Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်တပ်နဲ့ ကမ္ဘာမကျေလောက်တဲ့ ရန်ငြိုးမျိုးရှိခဲ့ပေမယ့် တိုင်းပြည်မျက်နှာ ကြည့်ခဲ့သူ (အတ္ထုပ္ပတ္တိ)

ဂျန်ဇက် (NSS) - ဇွန် ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးချုပ်တွေထဲမှာ သက်တမ်းအကြာဆုံး တာဝန်ယူနိုင်ခဲ့တဲ့ ဝန်ကြီးချုပ်ကို ပြပါဆိုရင် လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ပြရမှာဖြစ်ပါတယ်။

အသက် ၇၆ နှစ်အရွယ်ရှိ ရှိတ်ဟာစီနာဟာ ကမ္ဘာပေါ်ရှိ အမျိုးသမီးဝန်ကြီးချုပ်တွေထဲမှာလည်း သက်တမ်း အကြာဆုံးတာဝန်ယူနိုင်ခဲ့သူဖြစ်ပေမယ့် ဝန်ကြီးချုပ်မဖြစ်ခင်ခက်ခဲတဲ့ စိန်ခေါ်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသူဖြစ်ပါတယ်။ 

ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပထမဆုံးတည်ထောင်သူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ပထမဆုံးသမ္မတ ဖြစ်တဲ့ မူဂျိဘာရာမန်ရဲ့သမီးဖြစ်ပေမယ့် နိုင်ငံရေးလောကဓံကို ဆိုးရွားစွာရင်ဆိုင်ဖြတ် သန်းခဲ့ရသူဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရှိတ်ဟာစီနာဟာ သမ္မတတစ်ဦးရဲ့သမီးဖြစ်ခဲ့ပေမယ့် ပြည်ပြေးအဖြစ် ရှင်သန်နေထိုင်ခဲ့ရသလို အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသူဖြစ်ပါတယ်။ 

ရှိတ်ဟာဆီနာကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ (၂၈)ရက်မှာ ဂိုပါလ်ဂန်ခရိုင်၊ တွန်ဂျီပါရာမြို့မှာ မွေးဖွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဘန်ဂါဘန်ဒူ ရှိတ်မူဂျီဘူရာမန်ရဲ့ သားသမီး (၅)ဦးအနက် အကြီးဆုံး သမီးဖြစ်ပါတယ်။ သူဟာ ဒါကာတက္ကသိုလ်မှ ၁၉၇၃ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘဝမှာတည်းက လူထုလှုပ် ရှားမှုများအားလုံးမှာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ဘွဲ့ရရှိပြီးနောက် နှစ်နှစ်အကြာမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကာလအတွင်း ရှိတ်ဟာစီနာရဲ့ ခင်ပွန်းဖြစ်သူကလွဲပြီး ဖခင်ဖြစ်သူအပါအဝင် မိသားစုဝင်အများ အပြား လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က စစ်အာဏာသိမ်းမှုကာလအတွင်း စစ်သားတွေဟာ ရှိတ်ဟာစီနာရဲ့ ဖခင်ဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လွတ်လပ်ရေးဖခင် ဘန်ဂါ ဘန်ဒူ ရှိတ်မူဂျီဘူရာမန်၊ မိခင်ဖြစ်သူ၊ မောင်သုံးဦးနဲ့ ညီမတစ်ဦးအပြင် မိသားစုဝင်အများအပြားကိုလုပ် ကြံခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရှိတ်ဟာစီနာနဲ့ သား နှစ်ဦးတို့ဟာ ဥရောပတိုက်ကို အလည်အပတ်သွားရောက်ခဲ့တဲ့အတွက် လုပ်ကြံခံရမှုဘေးကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ 

ရှိတ်ဟာစီနာဟာ စစ်တပ်ရဲ့လုပ်ကြံမှုကြောင့် မိဘ၊ ဆွေမျိုးအများအပြား ဆုံးရှုံးခဲ့ရပြီးနောက် ဂျာမနီနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် ကြီးအိမ်မှာခိုလှုံနေထိုင်ခဲ့ရသလို အိန္ဒိယနိုင်ငံမှာလည်း နိုင်ငံရေးခိုလှုံခွင့်နဲ့နေထိုင်ခဲ့ရပါ တယ်။ အဲဒီအချိန်တုန်းက ဘင်္ဂလားဒေ့ရှ်အာဏာသိမ်း စစ်တပ်ဟာ ရှိတ်ဟာစီနာတို့သားအမိတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဆီ ပြန်လာခွင့်ပိတ်ပင်ခဲ့ပါတယ်။ ရှိတ်ဟာစီနာဟာ ၁၉၈၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဖခင်ဖြစ်သူတည်ထောင်ခဲ့တဲ့ အေဝါမီလိဂ်ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး ၁၉၈၁ ခုနှစ်မှာ မေလမှာ မိခင်နိုင်ငံကို ပြန်လာခဲ့ရာ အေဝါမီလိဂ်ပါတီ အားပေးထောက်ခံသူတွေရဲ့ ကြိုဆိုခြင်းကိုခံခဲ့ရပါတယ်။ ၁၉၈၆ ခုနှစ်မှာ ကျင်းပတဲ့ ပါလီမန်ရွေးကောက်ပွဲမှာ အဝါမီလိဂ် ပါတီကို ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမတ်နေရာ (၃) နေရာ အနိုင်ရရှိခဲ့သလို ၁၉၉၁ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ဘင်္ဂလားဒေ့ရှ် ပဉ္စမအကြိမ် ပါလီမန်အတွင်း အတိုက်အခံခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ရှိတ်ဟာစီနာဟာ အဲဒီအချိန် တုန်းက ပါလီမန်ရှိ နိုင်ငံရေးပါတီအားလုံးကို ဦးဆောင်ပြီး သမ္မတစနစ်ကနေ ပါလီမန်စနစ်သို့ ပြောင်းလဲခဲ့ပါ တယ်။

ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားဘဝကို ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် မိသား စုဝင်အများအပြား ကို လုပ်ကြံခဲ့တဲ့စစ်တပ်ကို ဖြုတ်ချနိုင်ဖို့ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ၁၉၈၁ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ ဦးဆောင်လုပ်ကိုင်ခဲ့ပြီး မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရပါတယ်။

၁၉၉၁ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ အတိုက်ခံပါတီခေါင်းဆောင်အဖြစ်ရပ်တည်ခဲ့ပြီး နိုင်ငံအတွင်း နှစ်ပေါင်း များစွာကြာအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ဖို့ ဦးဆောင်ကြိုးပမ်းခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှိတ်ဟာစီနာ ဦးဆောင်နေတဲ့ အေဝါမီလိဂ်ပါတီအနိုင်ရပြီးနောက် ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင် ငံရဲ့ဝန်ကြီးချုပ်အဖြစ် ၁၉၉၆ ခုနှစ်ကနေ ၂၀ဝ၁ ခုနှစ် အထိ တာဝန်ယူခွင့်ရရှိခဲ့ပါတယ်။

အေဝါမီလိဂ်ပါတီဟာ စစ်တပ်နဲ့ ရင်းနှီးမှုရှိတဲ့ Bangladesh Nationalist Party ကို အနိုင်ရဖို့ ကြိုးပမ်းပြီး ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံရတာဖြစ်ပါတယ်။ ရှိတ်ဟာစီနာဟာ ၂၀ဝ၁ ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အတွက် ဝန်ကြီးချုပ်အဖြစ်ဆက်လက်တာဝန်ယူခွင့်မရဘဲ အတိုက်ခံခေါင်းဆောင်အဖြစ် ရပ်တည်လှုပ် ရှားခဲ့ရပါတယ်။ 

အတိုက်အခံပါတီခေါင်းဆောင်အဖြစ် လှုပ်ရှားနေချိန်အတွင်း လုပ်ကြံသတ်ဖြတ်မှုတွေ ရင်ဆိုင်ခဲ့ရပေမယ့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး ရှိတ်ဟာစီနာဦးဆောင်နေတဲ့ အေဝါမီလိဂ်ပါတီရဲ့ အဓိကအရေးပါသူပါတီဝင်အများအပြားလုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ အေဝါမီလိဂ်ပါတီနဲ့ဘီအမ်ပီပါတီတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမိုင်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး ပါတီတစ်ခုက အာဏာရချိန်မှာ ပြိုင်ဘက်ပါတီကိုအလဲထိုးနိုင်ဖို့ ကြိုးပမ်းခဲ့ရာ ကြီးမားတဲ့ဆန္ဒပြပွဲတွေ လည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ 

ရှိတ်ဟာစီနာဦးဆောင်တဲ့ အေဝါမီလိဂ် ပါတီနဲ့ ၎င်းရဲ့အဓိကပြိုင်ဘက် ဘီအမ်ပီပါတီကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေးအငြင်းပွားမှုတွေ၊ ပြဿနာ တွေကြောင့် စစ်တပ်က ကြားဝင်ဆောင်ရွက်မှုတွေလည်းရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စစ်တပ်က နိုင်ငံရေးပါတီတွေကြား ကြားဝင်ထိန်းသိမ်းမှုပြု လုပ်နေတဲ့ ကာလအတွင်း ရှိတ်ဟာစီနာဟာ၂၀ဝ၆ ခု နှစ်ကနေ ၂၀ဝ၈ ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရဖူးပါတယ်။ 

စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့အစိုးရအဖွဲ့ဟာ အဲဒီအချိန်တုန်းက ရှိတ်ဟာစီနာ ကို အကျင့်ပျက်လာဘ်စားမှုတွေနဲ့ စွဲချက်တင်ပြီး ဖမ်း ဆီးထောင်ချခဲ့ပေမယ့် ၂၀ဝ၈ ခုနှစ်မှာ ကျန်းမာရေး အကြောင်းပြချက်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ရှိတ်ဟာ စီနာဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်အောင်ပိုမိုတည်ဆောက်နိုင်ခဲ့ပြီး စစ်တပ်ကို နိုင်ငံရေးပြဿနာတွေထဲ ကြားမဝင် အောင် ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ၂၀ဝ၈ ခုနှစ်နောက်ပိုင်းတည်းက စစ်တပ်ဟာ နိုင်ငံရေးလောကမှာ တိုက်ရိုက်ပါဝင်ပတ်သက်တာ မျိုးမရှိခဲ့ဘဲ ရှိတ်ဟာစီနာအနေနဲ့ ၂၀ဝ၉ ခုနှစ် နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ ဘင်္ဂလား ဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရှိတ်ဟာစီနာဟာ ၂၀ဝ၉ ခုနှစ် ရွေး ကောက်ပွဲနောက်ပိုင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ (၄) ခုကို ဆက်တိုက်အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခွင့်ရခဲ့ပါတယ်။ နိုင်ငံရေးလောကကို စတင် ဝင်ရောက်ချိန်က စစ်တပ်အပြင် စစ်တပ်ကကျော ထောက်နောက်ခံပေးထားတဲ့ ဘီအမ်ပီပါတီတို့ကို  ဝေဖန်တိုက်ခိုက်တဲ့ပုံစံမျိုးလုပ်ဆောင်ခဲ့ပေမယ့် ၂၀ဝ၈ ခုနှစ်နောက်ပိုင်းမှာတော့ အဓိကပြိုင်ဘက် ပါတီဖြစ်တဲ့ ဘီအမ်ပီပါတီကို အနိုင်ရယူနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုစည်းရုံးပြီး ဆက်ဆံရေးကောင်းအောင်တည်ဆောက်နိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။ 

ရှိတ်ဟာစီနာဟာ နိုင်ငံရေးလောကဓံကို ခါးသီးစွာရင်ဆိုင်တွေ့ကြုံခဲ့ရပြီး သူရဲ့နိုင်ငံရေး သမားဘဝအတွင်း လုပ်ကြံခံရမှုအကြိမ်ပေါင်း အနည်းဆုံး (၁၉) ကြိမ်နဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရ ပါတယ်။ ရှိတ်ဟာစီနာဟာ ၂၀ဝ၄ ခုနှစ်ကဖြစ်ပွားတဲ့ ဗုံးခွဲလုပ်ကြံမှုအတွင်း ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ ပြီး သူရဲ့အကြားအာရုံ ထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အမျိုးသမီးဝန်ကြီးချုပ်သမိုင်းမှာ သက်တမ်းအကြာဆုံးဝန်ကြီးချုပ်တစ်ဦးအဖြစ် တာ ဝန်ယူနိုင်ဖို့ စိန်ခေါ်မှုပေါင်းများစွာနဲ့ လုပ်ကြံခံရမှု ပေါင်းများစွာကို အောင်မြင်စွာရင်ဆိုင်ကျော်ဖြတ်ခဲ့ရသူလို့ဆိုနိုင်ပါတယ်။ ရှိတ်ဟာစီနာဟာ ဘီအမ်ပီပါတီ ကို အနိုင်ရယူဖို့အတွက် အဓိကအဖွဲ့အစည်းတစ်ခုဖြစ် တဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို အောင်အောင်မြင်မြင် စည်းရုံးနိုင်မှုမရှိဘူးဆိုရင် လက်ရှိအချိန်မှာလည်း ဝန်ကြီးချုပ်အဖြစ်ရပ်တည်ခွင့်ရမှာမဟုတ်ဘဲ စွဲချက်အ မျိုးမျိုးရင်ဆိုင်ရကာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံရဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

‘‘ Quad ’’ မှသည် ‘‘ Squad ’’ ဆီသို့ (ဆောင်းပါး)

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved