Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အသစ်ဖြစ်လာမယ့် နူဆန်တာရာမြို့တော်အကြောင်း

Pika (NSS) - ‌ဇွန် ၂

အင်ဒိုနီးရှားအစိုးရသည် နိုင်ငံ၏ မြို့တော်အသစ်ဖြစ်လာမည့် နူဆန်တာရာမြို့ကို ဘော်နီယို ကျွန်းအရှေ့ဘက်ကမ်းရိုးတန်းရှိ အရှေ့ကာလီမန်တန် ပြည်နယ်တွင်တည်ဆောက်နေကြောင်းသိရသည်။ နူဆန်တာရာမြို့တော်သည် အင်ဒိုနီးရှား နိုင်ငံ၏ အနာဂတ်မြို့တော်သစ် ဖြစ်လာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့တွင် ဖွင့်ပွဲကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။နူဆန်တာရာမြို့ကို အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်အဖြစ် ဂျာကာတာမြို့နေရာတွင်အစားထိုးသွားမည်ဖြစ်ပြီး လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် မြို့တော်အသစ် ပြောင်းလဲခြင်းဖြစ်ကြောင်းလည်း သိရသည်။

နူဆန်တာရာမြို့သည် ဧရိယာအကျယ်အဝန်း (၂၅၆၀) စတုရန်းကီလိုမီတာရှိမည်ဖြစ်ပြီး တောင် ကုန်းရှုခင်းများ၊ သစ်တော၊ သဘာဝပင်လယ်အော်တို့ဖြင့် ဝန်းရံထားမည်လည်းဖြစ်သည်။ နူဆန်တာရာ မြို့တော်အတွက် မြေရာရှင်းလင်းခြင်း၊ လမ်းများဖောက်လုပ်ခြင်းတို့နှင့်အတူ တည်ဆောက်မှုများကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ကြောင်းသိရသည်။

"Government Central Area zone" ဟု လူသိများသော အစောပိုင်းအဆင့်တွင် အစိုးရရုံးများ ၊ ကျောင်းများနှင့်ဆေးရုံများကို တည်ဆောက်မှုများပါဝင်မည်ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် စုစုပေါင်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ (၃၅)ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး တည်ဆောက်မှုများတွင် အဆင့်(၅)ဆင့်ပါဝင်မည်ဖြစ်ကြောင်းလည်းသိရသည်။ 

နူဆန်တာရာမြို့တော်အတွက် အဆင့် (၁)ကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင်စတင်ခဲ့ပြီး အင်ဒိုနီး ရှားနိုင်ငံတစ်ဝန်းမှ အလုပ်သမားဦးရေ(၁၅၀ဝဝဝ)မှ (၂)သိန်းဝန်းကျင်ထိ ပါဝင်ခဲ့ကြောင်းသိရ သည်။ထို့ ပြင် နူဆန်တာရာမြို့တော် စီမံကိန်းကို ၂၀၄၅ခု နှစ်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြ ကြောင်းလည်းသိရသည်။ အင်ဒိုနီးရှားရွေးကောက်ခံသမ္မတ ပရာဘိုဝိုစူဘီယန်တို ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် အချိန် မီ ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် နူဆန်တာရာမြို့တော်သို့ နိုင်ငံ့ဝန်ထမ်း ပေါင်း(၆)ထောင်ခန့် ပြောင်းရွှေ့သွားနိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။

၂၀၂၄ ခုနှစ်အကုန်တွင် နူဆန်တာရာမြို့တော်သို့ နိုင်ငံ့ဝန်ထမ်းပေါင်း(၁၂၀ဝဝ)ခန့် ပြောင်း ရွှေ့နိုင်မည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြသည်။ ထို့ပြင် အင်ဒိုနီးရှားသမ္မတရုံးပြီးလျှင် မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ၂၀၂၄ခုနှစ် ဇူလိုင်လတွင် နူဆန်တာရာမြို့တော်သို့ ပြောင်းရွှေ့ သွားမည့် ပထမဆုံးသောဝန်ကြီးဌာန ဖြစ်လာမည်ဖြစ်ကြောင်းလည်းသိရသည်။

၂၀၁၇ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၏အစိုးရသည် ဂျာကာတာမြို့တော်ကို အစားထိုးရန် လှုပ်ရှားမှုကို ပြန်လည်စတင်ခဲ့ပြီး အဆိုပါ နှစ်အကုန်တွင် နိုင်ငံ၏မြို့တော်အသစ်အတွက် အလားအလာရှိသော အစားထိုးနေရာများကို အကဲဖြတ်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားအစိုးရသည် မြို့တော်အသစ် အတွက်နေရာကို ဂျာဗားကျွန်းအပြင်ဘက်တွင် တည် ဆောက်ရန်ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဝန်ကြီးဌာန၏ အရာရှိများက ပြောကြား ခဲ့သည်။ အဆိုပါအစီအစဉ်ကို ထုတ်ပြန်ကြေညာပြီးနောက် မကြာမီ သမ္မတဂျိုကိုဝီဒိုဒိုသည် အရှေ့ ကာလီမန်တန်ပြည်နယ်ရှိ  Bukit Soeharto ဒေသနှင့်Palangka Raya မြို့အနီးရှိ တြိဂံဒေသသို့ သွားရောက် လည်ပတ်ခဲ့ကြောင်းသိရသည်။

ထို့နောက် အင်ဒိုနီးရှားအစိုးရသည် မြို့တော်အသစ်သို့ အစိုးရရုံးများအားလုံးကို ပြောင်းရွှေ့ မည့်(၁၀)နှစ်စီမံကိန်းကို ၂၀၁၉ခုနှစ် ဧပြီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဝန်ကြီးဌာနသည် ဂျိုကိုဝီဒိုဒိုသွားရောက် လည်ပတ်ခဲ့သည့် တောင်၊အလယ်ပိုင်းနှင့် အရှေ့ကာလီ မန်တန် ပြည်နယ်သုံးခုကို အကြံပြုခဲ့ပြီး ပြည်နယ်တစ်ခုချင်းစီသည်မြို့တော် အသစ်တစ်ခု၏ လိုအပ်ချက်များနှင့်ကိုက်ညီကြောင်းပြောဆိုခဲ့သည်။ နူဆန်တာရာမြို့အတွက် ပြောင်းရွှေ့မှု များကို ၁၉၆၀ ခုနှစ်တွင် မြို့တော်အသစ်ဖြစ်သော Brasilia မြို့ကို ရီယိုဒီဂျနေးရီးယိုးမြို့နေရာတွင် အစားထိုးခဲ့သော ဘရာဇီးနိုင်ငံထံမှ သင်ခန်းစာယူထား ခြင်းဖြစ်ကြောင်းသိရသည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် နူဆန်တာရာမြို့အတွက် ဒီဇိုင်းပြိုင်ပွဲကို ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပခဲ့ပြီး အနိုင်ရရှိသူမှာ Nagara Rimba Nusa ဟု ခေါ်သော အင်ဒိုနီးရှားဗိသုကာကုမ္ပဏီ Urban+ ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။ ထို့ပြင် နူဆန်တာရာမြို့ ဒီဇိုင်းတွင် ပါဝင်ရန်အတွက် တရုတ်၊အမေရိကန်နှင့် ဂျပန်တို့မှ ဒီဇိုင်နာများကို အင်ဒိုနီးရှားအစိုးရက ကမ်းလှမ်းခဲ့ကြောင်းလည်း သိရသည်။

နူဆန်တာရာမြို့သည် ၎င်း၏ပတ်ဝန်းကျင်ရှိ ကာလီမန်တန်သစ်တောများကို ရေရှည်တည်တံ့ ခိုင်မာစေရန်နှင့် ကာကွယ်ရန်အတွက် ဒီဇိုင်း ဆွဲထားကြောင်းလည်းသိရသည်။

ထို့ပြင် နူဆန်တာရာမြို့၏ (၈၀)ရာခိုင်နှုန်းကို အများပြည်သူသယ်ယူပို့ဆောင်ရေး၊ စက်ဘီး စီးခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းနှင့် အသုံးပြုမည့် စွမ်းအင်အားလုံးကို ပြန်လည်ပြည့်ဖြိုးမြဲ အရင်း အမြစ်များမှ ထုတ်ယူရန်အတွက် အသုံးပြုသွားမည်ဖြစ်ပြီး ဧရိယာ၏(၁၀)ရာခိုင်နှုန်းကို အစားအသောက် ထုတ်လုပ်ရန်အတွက် အသုံးပြုသွားမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ဒုသမ္မတရုံး၊ ဥပဒေပြုလွှတ်တော်ရုံး အဆောက်အအုံ၊ တရားစီရင်ရေးရုံး အဆောက်အအုံနှင့် Pancasila ရေကန်ဘေးရှိ အများပြည်သူဝတ်ပြု ဆုတောင်းနိုင်မည့် အဆောက်အအုံအတွက် ဒီဇိုင်း ပြိုင်ပွဲကို ထပ်မံကျင်းပခဲ့ကြောင်းသိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အင်ဒိုနီးရှား အစိုးရသည် နိုင်ငံတစ်ဝန်းမှ အလုပ်သမား(၁)သိန်း ကို နူဆန်တာရာမြို့တည်ဆောက်မည့်နေရာသို့ စေလွှတ်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း ဒေသခံအ လုပ်သမားများ လုံလောက်စွာပါဝင်ခြင်းမရှိသည့်အတွက် အဆိုပါဆုံးဖြတ်ချက်အပေါ် ပြစ်တင်ဝေဖန်မှု များ ထွက်ပေါ်လာခဲ့ကြောင်းသိရသည်။ အဆိုပါ ပြစ်တင်ဝေဖန်မှုများကို တုံ့ပြန်သည့်အနေဖြင့် သမ္မတဂျိုကိုဝီဒိုဒိုသည် နူဆန်တာရာမြို့တော် တည်ဆောက်မည့်နေရာတွင် ဒေသခံအလုပ်သမားများ ပါဝင်ကြောင်းသေချာစေရန်အတွက် အလုပ်သမားအင်အားကို (၁၅၀ဝဝဝ)မှ (၂)သိန်းကြားထိ တိုးမြှင့်ရန် နူဆန်တာရာမြို့ အာဏာပိုင်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။ သို့သော်လည်း ကိုဗစ်(၁၉)ကပ် ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပြီးဆုံးခင်အချိန် ၂၀၂၂ ခုနှစ် မတ်လအထိ ဆောက်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်းလည်းသိရသည်။ ထို့ပြင် ငွေကြေး မလုံလောက်မှုများကြောင့် ၂၀၂၂ခုနှစ် မတ်လ တွင် ဂျပန် SoftBank Group ကုမ္ပဏီသည် အဆိုပါ စီမံကိန်းမှ နုတ်ထွက်ခဲ့ကြောင်းသိရသည်။ အင်ဒိုနီးရှားအစိုးရသည် အဆိုပါစီမံကိန်း ရန်ပုံငွေ၏ (၁၉ဒသမ၂)ရာခိုင်နှုန်းကိုသာ ထောက်ပံ့ ပေးမည်ဖြစ်ပြီး အခြားရန်ပုံငွေများမှာ ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများထံမှ ရရှိရန်စီစဉ်ထား ခြင်းဖြစ်ကြောင်းသိရသည်။ တောင်ကုန်းရှုခင်းပါဝင်သော နူဆန်တာရာမြို့သည် ကမ္ဘာပေါ်တွင် တတိယ မြောက် အကြီးဆုံးကျွန်းတစ်ခုဖြစ်သော ဘော်နီယိုကျွန်းအရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိမည် ဖြစ်သည်။အဆိုပါမြို့တော်သည် အရှေ့ကာလီမန်တန်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး အရှေ့ ဘက်တွင် Makassar ရေလက်ကြားနှင့် တောင်ဘက်တွင် Balikpapan ပင်လယ်အော်အထိရှည်သော ကမ်းရိုးတန်းလည်း ပါရှိမည်ဖြစ်သည်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂေါတမဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗနီ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားပြု ဗုဒ္ဓကျောင်းတော် ဆောက်လုပ်လှူဒါန်းရန် ရှိတ်ဟာစီနာ စီစဉ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved