ငံအတွက် ဦးစားပေးတင်သွင်းရန် လိုအပ်သည့်ကုန်ပစ္စည်းများ တင်သွင်းနိုင်ရန်ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ လျှပ်စစ်သုံးယာဉ်(Electric Veh- icle) များကို ပို့ကုန်ရငွေ (Export Earning) ရှိလျှင် ဦးစားပေးတင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းက အသိပေးကြေညာခဲ့သည်။

ထို့ကြောင့် ကိုယ်ပိုင် Export ရှိသည့် ကားတင်သွင်းသူများအနေဖြင့် ပို့ကုန်ရငွေဖြင့် EV ကားများကို FESC (ဦးဆောင်ကော်မတီ) ၏ခွင့်ပြုချက်ကို တန်း စီစောင့်ရန်မလိုဘဲ တင်သွင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ “ကားတင်သွင်းတဲ့သူက လူနည်းစုပဲရှိတယ်။ ကားကတော့ ခုလက်ရှိမှာ EV ပဲတင်သွင်းလို့ရတော့ ပုံမှန် FESC မှာတန်းစီရတယ်။ ကိုယ်ပိုင် Export Earn­ing ရှိရင်တော့ ဒီဘက်မှာသုံးခွင့်ပေးမယ်ဆိုရင်တော့ FESC တန်းမစီရ ဘူးဆိုတဲ့ ခေါင်းစဉ်မျိုးပေါ့။ ဒါပေမဲ့ ကိုယ်ပိုင် Export ရှိတဲ့သူကတော့ Ready to go ပေါ့။  လူနည်းစုပဲဆိုတော့ သွင်းချင် တဲ့သူကတော့ Export လုပ်လာမှာပဲလေ။ သူကိုယ်တိုင်မလုပ်ရင်တောင် ပါတနာကုမ္ပဏီနဲ့ MOU ထိုးပြီးလုပ်လို့ရတယ်။ ပြောင်း၊ စပါးဝယ်ပြီး Export လုပ်လို့ရတယ်။ သွင်းချင်ရင် ကြိုးစားဆိုတဲ့သဘောပေါ့” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က NSS ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း EV လူစီး မော်တော်ယာဉ်နှင့် ကုန်တင်(ဝန်ပေါ့) ယာဉ်အစီးရေ (၁၈၈၈) စီး မှတ်ပုံတင်ခွင့်ပြုထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီး ဌာန၏ မှတ်ပုံတင်ထားသည့် ယာဉ်အမျိုးအစားစာရင်းများအရ သိရသည်။

EV ကားတင်သွင်းနိုင်ရေးအတွက် FESC မှ တစ်နှစ်လျှင်တင်သွင်းရမည့်ပမာဏကို သတ်မှတ်ထားပြီး အထက်ပါ ကြေညာချက်ကြောင့်ယခင်က တစ်နှစ်လျှင် ကားအစီးရေ ၅၀ တင်သွင်းသည့်ကုမ္ပဏီ အနေဖြင့် အစီးရေ ၁၀ဝ အထိ တင်သွင်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ Export လုပ်မယ်။ Export Earning သူ့ နာမည်နဲ့ထွက်လာတယ်ဆိုရင် FESC ကလည်း စောင့်လို့ရသလို ဒီဘက်မှာလည်း ထွက်လာတဲ့ Amount အတိုင်း တင်သွင်းလို့ရမှာပေါ့နော်။ မရှိတဲ့ သူကတော့ FESC အလှည့်ကျ စောင့် ရမှာပေါ့။ Export Earning ရှိရင်တော့ ပိုမိုတင်သွင်းခွင့်ပေး ထားတဲ့သဘောပေါ့။ ပိုမိုတင်သွင်းခွင့်ဆိုတာက ဦးဆောင် ကော်မတီကခွင့်ပြုထားတဲ့ တစ်နှစ်စာ ဘယ်လောက်တင်သွင်းရမယ်ဆိုတာထက်တော့ ကျော်ပြီး တင်သွင်းလို့တော့ မရဘူး။ Export Earning နဲ့ ဆိုရင် ဦးစားပေးတင်သွင်းလို့ရသွားတဲ့ သဘောပေါ့။ ဥပမာပြောရမယ်ဆိုရင် အရင်က လူစီး ၅၀ဝ တင် သွင်းခွင့်ပေးထားတဲ့ကုမ္ပဏီက FESC စောင့်လို့ တစ် နှစ်လုံးမှ ၅၀ ပဲတင်သွင်းနိုင်ရင် Earning ရှိရင်တော့ ၁၀ဝ လည်းဖြစ်မယ်၊ ၁၅၀ လည်း ဖြစ်မယ်။ စောင့်ချင် ရင်လည်း စောင့်လိုရတယ်။ မစောင့်ချင်ရင်လည်း Earning နဲ့သွင်းလို့ရတယ်”ဟု ကိုကျော်စွာထွန်းမြင့်က ပြောသည်။

EV ကားများ စတင်တင်သွင်းခွင့်ပြုသည့်အချိန် မှစ၍ လက်ရှိ ၂၀၂၄ ခုနှစ် မေလကုန်အထိ ကားစီးရေ (၄၃၀ဝ) ကျော်ရှိနေပြီး လက်ရှိတင်သွင်းထားသော ကားအမျိုးအစားများထဲတွင်လည်း တိုယိုတာ (၉၆၁) စီး၊ BYD (၆၇၁) စီးနှင့် MG (၅၄၂) စီးဖြင့် အစဉ် လိုက်ဦးဆောင်နေကြောင်း သိရသည်။

“ဒီ‌ခေါင်းစဉ်လေးတစ်ခုနဲ့တော့ ကားလောက ကြီးတစ်ခုလုံးကို ပြောင်းလဲသွားလိမ့်မယ်တော့ မထင် မိဘူး။ ပို့ကုန်ဆိုတာကလည်း ပစ္စည်းပို့လိုက်ပါဆိုပြီး ပြောလို့ရတဲ့အလုပ်မဟုတ်ဘူးလေ။ Export Ear­n­i­ng ပြလိုက်တာနဲ့ ကားတင်သွင်းခွင့်ရဖို့ဆိုတာက ဒီဘက်မှာတော့ သွင်းနေပေမယ့် ဟိုဘက်မှာလည်း ပွန်းပဲ့သွားတာတွေလည်းရှိတာပေါ့။ တစ်နှစ်စာ ခွင့်ပြု ထားတဲ့အစီး‌ရေထက်ကျော်ပြီးတော့လည်း တင်သွင်း ခွင့်မရသလို Earning ကလည်း ထီပေါက်သလို ရောက်ဖို့မလွယ်ဘူး” ဟု ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်တွင် EV ကား ပေါ်လစီကြေညာချိန်၌ ပထမဆုံး လိုင်စင်ရကုမ္ပဏီ(၉)ခုရှိပြီး နောက်ပိုင်းတွင် တင်သွင်းခွင့်ရကုမ္ပဏီပေါင်း (၈၀)‌ကျော်အထိ ရှိလာ ခဲ့ရာ ၎င်းတို့အနက်မှ ကုမ္ပဏီပေါင်း(၃၀)ကျော်သာ အမှန်တကယ် တင်သွင်းနေကြောင်း သိရသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရဲတပ်ဖွဲ့က ကြေညာထားသည့် တရားခံပြေးစာရင်းထောင်ချီရှိပြီး ၎င်းတို့အထဲတွင် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်သူ၊ ဗုံးထောင်ဖောက်ခွဲသူများပါဝင်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved