Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယနယ်စပ်တွင် တရုတ်စစ်တပ်က မြေအောက် ကတုတ်ကျင်းနှင့် ဘန်ကာများဆောက် လုပ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများ၌ မြင်တွေ့ရ

Htay Oung (NSS) - ဇူလိုင် ၂ဝ

အိန္ဒိယနိုင်ငံမြောက်ပိုင်းဖျား ပန်ဂေါင်းရေကန် ကြီးအနီးမှာ တရုတ်စစ်တပ်က မြေသားတွေကို တူးဆွနေ တယ်လို့ နယူးဒေလီအခြေစိုက် “ဟိန္ဒူစတန်တိုင်းမ်” က ဇူလိုင်လ ၇ ရက်က ရေးသားပါတယ်။

တိဘက်ဘာသာ “ပန်ဂေါင်း လျှို” လို့ခေါ်တဲ့ ကုန်းတွင်းရေအိုင်ကြီးဟာ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အကြား ဟိမဝန္တာတောင်တန်းရဲ့ (၁၃၈၆ ၂) ပေ အမြင့်မှာတည်ရှိတဲ့အတွက် ကမ္ဘာ့အမြင့်ဆုံး ကုန်းတွင်း ရေအိုင်လို့ခေါ်ဆိုနိုင်ပါတယ်။ ဆားငန် ရောနှောနေပေမယ့် ဆောင်းရာသီမှာ လုံးဝရေခဲတတ်ပါတယ်။ အရှည် (၈၃)မိုင်၊ အကျယ်ဆုံးနေရာမှာ ၃ မိုင်ခန့်ရှိပြီး ရေကန်ငယ် (၅)ခုအဖြစ် ပိုင်းခြားထားပါတယ်။ ရေ ကန်ကြီးရဲ့ ၅၀ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံအုပ်ချုပ်တဲ့ တိဘက်နယ်မြေအတွင်းမှာတည်ရှိပြီး ၄၀ရာခိုင် နှုန်းကတော့ အိန္ဒိယနိုင်ငံပိုင်နက် “လာဒက်ခ်” ဒေသတွင်းမှာ ကျရောက်နေပါတယ်။ ရေကန်ကြီးရဲ့ ကျန် ၁၀ရာခိုင်နှုန်းဟာ နျူကလီးယားလက်နက်ပိုင် ကမ္ဘာ့လူဦးရေအများဆုံး အိမ်နီးချင်းနှစ်နိုင်ငံအကြား သူပိုင် ငါပိုင် အငြင်းပွားနေဆဲဖြစ်ပြီး ရန်စောင်နေတဲ့ နှစ်နိုင်ငံစစ်တပ်တို့ရဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံရာ “အမှန်တကယ် ထိန်းချုပ်မျဉ်း” LAC ဖြတ်သန်းနေပါတယ်။ ရေကန်ကြီးရဲ့ မြောက်ဘက်ကမ်းမှာ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA  ရဲ့ အခြေစိုက်စခန်းတည်ရှိပြီး ပန်ဂေါင်းဒေသတစ်ဝိုက် တပ်စွဲထားတဲ့ တရုတ်စစ်တပ်တွေရဲ့ ဌာနချုပ်ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် နှစ်နိုင်ငံနယ်ခြားဒေသ တရုတ်-အိန္ဒိယတို့အကြား တစ်လနဲ့တစ်ရက်ကြာ စစ်ပွဲ အတွင်း PLA တို့က တိုက်ခိုက်အောင်မြင်ခဲ့ပြီး  ပေကျင်းရဲ့ တစ်ဖက်သတ်ကြေညာချက်အရ အပစ် အခတ်ရပ်စဲ ပြီးနောက် နှစ်ဖက်စစ်တပ်တွေရဲ့ အမှန်တကယ် ထိန်းချုပ်မျဉ်းတစ်လျှောက်မှာ အချိန်မရွေး ပေါက်ကွဲတော့မယ့် ဗုံးကြီးတစ်လုံးလိုဖြစ်နေပါတယ်။ နယ်မြေအတွင်း တရုတ်ဘက်က ကျူးကျော် ဝင်ရောက်တယ်လို့ စွပ်စွဲမှုသတင်းတွေကို မကြာခဏ ကြားနေရပါတယ်။၂၀၁၇ ခုနှစ် လက်ဒက်ဒေသ နယ်စပ်နဲ့ကပ်ပြီး  အိန္ဒိယရဲ့လမ်းဖောက်လုပ်မှုကို တရုတ်က တားဆီးရာမှ ပန်ဂေါင်းလျှိုအနီး တပ်စွဲထား တဲ့ နှစ်ဖက်စစ်တပ် အချင်းချင်းကျောက်ခဲတွေ၊ သစ်သားချောင်းတွေနဲ့ လုံးထွေးသတ်ပုတ်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်တော့မယ့်အလား ထိပ်တိုက်တွေ့ခဲ့ကြပြန်ပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလ အဲဒီရေကန်ကြီးအနီးမှာ နှစ်နိုင်ငံစစ်သားအုပ်စုတွေအကြား တင်း ပုတ်၊ သစ်သားချောင်း၊ ကျောက်ခဲတွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတဲ့အတွက် နှစ်ဖက် ထိခိုက်သေဆုံးမှု တွေရှိခဲ့ပါတယ်။ အလားတူ ဇွန်လမှာ  ထပ်မံတိုက်ခိုက် ကြတဲ့အတွက် အိန္ဒိယစစ်သား ၂၄ ဦး တရုတ်စစ်သား ၄ ဦး   သေဆုံးတယ်လို့ နှစ်ဖက်အသီးသီးက သတင်းထုတ်ပြန်ပါတယ်။ နှစ်နိုင်ငံ အတိအလင်း စစ်ပွဲပြီးဆုံးပြီး နောက်ဆက်တွဲ ပစ်ခတ်မှုတွေရပ်တန့်သွားပြီးနောက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ ၄၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နှစ်နိုင်ငံစစ်တပ်တွေ သေနတ်အသုံးပြု တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့ပါ တယ်။ ပစ်ခတ်မှု ဖြစ်ပွားရခြင်းအတွက် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။ နယူး ဒေလီ မီဒီယာတွေကတော့ အိန္ဒိယတပ်တွေဟာ သတိပေးတဲ့အနေနဲ့ သေနတ်ပစ်ဖောက်ခြင်း ဖြစ်တယ် လို့ရေးကြပါတယ်။ အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံတို့ရဲ့ ထိပ်တိုက်တွေ့မှုတွေဟာ ဖွဲမီးအလား တငွေ့ငွေ့ လောင်ကျွမ်းနေခိုက် တရုတ်တပ်တွေက လာဒက်ဒေသအရှေ့ဖျား LAC  မျဉ်းအနီး အဓိက အခြေစိုက်စခန်းတစ် ခုမှာ လက်နက်တွေနဲ့ လောင်စာဆီတွေသိုလှောင်ဖို့ အတွက် မြေအောက် ကတုတ်ကျင်းတွေကိုဆောက်လုပ်နေပြီး သံချပ်ကာယာဉ်တွေအတွက် ခိုင်မာတဲ့ ကွန်ကရစ်အမိုးအကာ တွေကို တည်ဆောက်ထားကြောင်း ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေအရသိရှိ ရပါတယ်။တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် အခြေစိုက်စခန်းဟာ ပန်ဂေါင်းရေကန်ကြီး မြောက်ဘက် တောင်ကုန်း တောင်တန်းတွေအကြား “ဆာ ဂျစ်”လို့ခေါ်တဲ့ နုံးဆန်ဆန်မြေပေါ်မှာတည်ရှိပါတယ်။ 

အိန္ဒိယတပ်တွေရှိနေတဲ့ အမှန်တကယ် ထိန်းချုပ်မျဉ်း မှ ၃ မိုင်ခန့်သာကွာဝေးပြီး ၂၀၂၀ ပြည့်နှစ် မေလ နှစ် ဖက်တပ်တွေ ထိပ်တိုက်မတွေ့မီအထိ အဲဒီနယ်မြေမှာ လူနေထိုင်ခြင်း လုံးဝ မရှိခဲ့ပါဘူး။

၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း တည်ဆောက်ခဲ့တဲ့ အဆိုပါအခြေစိုက်စခန်းရဲ့ ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံကို အမေရိကန်အခြေစိုက် “ဘလက်စကိုင်း နည်းပညာကုမ္ပဏီ”ကရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ အာကာသ အခြေစိုက် မြေကမ္ဘာ စူးစမ်းရှာဖွေရေး အချိန်နဲ့တစ်ပြေးညီထောက်လှမ်းနေတဲ့ အဲဒီကုမ္ပဏီဟာ တစ်နေ ရာတည်းကို တစ်ရက်လျှင် ဓာတ်ပုံပေါင်း ၁၅ ပုံအထိ ရိုက်ကူးပေးနိုင်ပါတယ်။ အဲဒီကုမ္ပဏီက ရရှိထားတဲ့ ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံတွေအရ အိန္ဒိယနယ်စပ် အမှန်တယ် ထိန်းချုပ်မျဉ်းရဲ့ တခြား တစ်ဖက်မှာ တရုတ်တို့ရဲ့လက်နက်စနစ်တွေ၊ လောင်စာဆီ သို့မဟုတ် တခြားထောက်ပံ့ရေးပစ္စည်းတွေကို သိုလှောင် ရာမှာ အသုံးပြုနိုင်တဲ့ မြေအောက်ဘန်ကာ တွေတည်ရှိကြောင်း ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှာရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံမှာ မြေအောက်ဘန်ကာကြီးတစ်ခုထံ နိမ့်ဆင်းသွားတဲ့ ဝင်ပေါက် ၈ ခုကို ရှင်းလင်းလင်းပြတ်သားစွာ မြင်နေ ရပါတယ်။ ဝင်ပေါက် ၅ ခုရှိတဲ့ နောက်ထပ် ဘန်ကာအ ငယ်စားတစ်ခုကိုလည်း ဘန်ကာကြီးအနီးမှာ တွေ့ရ ပါတယ်။


ဘာသာပြန်သူ၏သုံးသပ်ချက်

ကမ္ဘာ့လူဦးရေအများဆုံး အာရှနိုင်ငံကြီး နှစ်နိုင် ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးတည်တဲ့ ငြိမ်းချမ်း စွာဆက်ဆံရေးဟာ နှစ်ပေါင်း ထောင်ချီ သမိုင်းဝင် တည်ရှိခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် တရုတ် ပြည်တွင်းစစ် မှာ ကွန်မြူနစ်တို့အောင်ပွဲခံပြီးနောက်ပိုင်း မျက်မှောက်ကာလအထိ ဆက်ဆံရေးပျက်ပြား နေပါတယ်။ ၁၉၅၁ ခုနှစ်မှာ တရုတ်စစ်တပ်က အိန္ဒိယ အိမ်နီးချင်း တိဘက်နိုင်ငံကို တိုက်ခိုက်သိမ်းယူ တာဟာ နယူးဒေလီအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။လာဆာမြို့ကိုတိုက်ခိုက်စဉ် ထွက်ပြေးသွားတဲ့ ဒလိုင်းလားမားကို အိန္ဒိယက လက်ခံထားခြင်း၊  နယူးဒေလီကို အခြေပြုပြီး တိဘက်အုပ်ချုပ်သူက တရုတ်ဆန့်ကျင်ရေးတွေကို နိုင်ငံတကာလှည့်လည်ပြောဆိုမှုတွေဟာ ဘေဂျင်းအတွက် စိတ်မသက်သာ စရာ များဖြစ်ပါတယ်။ တခြားတစ်ဖက်မှာလည်း အတိတ် ကာလ ဗြိတိသျှအရှေ့အိန္ဒိယ ကုမ္ပဏီက အိန္ဒိယနယ် မြေကိုအခြေပြုပြီး တရုတ်ပြည်တွင်း ဘိန်ကုန်ကူးခြင်း၊ တရုတ်ချန်ကေရှိတ်အစိုးရက ကျူးကျော်သူဂျပန်တို့ ကိုတွန်းလှန်တိုက်ခိုက်စဉ် နယူးဒေလီဗြိတိသျှအစိုး ရက မြန်မာနိုင်ငံကို ဖြတ်သန်း ပြီး လက်နက်ရိက္ခာ ထောက်ပံ့ခဲ့ခြင်း၊ အိန္ဒိယဆရာဝန်တွေစေလွှတ်ပေးခြင်းတွေကို မေ့မရနိုင် အောင်ရှိပါတယ်။

အထူးသဖြင့် တိဘက်ကိုသိမ်းယူခဲ့တဲ့ ခေတ်သစ်တရုတ်တို့က လာဆာနဲ့နယူးဒေလီအကြား ချုပ်ဆိုခဲ့တဲ့ နယ်ခြားသတ်မှတ်ချက်ကို လက်မခံ တာတွေဟာ အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံအကြား ပိုင်နက်နယ်မြေ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ ဒီအ တွက် ၁၉၆၂ ခုနှစ် မှာ နှစ်နိုင်ငံအကြား အတိအလင်း စစ်ခင်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ပိုင်းနဲ့ ထိစပ်နေတဲ့ အိန္ဒိယရဲ့ အာရူနာချယ်ပရာဒက်ရှ်ပြည် နယ်တစ်စိတ်တစ်ပိုင်းဟာ သမိုင်းစဉ်တစ်လျှောက် သူတို့ပိုင် “တောင်တိဘက်ဒေသ” ဖြစ်တယ်လို့ ပေကျင်းက အခိုင်အမာပြောဆိုနေပါတယ်။ တရုတ်-အိန္ဒိယ နယ်ခြားစစ်ပွဲဖြစ်ပွားစဉ် အဲဒီနယ်မြေမှာ လည်း နှစ်ဖက်တပ်တွေ ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြ ပါတယ်။ အဲဒီနောက် LOAမျဉ်းတစ်လျှောက် နှစ်ဖက်တပ်တွေရန်စောင်နေခဲ့ကြတာ ယနေ့တိုင် ဖြစ်ပါတယ်။

နယူးဒေလီက တရုတ်နယ်စပ်အနီးမှာ လမ်း၊ တံတားနဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ် တာဟာ ဘေဂျင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ရကြောင်း နိုင်ငံတကာစစ်ရေးလေ့လာသူတွေကပြောကြပါ တယ်။ အိန္ဒိယကတော့ တရုတ်တို့သာလျှင် နယ်စပ် အနီးတစ်လျှောက် လူနေကျေးရွာပေါင်း ၆၀ ကျော် စတင်တည်ဆောက်လာတာဖြစ်တယ်လို့ တုံ့ပြန် စွပ်စွဲပါတယ်။

၂၀၁၈ ခုနှစ်ဆန်းပိုင်းတုန်းက ဘူတန်နိုင်ငံ အရှေ့ဘက် အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် ဒိုလမ် ကုန်းမြင့်မှာ နှစ်နိုင်ငံစစ်တပ်တွေ ထိပ်တိုက်တွေ့ ခဲ့ကြပြီးနောက် နိုင်ငံဆက်ဆံရေးဟာ တဖြည်းဖြည်း တင်းမာနေခဲ့ပါတယ်။ ဘူတန်နိုင်ငံအရှေ့ဘက် တာ ဝမ်းမြို့အနီး ဟိမဝန္တာ ဆီလာတောင်ကြားအောက် ပေ ၁၂၀ဝ ခန့်အနက်မှာ ဥမင်လိုဏ်ခေါင်းတစ်ခုကို နယူးဒေလီက တူးဖောက်ဆောက်လုပ်ခဲ့ပါတယ်။ ပေ ပေါင်း ၁၃၀ဝ၀ ခန့်ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံး နှစ်လမ်းသွားဥမင်ဟာ အရိုးကွဲမတတ်အေးမြတဲ့ ဆောင်းရာသီမှာပင် LOA မှာ  တရုတ်ရဲ့ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တပ်တွေနဲ့ရင်ဆိုင်နေတဲ့ အိန္ဒိယ တပ်တွေထံ လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စက်ယန္တ ရားတွေကို လုံခြုံဘေးကင်းစွာ အလျင်အမြန် ပို့ဆောင်ပေးနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်မှာဖွင့်လှစ်လိုက်တဲ့ အဲဒီ မဟာဗျူဟာမြောက်ဥမင် တခြားတစ်ဖက်ဟာ အာရူ နာချယ်ပရာဒက်ရှ်ပြည်နယ် ဒါရန်းနဲ့ ကားလမ်းဆက် သွယ်ထားပြီး မြန်မာနိုင်ငံ ပူတာအိုမြို့မှ အဖြောင့်တိုင်း လျှင် မိုင် ၃၂၀ ခန့်သာဝေးကွာပါတယ်။  မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ပိုင်း တောင်ကြားလမ်း ၄ ခု မှတစ်ဆင့် အဲဒီပြည်နယ်အတွင်း ဝင်ရောက်နိုင်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မျက်လုံးဘေးနားအသားကိုအသုံးပြုပြီး ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခုချိုးဖျက်ခဲ့တဲ့ အမေရိကန်အမျိုးသား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved