Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့စိုက်ပျိုးကုန်များ တင်ပို့ရေး နားလည်မှုစာချွန်လွှာအပါအဝင် သဘောတူညီမှု (၆)ခုကို မြန်မာနှင့်တရုတ်အကြား လက်မှတ်ရေးထိုး

မျိုးကြီး (NP News) - ဧပြီ ၃


မြန်မာနိုင်ငံမှ စိုက်ပျိုးကုန်များ တင်ပို့ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာအပါအဝင် သဘောတူညီမှု (၆)ခုကို မြန်မာနှင့်တရုတ်အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေး မှူး မစ္စတာ ဝမ်နင် ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီလ ၁ ရက်တွင် လာရောက်ခဲ့ကြောင်း သိရသည်။


မစ္စတာဝမ်နင်၏ မြန်မာနိုင်ငံခရီးစဉ်သည် အလုပ်သဘောလာရောက်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းလည်း နစကဘက်မှ အသိပေးထုတ်ပြန်ထားသည်။


ယမန်နေ့(ဧပြီလ ၂ ရက်)တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ မြန်မာ-တရုတ်နှစ်နိုင်ငံ သဘောတူစာချုပ်များ လက်မှတ်ရေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။


၎င်းအခမ်းအနား၌ ဝန်ကြီးဦးကိုကိုလှိုင် နှင့် မစ္စတာဝမ်နင်တို့၏ ရှေ့မှောက်တွင် သက်ဆိုင် ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံ နှင့် ယူနန်ပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်း နစကဘက်က ဆို သည်။


ထို့ပြင် နားလည်မှုစာချွန်လွှားများဖြစ်သည့် ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ဓာတ်မြေသြဇာထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်၊ ကျောက်ဖြူအနာဂတ်ရွေ့လျားဆေးခန်းစီမံကိန်းသဘောတူညီချက်တို့ကို မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။


ဆက်လက်ပြီး မြန်မာနိုင်ငံမှ စိုက်ပျိုးကုန်များ တင်ပို့ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာနှင့် တာပိန်(၁) ရေအားလျှပ်စစ်စခန်း သဘောတူညီချက်တို့ကို မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


လက်ရှိတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ တရုတ်နိုင်ငံသည် နံပါတ်တစ်ရင်းနှီးမြှုပ်နှံမှုပါတနာနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။


တရုတ်နိုင်ငံ၏ ကုမ္ပဏီပေါင်း ၅၈၃ ခုသည် မြန်မာနိုင်ငံတွင် တည်ရှိလုပ်ကိုင်လျက်ရှိပြီး ၎င်းတို့ထဲမှ အများစုသည် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် အဓိကလုပ်ကိုင်လျက်ရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဆိုထားသည်။


အလားတူ ပြီးခဲ့သော မတ်လ ၂၂ ရက်တွင်လည်း တရုတ်နိုင်ငံ(ချုံချင့် ပိရှန်း)ဒေသမှ စီးပွား ရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို မိတ်ဆက်ခဲ့ကြသည်။

zawgyi version
























Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ့စိုက်ပျိုးကုန်များ တင်ပို့ရေး နားလည်မှုစာချွန်လွှာအပါအဝင် သဘောတူညီမှု (၆)ခုကို မြန်မာနှင့်တရုတ်အကြား လက်မှတ်ရေးထိုး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved