Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရလဒ်များဆိုးဝါးမှုကြောင့် နည်းပြပေါ်တာကို ရာထူးမှထုတ်ပယ်ပြီး ယာယီနည်းပြသစ်ခန့်အပ်လိုက်သော ချဲလ်ဆီးအသင်း

Pika (NP News) - ဧပြီ ၃


ချဲလ်ဆီးအသင်းသည် ရလဒ်များဆိုးဝါးမှုနှင့်အတူ အမှတ်ပေးဇယားတွင် အဆင့်(၁၁)နေရာ ၌ ရပ်တည်ခဲ့ပြီးနောက် နည်းပြဂရေဟမ်ပေါ်တာကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်းသိရသည်။ 


ဂရေဟမ်ပေါ်တာသည် ချဲလ်ဆီးနည်းပြအဖြစ်(၇)လကြာ တာဝန်ယူပြီးနောက် ရာထူးမှထုတ်ပယ်ခံရခြင်းဖြစ်ကြောင်းသိရသည်။ နည်းပြပေါ်တာသည် နည်းပြအဖြစ် စတင်တာဝန်ယူချိန်မှစ၍ (၃၁)ပွဲတွင် (၁၂)ပွဲသာ အနိုင်ရရှိထားပြီး ဧပြီလ (၁)ရက်က အက်စတွန်ဗီလာသင်းနှင့် ကစားခဲ့သည့်ပရီးမီးယားလိဂ်ပွဲကို (၂)ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။


ချဲလ်ဆီးအသင်းသည် လက်ရှိရာသီအစတွင် နည်းပြတူချယ်ကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြပေါ်တာကို တစ်နှစ်လျှင် ပေါင်(၁၂)သန်းဖြင့် (၅)နှစ်စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်းသိရသည်။ နည်းပြပေါ်တာသည် ချဲလ်ဆီးအသင်းကို ရလဒ်ကောင်းများ ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်းသိရသည်။ နည်းပြပေါ်တာ ထုတ်ပယ်ခံရပြီးနောက် ချဲလ်ဆီးအသင်းတာဝန်ရှိသူများသည် စပိန်ဘောလုံးအသင်းကစားသမားဟောင်း ဘရူနိုဆော်လ်တာကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ကြောင်းသိရသည်။


ချဲလ်ဆီးအသင်း၏ထုတ်ပြန်ချက်တွင် "နည်းပြပေါ်တာဟာ အသင်းကနေထွက်ခွါသွားတော့မှာ ဖြစ်ပါတယ်။ ပေါ်တာဟာ အပြောင်းအရွှေ့တွေ ချော့မွေ့စေဖို့အတွက် အသင်းနဲ့ပူးပေါင်းဖို့ သဘောတူခဲ့ပါတယ်။ ပေါ်တာက အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ထိရောက်အောင် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ပံ့ပိုးကူညီမှုတွေအတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။ လာမယ့်အနာဂတ်မှာလည်း သူအကောင်းဆုံးဖြစ်နေပါစေလို့ ဆုတောင်းပေးပါတယ်။ ဘရူနိုဆော်လ်တာက ချဲလ်ဆီးအသင်းနည်းပြအဖြစ် ယာယီတာဝန်ယူသွားမှာပါ"ဟု ထုတ်ပြန်ခဲ့သည်။


ချဲလ်ဆီးအသင်းပူးတွဲပိုင်ရှင်များဖြစ်သည့် တော့ဒ်ဘိုလေးနှင့် Behdad Eghbali တို့၏ထုတ်ပြန်ချက်တွင်"အသင်းအတွက် ပေါ်တာရဲ့ပူးပေါင်းပါဝင်မှုကို အသင်းမှာရှိတဲ့လူတိုင်းကိုယ်စား စိတ်ရင်းမှန်နဲ့ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်တို့ ပေါ်တာကို နည်းပြတစ်ယောက်အနေနဲ့ရော လူတစ်ယောက်အနေနဲ့ရော လေးစားမှုရှိပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ်ဆန်ပြီး တည်တည်ငြိမ်ငြိမ်လုပ်ဆောင်နိုင်ခဲ့ပေမယ့် ရလဒ်နဲ့ပတ်သက်ပြီး အားလုံးကစိတ်ပျက်နေကြပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့အတူ ကျန်ရှိနေတဲ့ ရာသီကို ဆက်လက်အာရုံစိုက်သွားမှာဖြစ်တာကြောင့် ဘရူနိုဆော်လ်တာကို ယာယီနည်းပြအဖြစ် ဆက်လက်ခန့်ထားပါတယ်။ ကျွန်တော်တို့မှာ ပရီးမီးယားလိဂ်(၁ဝ)ပွဲကျန်ရှိနေသေးပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကိုလည်း အကောင်းဆုံးအာရုံစိုက်သွားမှာပါ။ ဒီရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ဖို့အတွက် ကစားပွဲတစ်ခုချင်းစီကို အကောင်းဆုံးကြိုးစားသွားမှာပါ"ဟု ထုတ်ပြန်ထားသည်။


အသက်(၄၇)နှစ်ရှိပြီဖြစ်သော ပေါ်တာသည် ချဲလ်ဆီးအသင်းပရီးမီးယားလိဂ်သမိုင်းတစ် လျှောက် ရလဒ်အဆိုးဆုံးနည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရကြောင်းလည်းသိရသည်။

zawgyi version

ရလဒ္မ်ားဆိုးဝါးမႈေၾကာင့္ နည္းျပေပၚတာကို ရာထူးမွထုတ္ပယ္ၿပီး ယာယီနည္းျပသစ္ခန႔္အပ္လိုက္ေသာ ခ်ဲလ္ဆီးအသင္း

Pika (NP News) - ဧၿပီ ၃


ခ်ဲလ္ဆီးအသင္းသည္ ရလဒ္မ်ားဆိုးဝါးမႈႏွင့္အတူ အမွတ္ေပးဇယားတြင္ အဆင့္(၁၁)ေနရာ ၌ ရပ္တည္ခဲ့ၿပီးေနာက္ နည္းျပဂေရဟမ္ေပၚတာကို ရာထူးမွထုတ္ပယ္ခဲ့ေၾကာင္းသိရသည္။ 


ဂေရဟမ္ေပၚတာသည္ ခ်ဲလ္ဆီးနည္းျပအျဖစ္(၇)လၾကာ တာဝန္ယူၿပီးေနာက္ ရာထူးမွထုတ္ပယ္ခံရျခင္းျဖစ္ေၾကာင္းသိရသည္။ နည္းျပေပၚတာသည္ နည္းျပအျဖစ္ စတင္တာဝန္ယူခ်ိန္မွစ၍ (၃၁)ပြဲတြင္ (၁၂)ပြဲသာ အႏိုင္ရရွိထားၿပီး ဧၿပီလ (၁)ရက္က အက္စတြန္ဗီလာသင္းႏွင့္ ကစားခဲ့သည့္ပရီးမီးယားလိဂ္ပြဲကို (၂)ဂိုး၊ ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ထုတ္ပယ္ခံခဲ့ရျခင္းျဖစ္သည္။


ခ်ဲလ္ဆီးအသင္းသည္ လက္ရွိရာသီအစတြင္ နည္းျပတူခ်ယ္ကို ထုတ္ပယ္ခဲ့ၿပီးေနာက္ နည္းျပေပၚတာကို တစ္ႏွစ္လွ်င္ ေပါင္(၁၂)သန္းျဖင့္ (၅)ႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ေၾကာင္းသိရသည္။ နည္းျပေပၚတာသည္ ခ်ဲလ္ဆီးအသင္းကို ရလဒ္ေကာင္းမ်ား ရယူႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျခင္း မရွိခဲ့ေၾကာင္းသိရသည္။ နည္းျပေပၚတာ ထုတ္ပယ္ခံရၿပီးေနာက္ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူမ်ားသည္ စပိန္ေဘာလုံးအသင္းကစားသမားေဟာင္း ဘ႐ူႏိုေဆာ္လ္တာကို ယာယီနည္းျပအျဖစ္ခန႔္အပ္ခဲ့ေၾကာင္းသိရသည္။


ခ်ဲလ္ဆီးအသင္း၏ထုတ္ျပန္ခ်က္တြင္ "နည္းျပေပၚတာဟာ အသင္းကေနထြက္ခြါသြားေတာ့မွာ ျဖစ္ပါတယ္။ ေပၚတာဟာ အေျပာင္းအေ႐ႊ႕ေတြ ေခ်ာ့ေမြ႕ေစဖို႔အတြက္ အသင္းနဲ႔ပူးေပါင္းဖို႔ သေဘာတူခဲ့ပါတယ္။ ေပၚတာက အသင္းကို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ထိေရာက္ေအာင္ ေခၚေဆာင္သြားႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြ၊ ပံ့ပိုးကူညီမႈေတြအတြက္ တကယ္ကိုေက်းဇူးတင္ပါတယ္။ လာမယ့္အနာဂတ္မွာလည္း သူအေကာင္းဆုံးျဖစ္ေနပါေစလို႔ ဆုေတာင္းေပးပါတယ္။ ဘ႐ူႏိုေဆာ္လ္တာက ခ်ဲလ္ဆီးအသင္းနည္းျပအျဖစ္ ယာယီတာဝန္ယူသြားမွာပါ"ဟု ထုတ္ျပန္ခဲ့သည္။


ခ်ဲလ္ဆီးအသင္းပူးတြဲပိုင္ရွင္မ်ားျဖစ္သည့္ ေတာ့ဒ္ဘိုေလးႏွင့္ Behdad Eghbali တို႔၏ထုတ္ျပန္ခ်က္တြင္"အသင္းအတြက္ ေပၚတာရဲ႕ပူးေပါင္းပါဝင္မႈကို အသင္းမွာရွိတဲ့လူတိုင္းကိုယ္စား စိတ္ရင္းမွန္နဲ႔ေက်းဇူးတင္ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ ေပၚတာကို နည္းျပတစ္ေယာက္အေနနဲ႔ေရာ လူတစ္ေယာက္အေနနဲ႔ေရာ ေလးစားမႈရွိပါတယ္။ သူဟာ ပေရာ္ဖက္ရွင္နယ္ဆန္ၿပီး တည္တည္ၿငိမ္ၿငိမ္လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ ရလဒ္နဲ႔ပတ္သက္ၿပီး အားလုံးကစိတ္ပ်က္ေနၾကပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ပရိသတ္ေတြနဲ႔အတူ က်န္ရွိေနတဲ့ ရာသီကို ဆက္လက္အာ႐ုံစိုက္သြားမွာျဖစ္တာေၾကာင့္ ဘ႐ူႏိုေဆာ္လ္တာကို ယာယီနည္းျပအျဖစ္ ဆက္လက္ခန႔္ထားပါတယ္။ ကြၽန္ေတာ္တို႔မွာ ပရီးမီးယားလိဂ္(၁ဝ)ပြဲက်န္ရွိေနေသးၿပီး ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကိုလည္း အေကာင္းဆုံးအာ႐ုံစိုက္သြားမွာပါ။ ဒီရာသီကို အေကာင္းဆုံးပုံစံနဲ႔ အဆုံးသတ္ႏိုင္ဖို႔အတြက္ ကစားပြဲတစ္ခုခ်င္းစီကို အေကာင္းဆုံးႀကိဳးစားသြားမွာပါ"ဟု ထုတ္ျပန္ထားသည္။


အသက္(၄၇)ႏွစ္ရွိၿပီျဖစ္ေသာ ေပၚတာသည္ ခ်ဲလ္ဆီးအသင္းပရီးမီးယားလိဂ္သမိုင္းတစ္ ေလွ်ာက္ ရလဒ္အဆိုးဆုံးနည္းျပတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္းလည္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မက္ကဆီကိုရှိ ရှေးဟောင်းနေရာတစ်ခုအနီးမှာ မီးပုံးပျံ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူနှစ်ဦး သေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved