BIGBANG ရဲ့အဖွဲ့ဝင် တေးယန်းက (၇)နှစ်အတွင်း ပထမဆုံး တစ်ကိုယ် တော်ဖျော်ဖြေပွဲ ကျင်းပမည်
ရောင်နီ(NSS) - ဇူလိုင် ၁၆
တောင်ကိုရီးယား အမျိုးသား K POP အဖွဲ့ဖြစ်တဲ့ BIGBANG ရဲ့ အဖွဲ့ဝင် တေးယန်းက (၇)နှစ်အတွင်း ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
ဖျော်ဖြေပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြုလုပ်မှာဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်မှာတော့ TAEYANG 2024 TOUR “THE LIGHT YEAR” အတွက် ပိုစတာကို သူ့ရဲ့တရားဝင် လူမှုမီဒီယာချန်နယ်တွေမှာ ထုတ်ဖော်ပြသကာ စတင်ကြေညာခဲ့ပါတယ်။ ပိုစတာမှာ တေးယန်းက ရှေ့ကို စူးစူးစိုက်စိုက် ကြည့်နေပုံ သရုပ်ဖော်ထားပြီး သူ့ရဲ့ပရိသတ်တွေကို အံ့ဩဝမ်းသာ ဖြစ်စေခဲ့ပါတယ်။ ဒါဟာ တေးယန်းအတွက် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးပြုလုပ်တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်ပြီး ဆိုးလ်ဖျော်ဖြေပွဲမှစ အာရှတစ်ဝှမ်း ဖျော်ဖြေရေးပွဲတွေ လုပ်ဆောင်သွားမှာဖြစ်လို့ နိုင်ငံတကာ ပရိသတ်တွေအကြား စိတ်ဝင်စားမှုတွေ မြင့်တက်စေခဲ့ပါတယ်။
တေးယန်းဟာ ၂၀၂၃ ခုနှစ်၊ နှစ်စပိုင်းတွေက ၎င်းရဲ့ "Down to Earth” ဆိုတဲ့ ဒုတိယမြောက် အယ်လ်ဘမ် ထွက်ရှိခဲ့ပါသေးတယ်။ အခုတေးယန်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ "THE LIGHT YEAR" ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အိုလံပစ်ခန်းမမှာ သြဂုတ်လ ၃၁ ရက် ညနေ ၆ နာရီနဲ့ စက်တင်ဘာလ ၁ ရက် ညနေ ၅ နာရီမှာ စတင်ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ်များတွင် ငွေသားများကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေသည့် အတွက် လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများကို လစာပေးနိုင်ရေး အခက်အခဲရှိလာနိုင်
RELATED POSTS
04 Sep 2024 | အနုပညာ,နိုင်ငံတကာ
31 Aug 2024 | အနုပညာ,ပြည်တွင်း
29 Aug 2024 | အနုပညာ,နိုင်ငံတကာ
29 Aug 2024 | အနုပညာ,နိုင်ငံတကာ